Featured Post

FiberOpticsBasics

#FiberOpticsBasics (www.transition.com မှ ရှာဖွေဘာသာပြန်သည်) #BaJinn Introduction    Fiber optic technology ဆိုတာက data တွေကို transmi...

Wednesday, February 7, 2018

#UnderstandingOTDRs အပိုင်း (၃)

#UnderstandingOTDRs
အပိုင်း (၃)
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)

OTDR Block Diagram
Laser Light Source
Coupler/Splitter
Optical Sensor Section
Controller Section
Display Section

OTDR Block Diagram

OTDR မှာ Laser light source, optical sensor, coupler/splitter, display section နဲ့ controller section တို့ပါဝင်ပါတယ်။

 Figure - 4

Laser Light Source

Laser diode ကို controller ကနေအမိန့်ပေးပြီး အလင်လှိုင်း(light pulse) ကိုထုတ်လွှတ်ပေးတယ်။ တိုင်းတာမယ့်အခြေအနေပေါ်မူတည်ပြီးတော့ လှိုင်းရဲ့ကြာချိန် (duration of pulse or Pulse Width)ကို ရွေးချယ်နိုင်သည်။ အလင်းက coupler/splitter ကို ဖြတ်သန်းပြီးတော့ တိုင်းတာမယ့် fiber ထဲကိုဝင်ရောက်သွားပါတယ်။ အချို့ OTDR တွေက fiber တိုင်းဖို့ရာ မတူညီတဲ့ wavelength နှစ်ခုနဲ့ laser နှစ်ခုပါဝင်ပါတယ်။ တစ်ကြိမ်ကို laser တစ်ခုပဲ သုံးနိုင်ပါတယ်။(ပြိုင်တူသုံး၍ မရပါ။) ၄င်းနှစ်ခုကို ခလုတ်တစ်ခုနှိပ်ရုံနဲ့ ပြောင်းနိုင်ပါတယ်။

Coupler/Splitter

Coupler/splitter မှာ laser source အတွက်၊ တိုင်းမယ့် fiber အတွက်နဲ့ sensorအတွက် အပေါက်(port) သုံးခုပါဝင်ပါတယ်။ ၄င်းက အလင်းကို သတ်မှတ်ထားတဲ့ လားရာဆီသို့သာ သွားစေပါတယ်။ (laser source မှ တိုင်းမယ့် fiber ၊ တိုင်းမယ့် fiber မှ sensor) ။ အလင်းကို laser source မှ sensor သို့တိုက်ရိုက်သွားခွင့်မပြုပါဘူး။ ထို့ကြောင့် အလင်းလှိုင်းက laser source မှ fiber ထဲသို့သွားပြီး backscatter နဲ့ Fresnel reflections (အလင်းပြန်) တွေကိုသာ sensor ဆီသို့သွားစေပါတယ်။

Optical Sensor section

 Sensor က photodetector တစ်ခုပါပဲ။ ၄င်းက fiber ထဲကနေ ပြန်ဝင်လာတဲ့ အလင်းပမာဏ(power level of light)ကို တိုင်းတာပေးပါတယ်။ ၄င်းက အလင်းရဲ့ optical power ကို သက်ဆိုင်ရာ electrical power အဖြစ် ပြောင်းလဲပေးပါတယ်။ အလင်းများလေ လျှပ်စစ်ပမာဏများများထုတ်လေပါပဲ။ OTDR sensor ကို အလွန်နည်းပါးတဲ့ backscatter light တွေကိုပါ တိုင်းတာနိုင်အောင် ထုတ်လုပ်ထားပါတယ်။ Sensor ပိုင်းမှာ electrical signal level ကိုပိုပြီးများများထုတ်နိုင်ဖို့ electrical amplifier လည်းပါဝင်ပါတယ်။
Fresnel reflection ရဲ့ ပမာဏကို backscatter ထက် အဆ ၄၀၀၀၀ လောက်အထိ မြှင့်နိုင်ပြီး sensor ကတိုင်းတာနိုင်တဲ့ ပမာဏထက်တောင် ပိုနိုင်ပါသေးတယ်။ Sensor ကိုဝန်ပိုခိုင်းတာက saturation ကို ဖြစ်စေပါတယ်။ Sensor ရဲ့ maximum output level မှာ electrical output level ကို clipped(တုံးတိပြတ်) စေပါတယ်။ ထို့ကြောင့် တိုင်းတာနေတဲ့လှိုင်းက  fiber ရဲ့အဆုံး(သို့)mechanical splice နေရာ ကိုရောက်တဲ့အခါတိုင်း sensor ကို အာရုံခံမရ ဖြစ်စေပါတယ်။ ထိုအာရုံခံလို့မရတဲ့ အချိန်အပိုင်းအခြားကို dead zone လို့ခေါ်ပါတယ်။ (Dead zone ကိုနောက်ပိုင်းဆက်ရှင်းပြပါမည်။)

