#UnderstandingOTDRs
အပိုင်း (၄-၂)
OTDR Specifications
Resolution
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
Resolution
**********
Resolution သတ်မှတ်ချက် နှစ်မျိုးရှိပါတယ်။
• Loss (level)
• Spatial (distance)
Loss resolution က လက်ခံရရှိတဲ့ power level တွေကြား ခွဲခြားသတ်မှတ်တဲ့ sensor ရဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ OTDR sensor အများစုက backscatter level ရဲ့ decibel difference 1/100th (0.01) ဒါမှမဟုတ် 1/1000th (0.001) အထိဖော်ပြနိုင်ပါတယ်။ ဒီသတ်မှတ်ချက်က နောက်ပိုင်းမှာ ဆွေးနွေး မယ့် level accuracy နဲ့ရှုပ်ထွေးလို့မရပါဘူး။ Fiber ထဲကို laser pulse အတော်ဝေးဝေးရောက်တဲ့ အခါ သက်ဆိုင်ရာ backscatter signal က တဖြည်းဖြည်းအားနည်းလာပြီး ကပ်လျှက် (သို့) တစ်နေရာထဲရှိတဲ့ measurement point နှစ်ခုကြား backscatter level ကွာခြားမှုက များများလာပါတယ်။ ထို့ကြောင့် trace တစ်ခုကို ဖန်တီးထားတဲ့ data point တွေက fiber တစ်လျှောက် ကွာဝေးသွားလေလေ vertical separation (loss ကိုဆိုလို) က OTDR အနီးအနား မှာထက် ပိုပြီးတော့ များလာလေလေပါပဲ။ ၄င်းက fiber အဆုံးမှာ noisy trace ကိုဖြစ်စေပြီးတော့ ၄င်းကို smooth (ပြေပျစ်ချောမွေ့)စေဖို့ measurement pulse များစွာအတွက် averaing အချို့ကိုလိုအပ်ပါတယ်။ Trace မှာရှိတဲ့ noise တွေက low-loss splice နဲ့ low-loss defect တွေကို အာရုံခံခြင်း ဒါမှမဟုတ် တိုင်းတာခြင်း မပြုနိုင်အောင် ကာကွယ်/တားဆီးပါတယ်။
Spatial resolution က trace တစ်ခုကိုဖန်တီးပေးတဲ့ individual data points တွေကို အချိန် (ပြီးတော့ သက်ဆိုင်ရာအကွာအဝေး) အားဖြင့် ဘယ်လောက်နီးနီးကပ်ကပ် ထားသလဲဆိုတာပဲ ဖြစ်ပါတယ်။ ၄င်းကို အကွာအဝေးသဘောနဲ့ပဲ တိုင်းပါတယ် (high resolution က 0.5cm / 2inch ထက်နည်း)။ OTDR controller က data points တွေကိုယူဖို့ regular time intervals မှာ sensor ကို samples (နမူနာပြု) ပါတယ်။ ၄င်းက sensor ဖတ်ထားတာတွေကို ခပ်စိပ်စိပ်ယူပြီး data point တွေကို နီးနီးကပ်ကပ် နေရာချထားပေးရင် OTDR က နီးနီးကပ်ကပ်ရှိနေတဲ့ event တွေကို အာရုံခံနိုင်ပါတယ်။ Spatial resolution က fiber အဆုံးကိုနေရာသတ်မှတ်ပေးတဲ့ OTDR စွမ်းရည်ကို သက်ရောက်မှုရှိပါတယ် ( 8 meters တိုင်းမှာ data points ကောက်နေရင် fiber အဆုံးကို +/- 8 meter အတွင်းမှာပဲ နေရာသတ်မှတ်နိုင်လိမ့်မယ်။) Distance accuracy အပိုင်း တွင် ဆက်ကြည့်ပါ။
Figure - 9
မင်းအနေနဲ့ fiber trace တစ်ခုပေါ်က နှစ်သက်ရာ data points နှစ်ခုကြားမှာ distance (and loss) ကို select and measure ပြုလုပ်နိုင်ပါတယ်။ နီးနီးကပ်ကပ် (select) ထားတဲ့ points တွေက fiber နဲ့ပတ်သက်ပြီး ပိုပြီးအသေးစိတ်ကျကျ ဖော်ပြပေးပါလိမ့်မယ်။ OTDR က fiber trace ကို data points တွေဆက်ထားတဲ့ မျဉ်းကြောင်း (line) တစ်ကြောင်းအနေနဲ့ဖော်ပြပြီး cursor ကို points တွေကြားနဲ့ points တွေပေါ်မှာ ထားခွင့်ပြုထားပါတယ်။ ဒီ information တွေကို ပေါင်းစပ်ဖန်တီးခြင်းက actual spatial (or data point) resolution ထက် ပိုကောင်းတဲ့ display resolution ကိုဖြစ်စေပါတယ်။ Cursor ကို အကွာအဝေးနည်းနည်းချင်းရွှေ့နိုင်ဖို့ တိုင်းထားတဲ့ point နှစ်ခုကြားက အကွာအဝေးကို screen ပေါ်မှာ ဖြန့်ထားခြင်း (ဆွဲကြည့်ခြင်း) ဖြင့် centimeter resolution ကို အလွယ်တကူ ရရှိနိုင်ပါတယ်။ ဒါဟာ OTDR က high resolution measurement လုပ်နေတာမဟုတ်ပါဘူး။ High resolution display တစ်ခုသက်သက်သာပါ။
သတ်မှတ်နေရာတွေမှာ Dead zone ကြောင့် spatial resolution ကို လျော့ကျစေပါတယ်။ Fiber attenuation ရဲ့ မှန်ကန်တဲ့တိုင်းတာမှုတွေကို backscatter level မှ backscatter level ကိုပဲ ပြုလုပ်ပါတယ်။ Fresnel reflection တစ်ခုကြောင့် sensor က saturation ဖြစ်နေချိန်မှာ ရယူထားတဲ့ data point တွေကို loss measurement ပြုလုပ်ဖို့အတွက် အသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုအချိန်မှာ sensor က accurate level measurement ကို မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် Fresnel reflection တစ်ဝိုက်က spatial resolution က ပို၍ဆိုးဝါး (lower resolution ဖြစ်) ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးလို့ရတဲ့ point တွေက splice တစ်ဝိုက်က dead zone မတိုင်ခင်နဲ့ dead zone ပြီးမှပဲ ဖြစ်ပွါးလို့ပါပဲ။
No comments:
Post a Comment