#UnderstandingOTDRs
အပိုင်း (၄-၁)
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
OTDR Specifications
Dynamic Range
Dead Zone
Resolution
Loss Accuracy
Distance Accuracy
Index of Refraction
Wavelength
Connector Type
External Interfaces
(မှတ်ချက်။ ။ Resolution မှစ၍ ကျန်အကြောင်းအရာများကို နောက်အပိုင်းမှ ထပ်မံဖော်ပြပါမည်။)
OTDR Specifications
DYANMIC RANGE
OTDR တစ်ခုရဲ့ dynamic range က fiber ဘယ်လောက်အရှည်ကိုတိုင်းတာနိုင်လဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ dB တန်ဖိုးနဲ့ဖော်ပြပေးပြီး တန်ဖိုးကြီးလေ အကွာအဝေးများများကို တိုင်းတာနိုင်လေပါပဲ။ တိုင်းတာမယ့် pulse တစ်ခုက တိုင်းတာမယ့် fiber အဆုံးထိရောင်အောင် အားပြင်းဖို့လိုပြီး sensor ကလည်း ရှည်လျားတဲ့ fiber ရဲ့အဆုံးကနေ ပြန်လာတဲ့ အားအနည်းဆုံး backscatter signal တွေကိုလည်း တိုင်းတာနိုင်လောက်အောင် ကောင်းနေဖို့လိုပါတယ်။ Laser source ရဲ့ total pulse power နဲ့ sensor ရဲ့ sensitivity (အာရုံခံနိုင်စွမ်း) တို့ရဲ့ ပေါင်းစပ်မှုက dynamic range ကိုအဆုံးအဖြတ်ပေးပါတယ်။ အလွန်အားပြင်းတဲ့ source တစ်ခုနဲ့ အာရုံခံအားကောင်းတဲ့ sensor တို့က ကြီးမားတဲ့ dynamic range ကိုပေးပါတယ်။ အားနည်းတဲ့ source တစ်ခုနဲ့ ပုံမှန် sensor တစ်ခုက သေးငယ်တဲ့ dynamic range ကိုပေးပါတယ်။ OTDR တစ်ခုအတွက် fiber ရဲ့ အနီးဆုံးအဆုံးက backscatter level နဲ့ fiber ရဲ့ အဆုံး (သို့) အဆုံးကျော်ကျော်က noise floor ရဲ့ upper level ကြား ခြားနားမှုကို dynamic range လို့သတ်မှတ်ပါတယ်။ လုံလောက်တဲ့ dynamic range တစ်ခုက fiber ရဲ့ အဝေးဆုံးအဆုံးက backscatter level ကို ကြည်လင်ပြတ်သားစွာဖော်ပြပေးပါတယ်။ မလုံလောက်တဲ့ dynamic range က အဆုံးတစ်ဖက်မှာ trace ကိုပါ noise ဖြစ်စေပါတယ်။ (Trace backscatter level ကိုဖော်ပြတဲ့ data points တွေက ချောမွေ့(smooth) တဲ့ မျဉ်းကြောင်းတစ်ခုအဖြစ် မဖွဲ့စည်းတဲ့အပြင် တစ်ခုနဲ့တစ်ခုက အတက်အဆင်း (up and down) တွေဖြစ်နေလိမ့်မယ်။) Noisy trace တစ်ခုကို အသေးစိတ်အချက်အလက်တွေ ခွဲခြားဖို့ အလွန်ခက်ခဲပါတယ်။(Data points ပြောင်းလဲမှုတွေက splice loss တန်ဖိုးထက်တောင်ပိုများနိုင်ပါတယ်။)
Figure - 6