Controller section

 Controller က OTDR ရဲ့ ဦးနှောက်ပါပဲ။ ၄င်းက laser ကိုဘယ်အချိန် အလင်းလွှတ်ရမယ်ဆိုတာကို စေခိုင်းတယ်၊ sensor မှ power level တွေကို ရယူတယ်၊ fiber ထဲမှ scattering နဲ့  reflection point တွေရဲ့ distance ကို တွက်ချက်ပေးတယ်၊ point တစ်ခုချင်းစီရဲ့ data တွေကို သိုလှောင်ပေးတယ်၊ ပြီးတော့ အချက်အလက်တွေကို display section ကို ပေးပို့ပေးပါတယ်။
Controller section ရဲ့ အဓိကပါဝင်ပစ္စည်းကတော့ အလွန်တိကျတဲ့ clock circuit တစ်ခုပဲဖြစ်ပါတယ်။ ၄င်းကို laser အလင်းလွှတ်တဲ့အချိန် နဲ့ ပြန်လာတဲ့အလင်းကို sensor ကအာရုံခံတဲ့အချိန်ကြား time difference (ကွာခြားချိန်) ကိုတိုင်းတာရန် အသုံးပြုသည်။အသွားအပြန် အလင်းဖြတ်သန်းတဲ့ ကြာချိန် (round-trip pulse travel time) နဲ့ fiber ထဲသွားတဲ့အလင်းရဲ့ အလျင် (speed)ကို မြှောက်ခြင်းအားဖြင့် အသွားအပြန်အကွာအဝေး(round-trip distance) ကိုတွက်ချက်နိုင်သည်။ OTDR မှ point တစ်ခုကြားအကွာအဝေးက round-trip distance ရဲ့တစ်ဝက်ပဲပေါ့။
Backscattering က fiber တစ်လျှောက်မှာဖြစ်ပျက်နေတဲ့အတွက် OTDR ထဲကို အလင်းလှိုင်းတွေက စဉ်ဆက်မပြတ် စီးဝင်နေပါတယ်။ Controller က data points တွေသိရဖို့အတွက် ပုံမှန် time interval မှာ sensor  ကတိုင်းတာတဲ့ level ကို နမူနာပြုလုပ်ပေးပါတယ်။ Data point တစ်ခုချင်းစီကို ၄င်းရဲ့sequence time (OTDR မှ ၄င်း point ထိအကွာအဝေးနဲ့ သက်ဆိုင်) နဲ့ power level အရဖော်ပြတယ်။ Original pulse က fiber ထဲကိုဖြတ်သန်းသွားစဉ်တွင် တဖြည်းဖြည်း အားနည်းသွားတဲ့အတွက် အလင်းပြန်လာတဲ့ သက်ဆိုင်ရာ backscattering level ကလည်း တဖြည်းဖြည်းအားနည်းလာပါတယ်။ ထို့ကြောင့် data point တွေရဲ့ power level တွေက အစမှအဆုံးထိ တဖြည်းဖြည်းလျော့ကျလာပါတယ်။ ဒါပေမယ့် Fresnel reflection ဖြစ်တဲ့အခါ အဲဒီအမှတ်မှာ သက်ဆိုင်ရာ data point တွေရဲ့ power level က ရုတ်တရက် maximum level အထိမြင့်တက်သွားပါတယ်။
Controller က data point အားလုံးကိုစုစည်းပြီးသွားတဲ့အခါ အချက်အလက်တွေကို display screen ပေါ်မှာ ဖော်ပြပါတယ်။ ပထမဆုံး data point ကို graph ရဲ့ ဘယ်ဘက်အစွန်ဘက်မှာ fiber ရဲ့စမှတ်အနေနဲ့ ဖော်ပြပါတယ်။ ဒေါင်လိုက် position က returned signal power level အပေါ်အခြေခံပြီး power မြင့်လေ graph မှာမြင့်လေပါပဲ။ နောက်ထပ် အစဉ်လိုက်လာတဲ့ data point တွေကို ညာဘက်သို့ အစဉ်လိုက် နေရာချသွားပါတယ်။ ရလာတဲ့ trace က ဘယ်ဘက်အမြင့်ပိုင်းမှ ညာဘက်အနိမ့် ပိုင်းသို့ လျှောစောက် (slope) ဆင်းသွားပါတယ်။ ၄င်း slope line က loss per unit distance (dB/km) တန်ဖိုးများကို ဖော်ပြပါတယ်။ Slope ကမတ်စောက်လေ dB/km တန်ဖိုးကများလေပါပဲ။ Backscattering level နှင့်ဆိုင်တဲ့ data point တွေက ၄င်း slope line ကိုဖြစ်စေပါတယ်။ Fresnel Reflection က backscatter level ကနေမြင့်တက်လာတဲ့ spike (အချွန်အတက်)နဲ့ တူပါတယ်။  Backscatter level ရုတ်တရက်မြင့်တက်လာမှုက Point loss ကိုဖော်ပြပြီး ၄င်းက fusion splice ဒါမှမဟုတ် fiber ထဲမှာအလင်းတွေ အပြင်ကိုပေါက်ထွက်နေတဲ့ stress point ကိုဖော်ပြပါတယ်။

