Featured Post

FiberOpticsBasics

#FiberOpticsBasics (www.transition.com မှ ရှာဖွေဘာသာပြန်သည်) #BaJinn Introduction    Fiber optic technology ဆိုတာက data တွေကို transmi...

Wednesday, February 7, 2018

#UnderstandingOTDRs အပိုင်း (၂)

#UnderstandingOTDRs
အပိုင်း (၂)
(www.anritsu.com မှ Understanding OTDRs စာအုပ်​ကို ဘာသာပြန်​သည်​။)

How an OTDR Works
Rayleigh Scattering
Fresnel Reflection
Backscatter Level vs. Transmission Loss

OTDR တစ်လုံးအလုပ်လုပ်ပုံ

Optical Time Domain Reflectometer (OTDR) က optical fiber ရဲ့ဝိသေသလက္ခဏာတွေကို တိုင်းတာဖို့ရာ Rayleigh scattering နဲ့ Fresnel reflection သဘောတရားများကို အသုံးပြုပါတယ်။ အလင်းတန်းကို fiber ထဲသို့လွှတ်ခြင်း ၊ ၄င်းအလင်းတန်းဖြတ်သန်းတဲ့ ကြာချိန်ကိုတိုင်းတာခြင်း ၊ fiber ထဲက point တစ်ခုမှ အလင်းပြန်လာတဲ့ reflection ကို တိုင်းတာခြင်း စသည်တို့အားဖြင့် OTDR က အချက်အလက်တွေကို length နဲ့ returned signal loss ပါတဲ့ trace တစ်ခုနဲ့ ၄င်းရဲ့မျက်နှာပြင်တွင် ဖော်ပြပါတယ်။
၎င်း trace ကို OTDR မှာပဲကြည့်နိုင်သလို print လည်းထုတ်နိုင်ပြီး computer မှာလည်း သိမ်းထားနိုင်ပါတယ်။ လေ့ကျင့်ထားတဲ့ စက်ကိုင် (operator) တစ်ယောက်က fiber ရဲ့ အဆုံး ၊ splice တွေရဲ့ loss နဲ့ တည်နေရာ နဲ့ fiber ရဲ့ overall loss ကို တိတိကျကျသိရှိနိုင်ပါတယ်။ ခုနောက်ပိုင်း OTDR တွေက trace ရဲ့ data တွေကို အလိုအလျောက် ခွဲခြားပေးကြတယ်။

Rayleigh Scattering

အလင်းတန်းတစ်ခုကို fiber ထဲသို့လွှတ်လိုက်တဲ့အခါ ၄င်းအလင်းတန်းက ဖန်သားထဲမှာ microscopic particles (dopants) (အလွန်သေးငယ်တဲ့အလင်းမှုန်) အဖြစ်နဲ့ ဖြတ်သန်းသွားပြီး ဦးတည်ချက်မျိုးစုံ ပျံ့နှံ့သွားကြပါတယ်။ ၄င်းဖြစ်စဉ်ကို Rayleigh Scattering ဟုခေါ်ပါတယ်။ အလင်းအချို့ (၀.၀၀၀၁% ခန့်) ကအလင်းတန်းရဲ့ ဆန့်ကျင်ဘက်အရပ်ကို နောက်ပြန်ပျံ့နှံ့တာကို backscatter လို့ခေါ်ပါတယ်။ အလင်းမှုန်တွေ(dopants)တွေက fiber ထဲမှာ တူညီစွာပျံ့နှံ့နေတဲ့အတွက် scattering ဖြစ်စဉ်က fiber တစ်လျှောက်လုံးမှာ ဖြစ်ပျက်ပါတယ်။

Figure-2

Fiber မှာ Rayleigh scattering က loss ဖြစ်စေတဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ ပိုပြီးရှည်လျားတဲ့ wavelength တွေက ပိုတိုတဲ့ wavelength တွေထက် scattering ဖြစ်မှုကိုပိုနည်းစေပါတယ်။ ဥပမာ။    ။ Rayleigh scattering ကြောင့် အလင်းက 1550nm မှာ fiber length 1 kilometer ကို 0.2 to 0.3 dB  ဆုံးရှုံးပြီး 850nm မှာတော့ fiber length 1 kilometer ကို 4.0 to 6.0 dB အထိ ဆုံးရှုံးပါတယ်။ Fiber ထဲ အလင်းမှုန်သိပ်သည်းဆ ပိုများတာက scattering ကို ပိုဖြစ်စေပြီး attenuation per kilometer ကို ပိုများစေပါတယ်။ OTDR ကအလင်း ပြန်လာတဲ့ levels တွေကို တိတိကျကျတိုင်းတာနိုင်ပြီး ထိုသို့တိုင်းတာပြီးတော့ fiber လမ်းကြောင်းတစ်လျှောက်ရှိ point တိုင်းတွင် fiber ရဲ့ဝိသေသလက္ခဏာများ အနည်းငယ်စီ ပြောင်းလဲသွားမှုကို တွက်ချက်ပေးပါတယ်။
Rayleigh scattering ဖြစ်စဉ်က ညဘက် မြူနှင်းထဲဓါတ်မီးထိုးသလိုပါပဲ။ အလင်းက ရေငွေ့တွေကြောင့် ပျံ့နှံ့သွားပါတယ်။ ထူထပ်တဲ့မြူနှင်းတွေက တားဆီးနေတဲ့ အမှုန်များစွာကြောင့် အလင်းကိုပိုပြီးပျံ့နှံ့စေပါတယ်။ အလင်းအချို့က မြူမှုန်တွေကြောင့် သင့်ဆီပြန်လာပြီး ဒါ့ကြောင့်ပဲ မြူနှင်းတွေကို သင်မြင်နေရတာပါ။ မြူမှုန်တွေ မထူထပ်ရင်တော့ အလင်းကပိုပြီးဝေးဝေးကိုရောက်ရှိနိုင်ပါတယ် ဒါပေမယ့် မြူမှုန်တွေထူထပ်ရင်တော့ အလင်းက scattering ဖြစ်စဉ်ကြောင့် တဖြည်းဖြည်း အားပျော့သွားပါတယ်။ Fiber ထဲကအလင်းမှုန်(dopants) တွေက မြူမှုန်တွေလိုပါပဲ။ အလင်းအချို့ကို မူလလာရာအရပ်ဆီသို့ အလင်းပြန်စေပါတယ်။

