#UnderstandingOTDRs
အပိုင်း (၄-၅)
OTDR Specifications
Wavelength
Connector Type
External Interfaces
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
WAVELENGTH
Optical fiber ကို ပုံမှန်အားဖြင့် wavelength bands သုံးမျိုးနဲ့ပဲ အသုံးပြုစမ်းသပ်ကြပါတယ် ၊ 850 nm, 1300 nm နဲ့ 1550 nm တွေပေါ့။ Multimode fiber က 850 nm နဲ့ 1300 nm bands တွေမှာ အလုပ်လုပ်ပါတယ်။ Singlemode fiber တွေက 1300 nm နဲ့ 1550 nm bands တွေမှာပဲ အလုပ်လုပ်ပါတယ်။
OTDR ရဲ့ measuring wavelength ကို ၄င်းရဲ့ သတ်မှတ်လိုင်းအကျယ် (linewidth) ရှိတဲ့ central wavelength အဖြစ်သတ်မှတ်ကြပါတယ်။ Linewidth ဆိုတာက laser source ရဲ့ central wavelength ပတ်လည်မှာ wavelength ပျံ့နှံ့ခြင်းပဲဖြစ်ပါတယ်။ ဥပမာ။ ။ 1300 nm central wavelength နဲ့ 20 nm linewidth ရှိတဲ့ laser တစ်ခုမှာ 1290 nm (1300-10) ကနေ 1310 nm (1300+10) အထိ wavelengths များပါဝင်ပါလိမ့်မယ်။ Linewidth ကျဉ်းတဲ့ laser တွေက linewidth ကျယ်တဲ့ laser တွေထက် ဈေးပိုကြီးပါတယ်။ Central wavelength တွေကို ပုံမှန်အားဖြင့် သတ်မှတ်အလျော့အတင်း တစ်ခုအတွင်းရှိတယ်လို့လည်း သတ်မှတ်ပါတယ် (ဥပမာ။ ။+/- 30 nm)။ “1310 nm +/- 30nm, linewidth 20nm” specification တစ်ခုအတွက် central wavelength က 1280nm နဲ့ 1340nm အတွင်းနေရာတိုင်းမှာရှိနိုင်ပါတယ် ပြီးတော့ wavelength ပျံ့နှံ့မှုတွေက 1270nm ကနေ 1350nm အတွင်းနေရာတိုင်းမှာရှိနိုင်ပါတယ်။
Fiber ထဲက loss က wavelength နဲ့သက်ဆိုင်တယ်။ Fiber ကို operate လုပ်မယ့် wavelength နဲ့ test လုပ်ဖို့က အရေးကြီးပါတယ်။ Optical transmitter (laser and LED) တွေကို ပုံမှန်အားဖြင့် ၄င်းတို့ရဲ့ wavelength band အလိုက်သတ်မှတ်ကြပါတယ် ဆိုလိုတာက 850, 1300 or 1550 ပေါ့။ ၄င်းတို့ရဲ့ သတ်မှတ် central wavelength နဲ့ linewidth ကိုရှင်းရှင်းလင်းလင်း list လုပ်လေ့မရှိကြပါဘူး။ အချို့ကိစ္စရပ်တွေမှာ wavelength band တစ်ခုရဲ့ end တစ်ဖက် (ဥပမာ 1320 nm) မှာ attenuation test တစ်ခုလုပ်မယ် ပြီးတော့ system ကို၎င်း band ရဲ့ အခြား end တစ်ဖက် (ဥပမာ 1280 nm) မှာ operate လုပ်မယ်ဆိုရင် test signal ကို operating signal ထက် အနည်းငယ်မတူညီတဲ့ ပမာဏနဲ့ attenuate လုပ်ပါလိမ့်မယ်။ Fiber လမ်းကြောင်းအရှည်တွေ (မိုင် ၅၀ကျော်) မှာဆိုရင် ၄င်းက system ရဲ့ receive end ဘက်မှာ မမျှော်လင့်တဲ့ ပြဿနာတွေဆီကို ဦးတည်သွားနိုင်ပါတယ်။
အရှင်းဆုံး wavelength-dependent loss ကို fiber တစ်ခုကို မတူညီတဲ့ wavelength နှစ်ခုနဲ့ တိုင်းထားတဲ့ trace နှစ်ခုကို နှိုင်းယှဉ်တဲ့အခါမှာ မြင်နိုင်ပါတယ်။ Wavelength နှစ်ခုထဲက ပိုရှည်တဲ့ကောင်က တိုတဲ့ကောင်ထက် overall loss ကိုပိုနည်းပြီး ညွှန်ပြပါလိမ့်မယ် ဘာလို့လဲဆိုတော့ ၄င်းက (wavelength ရှည်တာက) lower scattering loss ကိုဖြစ်စေလို့ပါ။ ၄င်းက trace ကို တိမ်တဲ့/နိမ့်တဲ့ slope တစ်ခုအဖြစ်ဖော်ပြပါတယ် (lower loss per unit of length _ dB/Km)။ သို့သော်လည်း ရှည်သော wavelength က bending ကြောင့် fiber ရဲ့ အပြင်ဘက်သို့ (အလင်းကို) ပိုပြီးလွယ်ကူစွာ ပေါက်ထွက်နိုင်ချေရှိပါတယ်။ Wavelength နှစ်ခုနဲ့တိုင်းထားတဲ့ trace နှစ်ခုကို ယှဉ်ခြင်းအားဖြင့် fiber တစ်ချောင်းဟာ bending ကြောင့် ဒဏ်ဖြစ်နေသလားဆိုတာကို လွယ်ကူစွာ ဆုံးဖြတ်နိုင်ပါတယ်။ ကြီးမားတဲ့ bending က splice storage tray တွေထဲမှာ၊ splice closure တွေထဲမှာ၊ cable route တစ်လျှောက်က bend တွေမှာနဲ့ end connector တွေမှာ ဖြစ်ပွါးလေ့ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ ပုံကတော့ wavelength နှစ်ခုမှာ မြင်နိုင်တဲ့ မတူညီမှုတွေကို ဖော်ပြထားပါတယ်။
