Basics of Fibre Optic အပိုင်း (၅)
Optical Fiber and Attenuation
Fibre တစ်လျောက် Light Tx ပြုလုပ်တဲ့အခါမှာ အလင်းဟာ တစ်ဖြည်းဖြည်း လျော့ကျလာပါတယ်။ ဒါကို Attenuation လို့ ယေဘုယ ခေါ်ဆို နိုင်ပါတယ်။ Attenuation ဆိုတာ အလင်းရဲ့ Wavelength တွေထဲက Function တစ်ခုဖြစ်ပါတယ်။ ဖော်ပြပါပုံမှာ လေ့လာနိုင်ပါတယ်။
Optical Fibre တွေနဲ့ပတ်သတ်လို့ Multi-mode မှာ Wavelength ဟာ 850nm သို့ 1300nm မှာ အသုံးပြု ပြီး Single-mode မှာ 1300nm နဲ့ 1550nm wavelength မှာ အသုံးပြု ပါတယ်။
ဖော်ပြပါ Graph မှာဆိုရင် အလင်းသွားတဲ့အခါမှာ
1300 နဲ့ 1550nm တွေမှာ Peak တွေဟာ နိမ့်ကျနေတာ တွေ့ရပါမယ်။ peak တွေနိမ့်ကျတာဟာ Attenuation လျော့နည်းတာကို ကိုယ်စားပြု ပြီး Peak တွေမြင့်တက်နေရင်တော့ Attenuation များတာကိုဆိုလိုပါတယ်။
Graph အရ 850nm မှာ peak တန်ဖိုးဟာ 3dB of Attenuation ဖြစ်ပြီး အဲ့ဒီ 3dB တန်ဖိုးဟာ အလင်း ၅၀ % လျော့ကျပျောက်ဆုံးသွားတာကို ဆိုလိုတာပါ။
Bandwidth
Optical Fibre အတွင်း Information တွေကို သိုလှောင်သိမ်းဆည်းသယ်ဆောင်သွားတဲ့နေရာမှာ အကန့်အသတ်ဘောင်အဖြစ်သတ်မှတ်ထားတဲ့ Mhz တန်ဖိုးကို ဆိုလိုတာပါ။
ဥပမာအားဖြင့် ၆ လမ်းသွား လမ်းမကြီးတွေမှာ ၂လမ်းသွားလမ်းမကြီးတွေနဲ့စာရင် ယာဉ်တွေသွားလာတဲ့အခါ မိမိသွားလိုတဲ့နေရာကို ချောင်ချောင်လည်လည်နဲ့ အထိအခိုက်နည်းစွာ သွားလာ နိုင်ကြပါတယ်။ အဲ့ဒီလမ်းရဲ့အကျယ်နဲ့ အမြန်ဆုံး မောင်းနှင်နိုင်တဲ့ Speed ဟာ BW ပဲ ဖြစ်ပါတယ်။ BW ကျဉ်းရင်၊နည်းရင် နှောင့်နှေးကြန့်ကြာမယ် ကျယ်ရင် ကျယ်သလောက် မြန်ဆန်ပါတယ် (Data သယ်ဆောင်နိုင်တဲ့ Speed နဲ့တော့ဆိုင်မှာပေါ့)
Fibre မှာ 500Mhz-km ဆိုရင် ဒါဟာ 1km ကို တစ်စက္ကန့်လျှင် 500Mhz နှုန်းနဲ့ Data တွေ Information တွေကို သယ်ဆောင်သွားနိုင်တာကို ဆိုလိုတာပါ။
Single-mode Fibre Cable တွေရဲ့ BW တန်ဖိုးဟာ Multi-mode Fibre Cable တွေရဲ့ BW တန်ဖိုးထက် များစွာ သာလွန်ပါတယ်။
ဒါ့ကြောင့် များသောအားဖြင့် Fibre Cable သုံး Long-haul Transmission (Very long distance Tx) တွေမှာ Single-mode Fibre တွေကိုသာ အသုံးပြု ကြပါတယ်။
လေးစားစွာဖြင့်
TunWai @ Electronics
ဆက်ရန်.....
No comments:
Post a Comment