Featured Post

FiberOpticsBasics

#FiberOpticsBasics (www.transition.com မှ ရှာဖွေဘာသာပြန်သည်) #BaJinn Introduction    Fiber optic technology ဆိုတာက data တွေကို transmi...

Wednesday, February 7, 2018

Basics of Fibre Optic. အပိုင်း (၆)

Basics of Fibre Optic.       အပိုင်း (၆)

Single-mode နဲ့ Multi-mode ဘာတွေကွာခြားသလဲ

Fibre Material
        Optical Fibre တွေကိုထုတ်လုပ်တဲ့နေရာမှာ အဓိကအားဖြင့် Glass နဲ့ Plastic အမျိုးအစားတွေကို အသုံးပြု ကြပါတယ်။
       
Glass နဲ့ Plastic တို့မှာ မတူညီတဲ့ Characteristic တွေရှိသလို အသုံးပြု မှု နယ်ပယ်တွေလည်းမတူကြပါဘူး။ ယေဘုယအားဖြင့် Plastic Fibre တွေကို Very Short Range Communication တွေမှာ အသုံးပြု ပြီး Glass Fibre တွေကိုတော့ Short and Long နှစ်မျိုးစလုံးမှာအသုံးပြု ကြပါတယ်။ အဲ့ဒီလိုအသုံးပြု ကြတဲ့အခါ မှာ Modal Dispersion ဆိုတာတွေဖြစ်ပေါ်လာပါတယ်။

Modal Dispersion ဆိုတာ
      အရှင်းဆုံးပြောရရင်   Radio Electronic Device တွေမှာ Noise တွေဝင်တာ Frequency မသန့်တာတွေကို Distortion လို့ပြောဆိုလေ့ရှိပြီး Optical Fibre တွေမှာတော့ Dispersion လို့ ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။
         Long Range Transmission တွေမှာ အကွာအဝေးများလွန်းတာကြောင့် Dispersion ဖြစ်နိုင်ခြေ ပိုမိုများပြားပါတယ်။ နောက်တစ်ချက်က Plastic အမျိုးအစား နဲ့ပြု လုပ်ထားတဲ့ Fibre Cable တွေဟာ Glass အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Fibre Cable တွေထက် Dispersion ဖြစ်နိုင်မှု အခြေအနေပိုများပါတယ်။
          ဒါ့ကြောင့် Plastic Fibre Cable တွေကို Very Short Range အတွက်ပဲ အသုံးပြု ကြတာ များပြီး Glass Fibre Cable တွေကိုတော့ Multi-mode ပဲ ဖြစ်ဖြစ် Single-mode ပဲဖြစ်ဖြစ် Long-haul transmission တွေမှာ အသုံးပြု ကြပါတယ်။
          များသောအားဖြင့်တော့ နိုင်ငံတကာမှာ Long-haul အတွက် Single-mode ကိုပဲ အသုံးပြု ကြပါတယ်။

Multi-mode နဲ့ Dispersion
         Multi-mode မှာဆိုရင် Light mode တွေကို မတူညီတဲ့ Reflected Angle တွေ မတူညီတဲ့ Light wavelength တွေနဲ့  Tx ပြု လုပ်ပါတယ်။ အဲ့ဒီလို Tx လုပ်တဲ့အခါ မှာ Angle အကျဉ်းဆုံး Mode မှာ Dispersion အများဆုံးဖြစ်ပေါ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူဟာ တစ်ခြား Light Mode တွေထက် Angle တွေများစွာ လိုအပ်လို့ပါပဲ။
 ဒါ့ကြောင့် ကန့်သတ် သတ်မှတ်ထားတဲ့ Bandwidth တွေပေါ်မူတည်ပြီးတော့ Light Mode တွေကို Tx ပြု လုပ်ရပါတယ်။
ဥပမာ- 50um Core အတွက်ဆိုရင် Bandwidth ကို 20Mhz/km အဖြစ်ကန့်သတ်ထားပါတယ်။

Modal Dispersion တွေ လျော့ကျအောင် ထိရောက်တဲ့ နည်းလမ်းမျိုးစုံကို ပညာရှင်တွေက ရှာဖွေ အသုံးချနေပေမယ့်လည်း ပြည့်စုံမှုတော့မရှိသေးပါဘူး။  ဒါဟာလည်း သဘာဝတရားတစ်ခုပါပဲ။ Theory တွေကို အခြေခံပြီး စာရွက်ပေါ်မှာ ချတွက်ထားတဲ့ Ideal state ဆိုတာ စာရွက်ထဲမှာပဲ ရှိနေပါတယ်။ ပြင်ပလက်တွေ့မှာတော့ လိုအပ်ချက်တွေ များစွာဟာနေရာတိုင်းမှာရှိနေသလို Fibre Cable Communication မှာလည်း ရှိနေပါတယ်။

        Fibre အကြောင်း လေ့လာသူတို့အဖို့ Modal Dispersion ကို Chromatic Dispersion နဲ့ မရောထွေးစေဖို့ သတိပြု ရမှာပဲ ဖြစ်ပါတယ်။
Chromatic dispersion ဆိုတာကတော့ အလင်းတန်းတွေရဲ့ မတူညီတဲ့ Wavelength တွေ အလင်းအလျင်ခြားနားမှုတွေကြောင့် ဖြစ်ပေါ်ပြီးတော့ အလင်းထုတ်လွှတ်မှုအခြေအနေတစ်ခုမှာ ရှိနေတဲ့ Modal Dispersion ဆိုတာကတော့ Monochromatic Light Source တွေကြောင့် အများဆုံးဖြစ်ပေါ်ပါတယ်။
Monochromatic ဆိုတာကတော့
ဂရိ စာလုံး ကနေ ယူထားတာပါ။  Mono ဆိုတာ single ကို ဆိုလိုပြီး Chroma ဆိုတာကတော့ Color ကို ဆိုလိုခြင်း ဖြစ်ပါတယ်။

         Modal dispersion ရဲ့ အထူး case တစ်ခုကတော့ Multi-mode တွေမှာ အတွေ့များတဲ့ Polarization Mode Dispersion (PMD) ပဲ ဖြစ်ပါတယ်။
ဥပမာ- Multi-mode မှာ Light Mode နှစ်ခုဟာ တစ်ပြိုင်နက်တည်းမှာ Speed တူညီစွာနဲ့ သွားတယ်ဆိုပါစို့။ အဲ့ဒီနေရာမှာ Light signal တွေရဲ့မတူညီတဲ့ Wavelength တွေ Fibre cable တွေသွယ်တန်းထားမှုအခြေအနေ ကွေးညွတ်မှုအခြေအနေတွေ ဆွဲဆန့်တဲ့အခါမှာ ခံနိုင်ရည်နဲ့ စသဖြင့်  နည်းစနစ်ကျနမှုရှိခဲ့မယ်ဆိုရင် Dispersion ဖြစ်နိုင်မှုအခြေအနေတွေဟာ နည်းပါးမှာပါ။
        အကယ်၍ ဆန့်ကျင်ဘက် အခြေအနေတွေ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ Signal တွေဟာ ပုံပျက်ပန်းပျက်နဲ့ တစ်ဖက်ကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

Modal Dispersion တွေဟာ Single-mode တွေမှာလည်း တွေ့ရတတ်ပါတယ်။

လေးစားလျှက်
TunWai @ Electronics

ဆက်ရန်........



No comments:

Post a Comment