Featured Post

FiberOpticsBasics

#FiberOpticsBasics (www.transition.com မှ ရှာဖွေဘာသာပြန်သည်) #BaJinn Introduction    Fiber optic technology ဆိုတာက data တွေကို transmi...

Wednesday, February 7, 2018

#UnderstandingOTDRs အပိုင်း (၁)

#UnderstandingOTDRs
အပိုင်း (၁)
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)

Introduction

Fiber Optic Communications
Testing Optical Fiber For Loss
Other Fiber Tests
OTDR Applications

Introduction

Fiber Optic Communications

Fiber Optic ဆက်သွယ်ရေးက ရိုးရှင်းပါတယ်။ Electrical signal မှ Light signal သို့ ပြောင်းပြီး Optical Fiber မှတစ်ဆင့် အဝေးတွင်ရှိသော Receiver ဆီသို့ အလင်းတန်းထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ Receiver အရောက်တွင် Light signal မှ Electrical signal သို့ပြန်ပြောင်းပေးပါတယ်။ Fiber Optic ဆက်သွယ်ရေးက အခြား transmission နည်းလမ်းတွေထက် ကောင်းကျိုး ပိုများတယ်။ အလွန်ဝေးကွာသော အကွာအဝေးအထိ signal ကို ပို့ဆောင်နိုင်ပြီး အနီအနားရှိလျှပ်စစ်စက်ကွင်း တွေမှလည်း မနှောက်ယှက်နိုင်ပါဘူး။ ၄င်းရဲ့စွမ်းဆောင်ရည်က copper or coax cable systems တွေထက် များစွာပိုသာပါတယ် ပြီးတော့ fiber က copper system ထက်ပိုပြီးတော့ ပေါ့တယ် ပိုသေးပါတယ်။

Figure (1)

Fiber Optic ဆက်သွယ်ရေးရဲ့ အဓိကကန့်သတ်နေတဲ့အချက်ကတော့ Fiber ထဲကိုဖြတ်သန်းသွားတဲ့ အလင်းတန်းရဲ့ Attenuation (ဆုံးရှုံးမှု)ပဲဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ Fiber ထဲကို လွှတ်လိုက်တဲ့ အလင်းတန်းမှာပါဝင်တဲ့ အချက်အလက် (information ) တွေကို လက်ခံရယူပြီး နဂိုပုံစံသို့ ပြန်ပြောင်းခြင်းပဲဖြစ်ပါတယ်။ အလင်းတန်းက Fiber ထဲမှာ Rayleigh scattering (နောက်ပိုင်းရှင်းပြပါမည်) သဘောတရားနဲ့ ဖြတ်သန်းစဉ်မှာ အလင်းဆုံးရှုံးမှု (attenuation) ကိုဖြစ်ပေါ်စေပါတယ်။ အချို့အလင်းတန်းတွေကို ဖန်သားထဲသို့ စုပ်ယူခြင်း ခံရသလို ဖန်သားရဲ့အညစ်အကြေးနဲ့ Bends (ကွေးကောက်ခြင်း) တွေကြောင့်လည်း ဖန်သားအပြင်သို့ ပေါက်ထွက်မှုတွေ ဖြစ်ပေါ်စေတယ်။ အလင်းများစွာ ဆုံးရှုံးရင် (သို့) attenuation ဖြစ်ရင်တော့ Receiver မှာ အလင်းတန်းထဲက pulses တွေကို ခွဲခြားဖို့ရာ အလင်းတန်းက အားနည်းနေမှာဖြစ်ပါတယ်။ အလင်းတန်းက အားအရမ်းနည်းနေရင်တော့ Transmitter ရဲ့ output power ကို မြှင့်ပေးခြင်း ၊ Receiver ရဲ့ sensitivity ကို မြှင့်ပေးခြင်း (သို့) Transmitter နဲ့ Receiver ကြားအကွာအဝေးကို လျှော့ချပေးခြင်းဖြင့် Attenuation (ဆုံးရှုံးမှု) များနေခြင်းကို လျှော့ချနိုင်သည်။ ဆက်သွယ်ရေးစနစ်မှာ အသုံးမပြုရသေးခင် Fiber အနေနဲ့ အကွာအဝေးတစ်ခုမှာ အလင်းဘယ်လောက်ဆုံးရှုံးနေကြောင်းသိဖို့ရာ အလွန်အရေးကြီးပါတယ်။ Attenuation (ဆုံးရှုံးမှု) ပမာဏများလွန်းနေရင် မှန်ကန်တဲ့လုပ်ရပ်တစ်ခု လုပ်ဖို့လိုပါတယ်။