Fresnel Reflection

ဒြပ်ထုတစ်ခု(ဥပမာ-optical fiber) ထဲဖြတ်သန်းတဲ့ အလင်းက တခြားသိပ်သည်းမှု မတူတဲ့ဒြပ်ထု(ဥပမာ-air)ထဲဖြတ်သန်းတဲ့အလင်းနဲ့ဆုံတိုင်း အလင်းအချို့ (၄%ထိ)က ၄င်းလာရာဆီသို့ အလင်းပြန်သွားကြပြီး ကျန်တာတွေကတော့ ဒြပ်ထုအပြင်ဘက်သို့ ထွက်သွားကြပါတယ်။ ဒီလိုသိပ်သည်းဆရုတ်တရက် ပြောင်းလဲမှုတွေက fiber ဆုံးတဲ့နေရာ ၊ fiber ပြတ်တဲ့နေရာ နဲ့ တခါတရံ splice point တွေမှာပါ ဖြစ်ပွါးတတ်ပါတယ်။ အလင်းပြန်မှု (reflection)ပမာဏက ဒြပ်ထုသိပ်သည်းဆ (density) (Index Of Refraction IOR နဲ့ဖော်ပြ) (IOR များလေ သိပ်သည်းဆ density များလေပါပဲ) ပြောင်းလဲမှုနဲ့ ဒြပ်ထုနှစ်ခုကြားမျက်နှာပြင်ကို ရိုက်ခတ်တဲ့အလင်းရဲ့ထောင့် (angle) အပေါ်မှာ မူတည်ပါတယ်။ ဒီလိုပုံစံနဲ့ အလင်းပြန်တာကို Fresnel Reflection လို့ခေါ်ပါတယ်။ OTDR က fiber ပြတ်တဲ့နေရာကို အတိအကျဆုံးဖြတ်ဖို့အတွက် ၄င်းနည်းလမ်းကိုအသုံးပြုသည်။

Figure-3

Fresnel reflection က ပြတင်းတံခါးကို ဓါတ်မီးနဲ့ထိုးသလိုပါပဲ။ အလင်းအများစုက ပြတင်းတံခါးကိုဖြတ်သွားပေမယ့် အလင်းအချို့က ကိုယ့်ဆီကိုအလင်းပြန်လာပါတယ်။ အလင်းတန်းက ပြတင်းတံခါးကိုရိုက်ခတ်တဲ့ ရိုက်ထောင့် (angle)ပေါ်မူတည်ပြီး reflection (အလင်းပြန်မှု)က ဓါတ်မီး ၊ သင့်မျက်လုံး (ဒါမှမဟုတ်) မျက်နှာကြပ်ဆီကို အလင်းပြန်သွားနိုင်ပါတယ်။

Backscatter level နဲ့ Transmission loss

OTDR က အလင်းပြန်တဲ့ ပမာဏ (backscatter level)ကိုပဲတိုင်းပြီး ထုတ်လွှတ်တဲ့အလင်း ပမာဏ (transmitted light level)ကိုမတိုင်းသော်လည်း အလင်းပြန်လာတဲ့ ပမာဏ (backscatter level) နဲ့ ထုတ်လွှတ်တဲ့အလင်း ပမာဏ (transmitted light level) ကြားမှာ အလွန်နီးစပ်တဲ့ ဆက်နွယ်မှုရှိနေပါတယ်။ အကြောင်းကတော့ အလင်းပြန်တဲ့ ပမာဏက ထုတ်လွှတ်တဲ့အလင်း ပမာဏ ရဲ့ တိကျတဲ့ရာခိုင်နှုန်း တစ်ခုပဲဖြစ်ပါတယ်။ အလင်းပြန်လာတဲ့ ပမာဏ နဲ့ ထုတ်လွှတ်တဲ့အလင်း ပမာဏရဲ့ အချိုးကို backscatter coefficient လို့သတ်မှတ်ပါတယ်။ ထုတ်လွှတ်လိုက်တဲ့အလင်းပမာဏက point A မှ point B သို့ တဖြည်းဖြည်းလျော့ကျသွားရင် (bend , splice နဲ့ fiber အညစ်အကြေး တွေကြောင့်ဖြစ်ပွါးသည်။) အလင်းပြန်တဲ့ ပမာဏလည်း ထပ်တူလျော့ကျသွားပါမယ်။ ထုတ်လွှတ်လိုက်တဲ့ pulse level ကိုလျော့ကျစေတဲ့ loss factor က ၄င်း pulse ရဲ့လျော့ကျသွားတဲ့  backscatter level ကိုဖော်ပြပေးလိမ့်မယ်။



No comments:

Post a Comment