Figure - 5

DISPLAY SECTION

    Display Section ဆိုတာက CRT or LCD screen တစ်ခုပဲဖြစ်ပြီး ၄င်းက fiber trace တွေကိုဖန်တီးပေးတဲ့ data point တွေကို ဖော်ပြပေးပြီး OTDR set-up အခြေအနေနဲ့ တိုင်းတာမှုတွေကိုပါ ပြသပေးပါတယ်။ OTDR display အများစုက  data point တွေကို မျဉ်းတစ်ကြောင်းနဲ့ဆက်သွယ်ပေးပြီး trace တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန် ထောက်ပံ့ပေးထားပါတယ်။ Fiber trace ပေါ်က နှစ်သက်ရာ အမှတ်ကို ရွေးချယ်ဖို့ screen ပေါ်မှာရှိတဲ့ cursor လေးကို လက်နဲ့ရွေ့လျားနိုင်ပါတယ်။ Cursor အထိအကွာအဝေးကို screen ပေါ်မှာဖော်ပြပေးပါတယ်။ Cursor နှစ်ခုနဲ့ OTDR တွေကတော့ Cursor နှစ်ခုကြား အကွာအဝေးနဲ့ backscatter level မတူညီမှုတို့ကို  ဖော်ပြပေးပါတယ်။ 2-Point loss, dB/Km, Splice loss နဲ့ Reflectance ကဲ့သို့သော cursor နဲ့ပြုလုပ်ရသောတိုင်းတာမှုပုံစံတွေကို ရွေးချယ်နိုင်ပါတယ်။ တိုင်းတာတဲ့ရလဒ်တွေကို display ပေါ်မှာ ဖော်ပြပေးပါတယ်။




No comments:

Post a Comment