Featured Post

FiberOpticsBasics

#FiberOpticsBasics (www.transition.com မှ ရှာဖွေဘာသာပြန်သည်) #BaJinn Introduction    Fiber optic technology ဆိုတာက data တွေကို transmi...

Wednesday, February 7, 2018

Negative Splice Loss Values (Gainers)

Negative Splice Loss Values (Gainers)


Mode Field Diameters (MFD) အနည်းငယ်သာကွဲပြားတဲ့ fiber optic cable တွေကို splicing ပြုလုပ်တဲ့အခါ splice loss တွေအတွက် OTDR က negative value တွေနဲ့ဖော်ပြကောင်းဖော်ပြနိုင်ပါတယ်။ ၄င်းကို gainer လို့ခေါ်ပါတယ်။ ဆက်ရာ (joint) အလွန်က fiber ရဲ့ MFD က ဆက်ရာမတိုင်ခင်က fiber ရဲ့ MFD ထက် သေးငယ်တဲ့အခါ OTDR က negative တန်ဖိုးကိုဖော်ပြပါတယ်။ အဲ့ဒါက ရိုးရှင်းပါတယ် ဘာလို့လဲဆိုတော့ OTDR က loss ကို တိုင်းတာ (measure) တာ မဟုတ်လို့ပါပဲ။ OTDR က loss ကို တွက် (calculate) ရုံပဲတွက် ပါတယ်။ OTDR က fiber ရဲ့ backscattering နဲ့ Fresnel reflection ကိုတိုင်းတာပါတယ်။ Backscattering နဲ့ Fresnel reflection ရဲ့တန်ဖိုးကို အသုံးပြုပြီးတော့ OTDR က fiber ထဲက event တစ်ခုချင်းစီ (connector, splice…etc) ရဲ့ loss ကိုတွက်ချက်ပါတယ်။
ဒါ့ကြောင့် OTDR က high backscattering တန်ဖိုးကို တိုင်းတာမိလို့ရှိရင် အဲ့မှာ (fiber section အတွက်) high attenuation ရှိပါတယ်။ ပြောင်းပြန်အားဖြင့် OTDR က low backscattering တန်ဖိုးကို တိုင်းတာမိလို့ရှိရင် (ဆိုလိုတာက) အဲ့မှာ (fiber section အတွက်) low attenuation ရှိပါတယ်။ ဒါကြောင့် 1550 nm မှာ 0.25 dB/km နဲ့ 0.19 dB/km attenuation အသီးသီးရှိကြတဲ့ fiber link နှစ်ခုရှိမယ်ဆိုလို့ရှိရင် OTDR ရဲ့ receiver ဆီကိုပြန်လာတဲ့ backscattered power မှာ ပထမ link က ဒုတိယ link ထက်  ပိုများနေပါလိမ့်မယ်။
သို့သော်လည်းပဲ အထက်မှာဖော်ပြခဲ့တဲ့ information အားလုံးဟာ fiber link တစ်လျှောက်လုံးမှာ steady (တည်ငြိမ်တဲ့) MFD တစ်ခုအနေနဲ့ ယူဆထားပါတယ်။ Fiber ထဲကိုလွှတ်လိုက်တဲ့ တူညီတဲ့ launched pulse အတွက် backscattering level ပမာဏက MFD နဲ့ပြောင်းပြန်အချိုးကျတယ်ဆိုတာကို ကျေးဇူးပြု၍ မှတ်ထားပေးပါ။ အဲ့ဒါက ရိုးရှင်းပါတယ် ဘာလို့လည်းဆိုတော့ MFD ကသေးငယ်တဲ့အခါ လွှတ်လိုက်တဲ့ signal (spot) က core ထဲမှာပဲ စုဝေး (concentrate) နေပါလိမ့်မယ်။ အဲဒါကြောင့်ပဲ backscattered power ပိုများများကို OTDR ရဲ့ receiver က အာရုံခံမိပါလိမ့်မယ်။
ဒါ့ကြောင့် Mode Field Diameters (MFD) အနည်းငယ်သာကွဲပြားတဲ့ fiber နှစ်ခုကို splicing ပြုလုပ်တဲ့အခါ OTDR က splice အလွန်က fiber section ရဲ့ attenuation ဟာ splice မတိုင်ခင်က section ရဲ့ attenuation ထက်ပိုကြီးတယ်လို့ OTDR ကထင်မြင်သွားပါတယ် (အကြောင်းက splice အလွန်က fiber ရဲ့ MFD ဟာ splice မတိုင်ခင်က fiber ရဲ့ MFD ထက်ပိုသေးငယ်လို့ပါ အပြန်အလှန်အနေနဲ့ splice အလွန်က backscattering level က splice မတိုင်ခင်က backscattering level ထက် ပိုမိုများပြားပါတယ်။) ဒါ့ကြောင်ပဲ OTDR က negative splice value အနေနဲ့ ဖတ်လိုက်တာပါ။

Figure - 1

Fiber optic link က passive element တစ်ခုဖြစ်တယ်ဆိုတာကို မှတ်သားပေးပါ။ ဒါ့ကြောင့် negative splice value (gainer) ဆိုတာ မရှိနိုင်ပါဘူး။ OTDR က fiber link တစ်လျှောက်က MFD ပြောင်းလဲမှုကို သိရှိနိုင်စွမ်း မရှိသော အဆုံးတစ်ဖက်ကပဲ တိုင်းတာတဲ့ ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် splice loss ကိုတိုင်းတာတဲ့အခါ negative splice value ကိုပြပြီး အလွယ်တကူလှည့်စားနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အဆုံးနှစ်ဖက်စလုံးက တိုင်းတာထားတဲ့ splice loss ကို average ယူခြင်းပါပဲ။ ဒါ့ကြောင့် direction တစ်ခုမှာ MFD ဟာ ပိုမိုသေးငယ်တဲ့ တန်ဖိုးကနေ ပိုမိုများပြားတဲ့ တန်ဖိုးတစ်ခုသို့ ရုတ်တရက် ပြောင်းလဲမှုကို အလေးထားကြသလို ပိုမိုများပြားတဲ့ တန်ဖိုးကနေ ပိုမိုသေးငယ်တဲ့ တန်ဖိုးတစ်ခုသို့ ပြောင်းလဲမှု ကိုလည်း အလေးထားကြပါတယ်။


Figure - 2

No comments:

Post a Comment