Laser source တစ်ခုရဲ့ total pulse output power တိုးမြှင့်ခြင်းကို နည်းလမ်း နှစ်မျိုးနဲ့ပြီးမြောက်အောင်လုပ်နိုင်ပါတယ်။
• ထုတ်လွှတ်တဲ့အလင်းရဲ့ပမာဏကို တိုးမြှင့်ခြင်း
• Pulse duration (Pulse width) ကိုတိုးမြှင့်ခြင်း
ဒီနည်းလမ်းနှစ်ခုလုံးက ကန့်သတ်ချက်တွေရှိကြတယ်။
Laser diode တစ်ခုက ပင်ကိုယ်မြင့်မားတဲ့ output level တစ်ခုရှိပြီး ၄င်းထက်ကျော်လွန်လို့မရပါဘူး။ Output level များလေ ပစ္စည်းရဲ့သက်တမ်းတိုလေပါပဲ။ (Laser မြန်မြန်လောင်ကျွမ်းသွားနိုင်ပါတယ်။)
Pulse width ကိုတိုးလိုက်တဲ့အခါ dead zone ကဲ့သို့သောအခြားလုပ်ဆောင်ချက်တွေကိုပါ သက်ရောက်စေပါတယ်။ Pulse width ရှည်လေ dead zone ကျယ်လေပါပဲ။
Sensor တွေက low light level ကိုတိုင်းဖို့အတွက် သူတို့စွမ်းဆောင်ရည်မှာ ပင်ကိုယ်ကန့်သတ်ချက်တွေရှိတယ်။ အချို့ point တွေမှာ sensor ကထုတ်လွှတ်တဲ့ electrical level (sensor က တွေ့ရှိထားတဲ့ optical power level နဲ့သက်ဆိုင်) တွေက circuit ပတ်လမ်းထဲမှာ electrical noise အဖြစ်ဆုံးရှုံးမှုတွေဖြစ်စေပြီး controller က noise နဲ့ sensor တိုင်းတာမှုကြား ခွဲခြားမမြင်နိုင်ဘူး။ OTDR ထဲက လျှပ်စစ်အကာအကွယ်တွေက ၄င်းကိရိယာထဲရှိ electrical noise တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချဖို့အတွက် အရမ်းအရေးပါတယ်။ ဒါ့အပြင် sensor က ၄င်းရဲ့ အမြင့်ဆုံးအာရုံခံမှုနဲ့ လည်ပတ်နေတဲ့အခါ level တိကျမှုတွေက လျော့နည်းလာပါတယ်။ Lower light level မှာ ပိုပြီးတိကျစေရန် ထောင်ပေါင်းများစွာသော pulse တွေရဲ့တိုင်းတာမှုတွေကို ပေါင်းစပ်ဖို့ OTDR က averaging နည်းပညာကို အသုံးပြုရပါတယ်။ Averaging ကိုအသုံးပြုမှုက sensor ရဲ့အာရုံခံမှု(sensitivity) ကိုတိုးတက်စေတဲ့အတွက် OTDR ရဲ့ dynamic range ကိုလည်းတိုးစေပါတယ်။
Dynamic range ကိုတွက်ချက်ဖို့အတွက်နည်းလမ်းများစွာရှိပါတယ်။ အထက်မှာ ဖော်ပြ ထားတဲ့ “ 98% Noise Level” နည်းလမ်းကို စံပြအဖွဲ့အစည်းများစွာက ထောက်ခံအသိ အမှတ်ပြုထားပါတယ်။ ၄င်းက ကိရိယာထဲက noise level နဲ့ backscatter level တို့ စတင်ရောနှောတဲ့ အမှတ်နေရာကိုဖော်ပြပါတယ်။ အခြားအသုံးများတဲ့နည်းလမ်းတစ်ခုကတော့ “SNR=1” (Signal-To-Noise-Ratio) ဖြစ်ပြီး 98% နည်းလမ်းနဲ့ အသွင်တူပါတယ်။ ဒါပေမယ့် Dynamic Range value ကို 