Basics of Fibre Optic အပိုင်း (၃)
Multi-mode နဲ့ Single-mode application ဆိုတာ
Multi-mode Application
Multi-mode Fibre Cable ဆိုတာ ကြိုးတစ်ချောင်းတည်းမှာ အလင်းတန်းများစွာရဲ့ မတူညီတဲ့ အလင်းရိုက်ထောင့်တွေနဲ့ Data တွေကို သယ်ဆောင်တဲ့စနစ်ပဲဖြစ်ပါတယ်။
စံသတ်မှတ်ချက်တွေအရ Multi-mode အသုံးပြုမယ့် Fibre တွေမှာ Core/Cladding diameter အချိုးဟာ 50 microns / 125 microns ၊ 62.5/125 microns တစ်ခါတစ်ရံ မှာတော့ အသုံးပြုမယ့် Mode အရေအတွက်အပေါ်မူတည်ပြီး 100/140 microns အထိရှိတတ်ပါတယ်။ (10^-6m)
Single-mode Application
Single-mode ဟာဆိုရင်တော့ Fibre လမ်းကြောင်းတစ်လျှောက် အလင်းဟာ အဖြောင့်အတိုင်းသာ Data တွေကို သယ်ဆောင်သွားခြင်းဖြစ်ပါတယ်။
Core/Cladding ratio ကတော့ 9/125 ရှိပါတယ်။
(1micron = ၁ မီတာ၏ တစ်သန်းပုံတစ်ပုံ)
နောက်ပိုင်းတွေဆက်ရှင်းတဲ့အခါလည်း အထက်ပါအတိုင်းပဲ ရှင်းသွားမှာဖြစ်လို့ ဒီနေရာမှာ တစ်ခုကြိုပြောထားလိုတာက အလင်းတန်းတွေဟာ ဒေတာတွေကို သယ်ဆောင်သွားတယ်ဆိုတာ မြင်လွယ်အောင်ရေးလိုက်တာပါ။ အမှန်ကတော့ အလင်းလှိုင်းခေါ်မလား အလင်းအမှုန်တွေပဲ ခေါ်မလား သူတို့ကို ပိတ်လိုက်ဖွင့်လိုက် ပြုလုပ်ခြင်းဖြင့် ဘယ်နှစ်ချက်ပိတ်ဘယ်နှစ်ချက်ဖွင့်ရင် ဘာကိုဆိုလိုတယ် ဆိုတဲ့သဘောပါ။
#ဥပမာ- ဖွင့်ဖွင့်ပိတ်ဖွင့်(1101) ဆိုရင် "နေကောင်းရဲ့လား" ဆိုတဲ့အဓိပ္ပါယ်ပေါ့ဗျာ။
ကြိုးစားလျက်
TunWai @ Electronics
ဆက်ရန်
No comments:
Post a Comment