#UnderstandingOTDRs
အပိုင်း (၄-၄)
OTDR Specifications
Distance Accuracy
Index Of Refraction (IOR)
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
DISTANCE ACCURACY
********************
OTDR မှာ distance accuracy အတွက် component ၃ သုံးခုရှိပါတယ်။
1) Clock stability
2) Data point spacing
3) Index of Refraction (IOR) uncertainty
Distance measurement accuracy က sensor က ဖတ်ထားတာတွေကို sampling လုပ်ခြင်းကြားက interval နဲ့ ထွက်သွားတဲ့ pulses တွေကို အချိန်ကိုက်ပေးတဲ့ clock circuit ရဲ့ stability (တည်ငြိမ်မှု) နဲ့ accuracy (တိကျမှု) အပေါ်မူတည်ပါတယ်။ Clock accuracy ကို တိုင်းတာထားတဲ့ distance ရဲ့ percentage နဲ့ဆက်နွယ်နေတဲ့ percentage တစ်ခုအအနေနဲ့ ဖော်ပြပါတယ်။ ဥပမာ။။ distance 0.01% accuracy ဆိုတာက distance to fiber end ကို တိုင်းတဲ့အခါ 20 000 feet အနေနဲ့ရလာတဲ့အခါ ဒီတိုင်းတာမှုရဲ့ accuracy က +/-2 feet (20000*0.0001) ဖြစ်တယ်လို့ဆိုလိုတာပါ။ Clock က အရမ်းမြန်နေရင် (သို့) အရမ်းနှေးနေရင် time measurement (ပြီးတော့ distance measurement နဲ့သက်ဆိုင်) က ပုံမှန်တန်ဖိုးထက် ပိုတိုတာ (သို့) ပိုရှည်တာ ဖြစ်သွားပါလိမ့်မယ်။
Spatial resolution ကလည်း accuracy ကိုသက်ရောက်မှုရှိပါတယ်။ OTDR က ၄င်းယူထားတဲ့ actual data point အပေါ်ကိုအခြေခံပြီးပဲ accurate distance measurement ကိုပြုလုပ်နိုင်ပါတယ်။ နေရာချထားတဲ့ data point တွေက နီးကပ်လေလေ ၄င်းတို့ထဲက ဖြစ်နိုင်ခြေများတဲ့ (data point) တစ်ခုက fiber ရဲ့ fault နား (သို့) fault ပေါ်မှာ ကျရောက်သွားဖို့ပိုများလေလေပါပဲ။
OTDR တစ်ခုမှာ distance ကို fiber ထဲက အလင်းရဲ့အလျင် (speed of light) ကနေတွက်ပါတယ် ပြီးတော့ fiber ထဲက အလင်းရဲ့အလျင်ကိုတွက်တဲ့အခါ လေဟာနယ်ထဲက အလင်းရဲ့အလျင် (ကိန်းသေတန်ဖိုး) ကို index of refraction (IOR) နဲ့စားပြီး တွက်ပါတယ်။ ဒါဟာ user-settable IOR (အသုံးပြုသူကသတ်မှတ်နိုင်သော IOR) ဟာ distance ရဲ့ accurate measurement ပြုလုပ်ရာမှာ အလွန်အရေးပါတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ IOR မှားရင် distance မှားပါလိမ့်မယ်။ သို့သော်လည်း fiber တစ်ခုရဲ့အကွာအဝေး တလျှောက်မှာ IOR အနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်စေရင်း ၄င်း fiber ရဲ့ဝိသေသလက္ခဏာတွေက ပြောင်းလဲနိုင်ပြီး ဒါ့ကြောင့်လည်း additional distance inaccuracy တွေကို ဖြစ်ပေါ်စေပါတယ်။ ဒီ fiber uncertainty က တူညီတဲ့ fiber ထဲက IOR ပြောင်းလဲမှု နဲ့ splice လုပ်ထားတဲ့ နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ fiber တွေကြားထဲက IOR ပြောင်းလဲမှုတွေကြောင့် ဖြစ်ကြရပါတယ်။ IOR ပြောင်းလဲမှုအတွက် အဆိုးဆုံး ကိစ္စကတော့ မတူညီတဲ့ manufacturer နှစ်ခုရဲ့ fiber တွေကို အတူတူ splice လုပ်တဲ့အခါမှာပဲ ဖြစ်ပါတယ်။
INDEX OF REFRACTION (IOR)
***************************
Index of refraction ဆိုတာ လေဟာနယ်ထဲက အလင်းရဲ့အလျင် နဲ့ (သက်ဆိုင်ရာ) fiber တစ်ချောင်းထဲက အလင်းရဲ့အလျင် အချိုး (ratio) ပဲဖြစ်ပါတယ်။ အလင်းက (အာကာသကဲ့သို့) လေဟာနယ်ထဲမှာ အမြန်ဆုံးဖြစ်ခြင်းနဲ့ ပြီးတော့ သိပ်သည်းမှုပိုများတဲ့ ရုပ်ဝတ္ထုတွေ (atmosphere (သို့) glass လိုမျိုး) ထဲမှာ ပိုနှေးနှေးသွားခြင်းကြောင့် IOR ratio က အမြဲတမ်း (တစ်) ထက်ကြီးပါတယ်။ ဖန် (glass) ထဲမှာဆို ၄င်းက ခန့်မှန်းခြေ 1.5 လောက်ရှိပါတယ်။ အလင်းက ၄င်းဖြတ်သန်းသွားတဲ့ material ရဲ့သိပ်သည်းဆအပေါ်မူတည်ပြီးတော့ အလျင် (speed) ပြောင်းလဲနိုင်ပါတယ်။ Fiber ထဲက သိပ်သည်းဆ (density) ကို manufacturing process မှာအသုံးပြုတဲ့ dopants ပမာဏနဲ့အမျိုးအစားအရ ဆုံးဖြတ်ပါတယ် ပြီးတော့ dopants တွေကိုဖြန့်ဝေခြင်းက fiber တစ်လျှောက်လုံးမှာရော ပြီးတော့ fiber နှစ်ခုကြားမှာပါ တိတိကျကျ တူချင်မှတူမှာပါ။ ဒါ့ကြောင် fiber တွေကြားထဲမှာရော fiber တစ်ခုချင်းစီထဲမှာပါ index of refraction ပြောင်းလဲမှုကရှိပါတယ်။ Index of refraction က calibration (စံချိန်ညှိ) factor ဖြစ်ပြီး OTDR ဟာ တိကျတဲ့ distance measurement ကိုပြုလုပ်နိုင်ဖို့ရာ အလင်းဟာ ဘယ်လောက်မြန်မြန် သွားနေလဲဆိုတာ OTDR ကိုပြောပြပါတယ်။
အခြေအနေတော်တော်များများမှာ fiber အမျိုးအစားနဲ့ စမ်းသပ်မယ့် wavelength အတွက် fiber ထုတ်လုပ်သူက ထောက်ခံချက်ပေးထားတဲ့ IOR setting ကိုအသုံးပြုသင့်ပါတယ်။ Table 1 က fiber အမျိုးအစားများစွာအတွက် IOR တန်ဖိုးတွေရဲ့ စာရင်းပဲဖြစ်ပါတယ်။ IOR နဲ့ပတ်သက်ပြီး မေးစရာရှိ ရင် fiber ထုတ်လုပ်သူကိုမေးပါ။ Fiber manufacturing process တွေကိုပြောင်းလဲခြင်းက IOR တန်ဖိုးကို ပြောင်းလဲစေပါတယ်။Table - 1
No comments:
Post a Comment