2dB ပမာဏလောက်ပိုထုတ်ပေးပါတယ်။ SNR=1 နည်းလမ်းက trace ရဲ့ backscatter level က ကိရိယာ ရဲ့ internal noise level ထက်ပိုနိမ့်ကျသွားတဲ့အမှတ်ကို ညွှန်ပြပေးပါတယ်။ ဆိုလိုတာက fiber ရဲ့အဆုံး traceမှာ အသေးစိတ်အချက်အလက်တွေကို ပြတ်ပြတ်သားသား မခွဲခြားနိုင်ပါဘူး။ တတိယနည်းလမ်းကတော့ “Fresnel Detection” ဖြစ်ပြီး ၄င်းက dynamic range တန်ဖိုး 10dB နဲ့အထက်ကိုပိုတိုးနိုင်ပါတယ်။ Fiber ရဲ့အဆုံးက Fresnel reflection ရဲ့အမြင့်ဆုံးအမှတ်ကို noise level ရဲ့အထက်နားမှာတွေ့နိုင်တဲ့ အမှတ်ကို Fresnel Detection က တိုင်းတာပါတယ်။ ဒီနည်းလမ်းက အမြင့်ဆုံးတန်ဖိုးတွေကို ထုတ်လုပ်ပေးသော်လည်းပဲ OTDR ကိုပုံမှန်အသုံးပြုပုံနဲ့မသက်ဆိုင်တဲ့အတွက် အမြင်မှားစေနိုင်ပါတယ်။
DEAD ZONE
Fresnel reflection နောက်ကလိုက်တဲ့ fiber trace ပေါ်ကနေရာလေးကို Dead zone လို့ခေါ်ပါတယ် အဲ့နေရာမှာ Reflection level များတဲ့ Fresnel Reflection က backscatter level နည်းနည်းကို ဖုံးအုပ်သွားပါတယ်။
OTDR ရဲ့ sensor ကို fiber မှပြန်လာတဲ့အလွန်နည်းပါးတဲ့ backscatter level ကိုပါ တိုင်းတာနိုင်အောင် ထုတ်လုပ်ထားပြီး များပြားလှတဲ့ Fresnel reflection က ၄င်းကိုရိုက်ခတ်တဲ့အခါ ၄င်းက blind (အာရုံခံမရ) ဖြစ်သွားပါတယ်။ အနည်းဆုံး အဲဒီ blind ဖြစ်တဲ့ကာလက pulse duration နဲ့ထပ်တူကြာပါတယ်။ Sensor က high level reflection ကိုရရှိတဲ့အခါ ၄င်းက saturated ဖြစ်သွားပြီး reflective enent တစ်ခုနောက်က ကပ်လိုက်လာနိုင်တဲ့ lower backscatter level ကို မတိုင်းတာနိုင်ပါဘူး။ Dead Zone မှာ sensor ရဲ့ အကောင်းဆုံးအခြေအနေ (maximum sensitivity) ကိုပြန်ချိန်ညှိဖို့အတွက် duration of reflection နဲ့ recovery time ပါပါဝင်သည်။ အရည်အသွေးမြင့်မားတဲ့ sensor တွေက ဈေးပေါတဲ့ sensor တွေထက် recover လုပ်ချိန်ပိုမြန်ပြီးတော့ ၄င်းက dead zone ကိုပိုတိုစေပါတယ်။
Dead zone သက်ရောက်မှုကို ကြယ်ရောင်တောက်တဲ့ညကို ကြည့်နေရသလို ယူဆပြီး ဖော်ပြ နိုင်ပါတယ် (အနားမှာ တခြားအလင်းရောင်တွေမရှိတဲ့အခြေအနေ) ။ မင်းမျက်လုံးက အာရုံခံနိုင်လာပြီး တော့ ကြယ်ကနေလွှတ်တဲ့ အလင်းရောင်ဖျော့ဖျော့လေး (backscatter ဖြစ်စဉ်လိုမျိုး) ကို မြင်နိုင်ပါ တယ် ။ တစ်စုံတစ်ယောက်က မင်းမျက်လုံးကို