Basics of Fibre Optics အပိုင်း (၄)
Optical Fibre Cable
Optical Fibre တွေကို အဓိကအားဖြင့် Centre တူ အလွှာ ၃ ခုနဲ့ ပြုလုပ်ထားပါတယ်။
1. Core
Silica သို့ Doped Silica နဲ့ ပြုလုပ်ထားပါတယ်။ အတွင်းပိုင်းမှာ အလင်းနဲ့အတူ Data တွေ သယ်ဆောင်သွားလာနိုင်တဲ့ Optical Fibre ရှိပါတယ်။
2. Cladding
၎င်းဟာ Optical Fibre ကို ဖုံးအုပ်ထားတဲ့ ဒုတိယအလွှာဖြစ်ပါတယ်။ ၎င်းကိုလည်း Silica နဲ့ပပြုလုပ်ထားပါတယ်။ ဒါပေမယ့် Optical Fibre နဲ့ ပြုလုပ်ထားပုံခြင်းတော့ မတူပါဘူး။ ၎င်းဟာ Optical waveguide အဖြစ်အလုပ်လုပ်ပြီး အလင်းတန်းသွားလာရာမှာ ရိုက်ထောင့်တွေဖြစ်ပေါ်စေပြီး Total Internal Reflection (TIR) ကိုဖြစ်ပေါ်စေပါတယ်။
3. Coating
Cladding ကို ဖုံးအုပ်ထားတဲ့ non-optical layer ပဲ ဖြစ်ပါတယ်။ စံသတ်မှတ်ချက်တွေအရ Polymer နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းဟာ အတွင်းပိုင်းက core နဲ့ cladding ကို ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။
Buffer
၎င်းဟာ အဓိကအလွှာ ၃ ခုရဲ့ အပြင်ဘက်ပိုင်းအလွှာ တစ်ခုဖြစ်ပါတယ်။ Fibre Optic Cable အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အထူးခိုင်ခံပြီး ပျော့ပြောင်းတဲ့ material နဲ့ ပြုလုပ်ထားပါတယ်။ cable installation ပြုလုပ်တဲ့အခါတွေမှာ အတွင်းပိုင်းကို ထိခိုက်မှုမှ ကာကွယ်ပေးပါတယ်။
လေးစားလျှက်
TunWai @ Electronics
No comments:
Post a Comment