Figure - 10
Connector Type
Fiber ကို source or sensor တစ်ခုနဲ့ ချိတ်ဆက်ဖို့အတွက် conncector တစ်ခုကို fiber မှာ တွဲဆက်ရပါမယ်။ ဈေးကွက်မှာ ရရှိနိုင်တဲ့ connector အမျိုးအစားများစွာရှိပါတယ် ဒါပေမယ့် အသုံးအများဆုံး အမျိုးအစားများကတော့ BiconicTM , SMA နဲ့ D4 with LC တို့ပဲဖြစ်ပါတယ်။ Fiber တွေမှာ ၄င်းနဲ့ချိတ်ဆက် ထားတဲ့ male connector တွေအမြဲတမ်းရှိကြပါတယ်။ Test equipment နဲ့ transmission equipment တွေမှာတော့ female connector (ဒါမှမဟုတ် male connector နှစ်ခုကိုတွဲဆက်နိုင်တဲ့ female-female “bulkhead” connector) တွေ အမြဲရှိကြပါတယ်။
ထည့်သွင်းစဉ်းစားရမယ့် connector လက္ခဏာတွေထဲက အချို့ကတော့ connector ရဲ့ reflectance (အလင်းပြန်မှု) ၊ ထပ်တလဲလဲသုံးနိုင်မှု၊ connection ရဲ့တည်မြဲမှု၊ physical size (အလျားက အရေးပါလေ့ရှိတယ်) နဲ့ material composition တို့ပဲဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့အတွက် design ဆွဲထားတဲ့ connector တွေဟာ reflectance value နည်းပါးပါလိမ့်မယ်။ Keyed connector (tab & slot ဖွဲ့စည်းပုံနဲ့) တွေကို လမ်းကြောင်းတစ်ခုတည်းပဲ ချိတ်ဆက်နိုင်မယ် ဒါ့ကြောင့်လည်း nonkeyed connector တွေထက် ပိုပြီးတော့ ထပ်တလဲလဲသုံးနိုင်ပါတယ်။ Connector တစ်ခုကို သင့်တင့်အောင် ချိတ်ဆက်တဲ့အခါ ၄င်းထဲကိုဖြတ်သန်းတဲ့ အလင်းပမာဏကို ပြောင်းလဲသွားနိုင်လောက်အောင် ၄င်းအနေနဲ့ အလွယ်တကူ မလည်နိုင်အောင် သို့မဟုတ် မရွေ့နိုင်အောင် ဖြစ်သင့်ပါတယ်။ Connector တစ်ခုရဲ့ အရှည်က ၄င်းအနေနဲ့ patch panel နဲ့ transmission equipment မှ ဘယ်လောက် ပြူထွတ်နေမလဲဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။ Metallic connector တွေက plastic connector တွေထက် ပိုပြီးတော့ ရှည်ကြာနိုင်မယ် ပြီးတော့ ပိုပြီး stable ဖြစ်မယ်။ FC/PC style connector တစ်စုက အလွန်ကောင်းမွန်တဲ့ လက္ခဏာတွေရှိတယ် ပြီးတော့ singlemode နဲ့ multimode အသုံးပြုမှုအတွက် အကောင်းဆုံးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ST-style connector ကလည်း အလွန်ကောင်းပါတယ် ပြီးတော့ အခုချိန်မှာ system များစွာက standard connector တွေထဲက တစ်ခုဖြစ်လာပါတယ်။ SC style ကတော့ push-pull type (တွန်း-ဆွဲ ပုံစံ) ဖြစ်ပြီး high fiber density application တွေမှာအသုံးများပါတယ်။
Fiber ပေါ်က connector တွေက အမျိုးအစား မတူရင်တောင်မှ OTDR ပေါ်က actual connector ကတော့ ကောင်းမွန်တဲ့တစ်ခုဖြစ်သင့်ပါတယ်။ သင့်အနေနဲ့ OTDR နဲ့ သင့်ရဲ့ fiber ကို patchcord or “jumper” (အဆုံးနှစ်ဖက်မှာ connector တစ်ခုစီရှိတဲ့ single-fiber cable အတိုတစ်ချောင်း)နဲ့ အမြဲနီးပါး ဆက်သွယ်ရပါလိမ့်မယ်။ (နောက်လာမယ့် Configuring an OTDR အပိုင်းမှာကြည့်ပါ)
External Interfaces
OTDR အများစုက test setup file နဲ့ result data တွေကို transfer လုပ်ဖို့အတွက် USB thumb drives နဲ့ personal computer လိုမျိုး external device တွေနဲ့ ချိတ်ဆက်နိုင်အောင် ပြုလုပ်ထားပါတယ်။
No comments:
Post a Comment