ဓါတ်မီးနဲ့ထိုးလိုက်ရင် စူးရှတဲ့အလင်းရောင် (Fresnel reflection လိုမျိုး) က မင်းမျက်လုံးကို (blindness) ကွယ်စေပြီး ကြယ်တွေကိုမမြင်နိုင်ဖြစ်စေပါတယ်။ အလင်းရောင်စူးစူးက မင်းမျက်လုံးထဲရှိနေသ၍ မင်းဘာကိုမှမြင်နိုင်မှာမဟုတ်ပါဘူး (Pulse duration) ။ အလင်းကိုဖယ်လိုက်တဲ့အခါ မင်းမျက်လုံးက အမှောင်ကိုတဖြည်းဖြည်း ပြန်လည်ချိန်ညှိပြီး ပိုပြီးတော့ အာရုံခံနိုင်လာကာ အလင်းအားနည်းတဲ့ ကြယ်တွေကိုပြန်ပြီးတော့ မြင်နိုင်လာပါတယ်။ OTDR က ဒီဥပမာထဲက ကျွန်တော်တို့မျက်လုံးလို အလွန်ဆင်တူုစွာ လုပ်ဆောင်ပါတယ်။ Blindness နဲ့ backscatter sensitivity ကိုအာရုံခံတဲ့ကာလကို dead zone လို့ခေါ်ပါတယ်။
Dead zone က pulse width နဲ့တိုက်ရိုက်သက်ဆိုင်တဲ့အတွက် pulse width ကိုနည်းလိုက်ခြင်းဖြင့် ၄င်းကိုလျှော့ချနိုင်သည်။ ဒါပေမယ့် pulse width ကိုနည်းလိုက်တာက dynamic range ကိုလည်းလျော့ကျစေပါတယ်။ OTDR design တစ်ခုက ဒီအချက်နှစ်ခုကြား ညှိနှိုင်းမှုတစ်ခုလုပ်ရပါမယ်။ အဲလိုမှမဟုတ်ရင် OTDR အသုံးပြုသူက နီးနီးကပ်ကပ်ရှိနေတဲ့ events တွေကိုမြင်ရဖို့ ပိုအရေးကြီးလား ဒါမှမဟုတ် fiber ကိုအဆုံးထိမြင်ရဖို့ကပိုအရေးကြီးသလား ဆိုတာပေါ်မူတည်ပြီးတော့ pulse width ကိုရွေးချယ်ပေးရပါမယ်။ အကောင်းဆုံး design က dynamic range များများနဲ့ pulse width တိုတိုကို ပေးပါတယ်။ Dynamic range per pulse width က ဘယ်လောက်အကွာအဝေးမှာ နီးနီးကပ်ကပ်ရှိနေတဲ့ events နှစ်ခုကို ကိုယ်ခွဲခြားနိုင်လည်းဆိုတာ ကိုဆုံးဖြတ်ပေးပါတယ်။ Pulse width နဲ့ averaing time (real time နဲ့ဖြစ်ဖြစ်) အတူတူထားပြီး တိုင်းလိုက်တဲ့ trace နှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ OTDR နှစ်ခုကြား ရွေးခြယ်မှုကောင်းကောင်းပြုလုပ် နိုင်ပါတယ်။ Trace ကြည့်ရာမှာ cleaner ဖြစ်တဲ့ (noise မများတဲ့) ပစ္စည်းက desing ပိုကောင်းပါတယ်။
Importance of Dead Zone
Dead zone က fiber connector နဲ့ အချို့ပြစ်ချက် (အက်ကြောင်း ကဲ့သို့သော) ရှိတဲ့နေရာတိုင်းမှာ ဖြစ်ပါတယ်။ Fiber တိုင်းမှာ အနည်းဆုံး dead zone တစ်ခုရှိပါတယ် (OTDR နဲ့ဆက်သွယ်ထား သောနေရာ)။ အဲ့ဒါ ဘာကိုဆိုလိုတာလဲဆိုတော့ တိုင်းတာမယ့် fiber ရဲ့အစကနေပြီးတော့ တိုင်းတာ လို့မရနိုင်တဲ့ နေရာလွတ်တစ်ခုရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီနေရာလွတ်က Laser source ရဲ့ pulse width နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ OTDR မှာ ပုံမှန် pulse width က 3ns (nanoseconds) ကနေ 20 000 ns အထိရှိပါတယ်။ အကွာအဝေးအနေနဲ့ဆို 2 feet (0.6 meters) ကနေ 1 mile ကျော်လောက်အထိ ရှည်ပါတယ်။ တကယ်လို့ မင်းအနေနဲ့ fiber တိုတိုလေး ကို တိုင်းရမယ် ဒါမှမဟုတ် နီးနီးကပ်ကပ်ရှိနေတဲ့ splice နှစ်ခု (ပေ ၁၀၀ အောက်) ကို တိုင်းဖို့လိုလာပြီဆို မင်းတိုင်းတာချင်တဲ့ point အထိရောက်အောင် ရနိုင်သမျှအတိုဆုံး pulse width ကို ရွေးချယ်ဖို့လို ပါတယ်။
Dead zone တွေကို event dead zone နဲ့ attenuation dead zone ဆိုပြီး ခွဲခြားထားပါတယ်။ Event dead zone ဆိုတာက Fresnel reflection တစ်ခုအပြီး နောက်ထပ် Fresnel reflection တစ်ခုကို အာရုံမခံနိုင်ခင် အကွာအဝေးကို ခေါ်ပါတယ်။ အဲဒါက reflection တစ်ခုပြီးနောက် (များသောအားဖြင့် OTDR ကိုတပ်တဲ့ conntector မှ) ဘယ်လောက်ကြာကြာမှာ ပြတ်နေတဲ့ ဒါမှမဟုတ် splice တစ်ခုမှ နောက်ထပ် reflection တစ်ခုကို အာရုံခံနိုင်တယ် ဆိုတာကို ပြောပါတယ်။ နီးနီးကပ်ကပ် ရှိနေတဲ့ မတူညီသော splice နှစ်ခု (ကြိုးပြတ်လို့ ပြန်ဆက်ထားတဲ့ အခြေအနေမျိုး) ကို ခွဲခြားဖို့ရာ မင်းကြိုးစားနေရင် အဲ့ဒါက အလွန်အရေးကြီးပါတယ်။ တိုတောင်းတဲ့ event dead zone ဆိုတာက ပထမ splice တစ်ခုအပြီး ဒုတိယ splice တစ်ခုကို မြင်နိုင်တာကို ဆိုလိုပါတယ်။
Figure - 7
Attenuation dead zone ဆိုတာက Fresnel reflection တစ်ခုအပြီး backscatter level ကို အာရုံခံနိုင်တဲ့အထိ အကွာအဝေးကို ခေါ်တာဖြစ်ပါတယ်။ ဒါက reflection တစ်ခုအပြီး ဘယ်လောက်အကြာမှာ ဒုတိယ event တစ်ခု (splice ဒါမှမဟုတ် fiber ပြစ်ချက်) ကို တိုင်းနိုင် မလဲဆိုတာကို ပြောပါတယ်။ Fiber ကို loss တိုင်းတာမှု ပြုလုပ်ဖို့အတွက် splice တစ်ခုရဲ့ နှစ်ဖက်စလုံးက backscatter ကို မြင်နိုင်ရပါမယ်။ ဆိုလိုတာက trace က reflection ရဲ့ ထိပ်ဆုံးအမှတ်ကနေ backscatter level အထိ ဆင်းကျလာရပါမယ်။ Detector (အာရုံခံပစ္စည်း) က backscatter level အထိ full recovery ပြန်လုပ်ရမယ့်အတွက် attenuation dead zone က event dead zone ထက် အမြဲတမ်း ပိုရှည်ပါတယ်။
Figure - 8
No comments:
Post a Comment