Testing Optical Fiber For Loss

Fiber တစ်ခုရဲ့ overall attenuation တိုင်းဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ အဆုံးတစ်ဖက်မှ သိရှိထားတဲ့အလင်း level တစ်ခုကို လွှတ်ပြီး အခြားအဆုံးတစ်ဖက်မှ ထွက်လာတဲ့ အလင်း level  ကို တိုင်းခြင်းပဲဖြစ်ပါတယ်။ Level နှစ်ခုကြားခြားနားချက် (decibels or dB နဲ့တိုင်း) က end to end attenuation (insertion loss လို့လဲခေါ်) ပဲဖြစ်ပါတယ်။ အတိအကျဆုံး နည်းလမ်းကတော့ calibrated light source နဲ့ optical power meter ကိုအသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Light source နဲ့ optical power meter ကိုအသုံးပြုခြင်းက Fiber လမ်းကြောင်းတစ်လျှောက် attenuation များနေရင် (သို့) ပြဿနာဖြစ်နေတဲ့ နေရာတစ်ခုကို မဖော်ပြပါဘူး။ ၄င်းက fiber ထဲမှာပြဿနာဖြစ်နေနိုင်တဲ့  နေရာကိုလည်း မညွှန်ပြနိုင်ပါဘူး။
အခြားတစ်ဖက်မှာတော့ OTDR  က distance နဲ့ signal level ကို မျဉ်းပြမြေပုံ (plot) တစ်ခု နဲ့ဖော်ပြပြီး ၄င်း information က fiber ထဲကပြဿနာတစ်ခုကို ဘယ်နေရာမှာရှာရမလဲဆိုတာကို သိနိုင်ဖို့ အများကြီးအသုံးဝင်ပါတယ်။

Other Fiber Tests

Fiber အများစုအတွက် အရေးအကြီးဆုံးတိုင်းတာမှုကတော့ attenuation လက္ခဏာတွေကို တိတိကျကျသိဖို့ပါပဲ။ ဒါပေမယ့် High-speed or အလွန်ရှည်လျားတဲ့ fiber စနစ်အတွက် အခြားတိုင်းတာမှုတွေကိုလည်း လိုကောင်းလိုနိုင်ပါတယ်။ Dispersion test က fiber ထဲက မတူညီတဲ့အလင်းအလျင်ကြောင့် fiber ရဲ့ အချက်အလက်သယ်ဆောင်နိုင်စွမ်းကို ဘယ်လိုသက်ရောက်လည်းဆိုတာကို တိုင်းတာခြင်းပဲဖြစ်ပါတယ်။ ဒါက ဘာလဲဆိုတော့ ထုတ်လွှတ်လိုက်တဲ့ အချက်အလက်တွေကို ကိုယ်စားပြုတဲ့ အလင်းရဲ့ တချို့အစိတ်အပိုင်းတွေက အခြားအစိတ်အပိုင်းတွေထက် ပိုပြီှးလျင်မြန်စွာ ဖြတ်သန်းနိုင်ကြတယ်။ Multimode fiber မှာတော့ အဲဒါကို bandwidth measurement လို့ခေါ်ပါတယ်။ Dispersion နဲ့ bandwidth test က OTDR နဲ့တိုင်းလို့မရပါဘူး။

The OTDR

Optical Time Domain Reflectometer (OTDR) ဆိုတာက optical fiber ရဲ့ လက္ခဏာတွေကို ဖော်ပြဖို့ရာ အသုံးပြုတဲ့ electronic-optical instrument ပဲဖြစ်ပါတယ်။ ၄င်းက Fault ဖြစ်တဲ့တည်နေရာကို ဖော်ပြပေးပြီး fiber ထဲက အမှတ်တစ်ခုမှာ signal ပမာဏဘယ်လောက်ဆုံးရှုံးတယ်ဆိုတာကိုပါ ဖော်ပြပေးပါတယ်။ OTDR က fiber ရဲ့ အဆုံးတစ်ဖက်တည်းကနေပြီးတော့ တိုင်းတာနိုင်ပါတယ်။ OTDR က fiber တလျှောက် ထောင်ပေါင်းများစွာသော တိုင်းတာမှုတွေကို ပြုလုပ်နိုင်ပါတယ်။ တိုင်းတာတဲ့ data point တစ်ခုနဲ့တစ်ခုကြား အကွာအဝေးက 5cm (၂ လက်မ) လောက်ပဲရှိပါတယ်။ Data point တွေကို OTDR မျက်နှာပြင်တွင် ဘယ်မှညာသို့ လျှောစောက်ဆင်းသွားသော မျဉ်းကြောင်းတစ်ခုနဲ့ဖော်ပြပြီး အကွာအဝေး (distance) ကို ရေပြင်ညီစကေး (horizontal scale) ၊ အလင်းတန်းပမာဏ (signal level) ကို ဒေါင်လိုက်စကေး (vertical scale) ဖြင့်ဖော်ပြသည်။ Cursor (မြှား) နဲ့ data point နှစ်ခုကိုရွေးပေးခြင်းအားဖြင့် ၄င်းနှစ်ခုကြားရှိ distance နဲ့ signal level ကိုဖတ်နိုင်သည်။

OTDR Applications

OTDR ကို optical fiber စနစ်မှာ ပုံစံမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။
   • End-to-end loss တိုင်းရန် ၊ Fiber Drum ရဲ့ အရည်အသွေး စစ်ဆေးရန်
   • Splicing (Fusion and mechanical splice) loss တိုင်းရန်
   • Connector တွေရဲ့ Reflectance or Optical Return Loss (ORL) တိုင်းရန်
   • Fiber ပြတ်တဲ့နေရာကို ရှာဖွေရန်

No comments:

Post a Comment