#UnderstandingOTDRs
အပိုင်း (၄-၃)
OTDR Specifications
Loss Accuracy
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
Loss Accuracy
*************
OTDR sensor ရဲ့ loss accuracy ကို optical power meters နဲ့ photodetectors တွေမှာလိုမျိုး တူညီတဲ့နည်းလမ်းနဲ့ တိုင်းတာပါတယ်။ Optical sensor ရဲ့ accuracy က electrical current output က input optical power နဲ့ ဘယ်လောက်နီးနီးကပ်ကပ်သက်ဆိုင်လည်း (ကွာခြားလည်း) ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ Optical sensor အများစုက ၀င်လာတဲ့ optical power ကို သက်ဆိုင်ရာ electrical current level သို့ ၄င်းရဲ့ operating range ကို (အညီအညာ)ဖြတ်ပြီး ပြောင်းလဲပေးပါတယ်။ ဒါပေမယ့် electrical output က အလွန်အမင်းနည်းပါးပါတယ်။ Sensor အားလုံးက အလွန်နည်းတဲ့ electrical output level ကို boost လုပ်ဖို့အတွက် electrical amplifier တွေကိုအသုံးပြုပါတယ် ပြီးတော့ amplifier အားလုံးက distortion ပမာဏအချို့ကို signal မှာဖြစ်ပေါ်စေပါတယ်။ High quality amplifier တွေက high and low level နှစ်ခုလုံးကို တူညီတဲ့ပမာဏနဲ့ boost လုပ်ပေးနိုင်ပါတယ်။ နောက်တစ်မျိုးပြောရရင် သူတို့တွေမှာ operating range အများစုကိုကျော်လွန်ပြီး input တစ်ခုကို တုန့်ပြန်တဲ့ linear response (အစဉ်လိုက်တုန့်ပြန်မှု) တစ်ခုရှိတယ်။ Input level အနိမ့် အမြင့် နှစ်ခုစလုံးမှာ low quality amplifier တွေက amplified signal တွေကို significant distortion (သိသာတဲ့ ဖျက်စီးမှု) တွေဖြစ်ပေါ်စေပါတယ်။ Optical sensor ရဲ့ linearity inherent နဲ့ ၄င်းရဲ့ amplifier က incoming optical power ကို amplified electrical level သို့ပြောင်းလဲရာမှာ ဘယ်လောက်တိကျလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။
Optical sensor များစွာအတွက် loss accuracy ကို (၄င်းရဲ့ measurement range ငယ်ရင်) (+/-) dB ပမာဏနဲ့ပြပါတယ် (ဥပမာ။ ။ +/- 0.10 dB) ဒါမှမဟုတ် power level ရဲ့ percentage တစ်ခုအနေနဲ့ ဖော်ပြပါတယ် ( ဥပမာ။ ။ 2%)။ OTDR တွေအတွက် accuracy ရဲ့ ပိုမိုကောင်းမွန်တဲ့ ကိုယ်စားပြုမှုတစ်ခုက linearity ဖြစ်ပြီး +/- dB amount per dB of power (သတ်မှတ်ထားတဲ့ measurement range နဲ့တိုင်းတာထားသော) ဥပမာ။ ။ “+/- 0.10 dB/dB in the 10 to 20 dB range”။ OTDR တွေကို အလွန်ကျယ်ပြန့်တဲ့ measurement range (တချို့က backscatter level 40dB ပမာဏခန့်ရှိ)တွေမှာ ဆီလျော်တဲ့ accuracy တစ်ခုရရှိဖို့ မျှော်လင့်ထားကြတယ် ပြီးတော့ အဲဒါကြောင့်ပဲ sensor ရဲ့ optical input range တစ်ခုလုံးအတွက် ကောင်းမွန်တဲ့ linearity လိုအပ်ပါတယ်။ OTDR မှာ linearity problems တွေက displayed fiber trace မှာ အတက် အဆင်းနဲ့ မညီမညာပုံရိပ်တွေကို ရံဖန်ရံခါမှာ ဖော်ပြပါတယ်။ Linearity specification တွေကို ပုံမှန်အားဖြင့် ဈေးကွက်လက်ကမ်းကြော်ငြာတွေမှာ OTDR တွေအတွက် ဖော်ပြလေ့မရှိ ပါဘူး။
Fresnel reflection တွေက ပုံမှန်အားဖြင့် sensor ရဲ့ measurement range ကိုကျော်လွန်ပါတယ် ပြီးတော့ linearity specification မှာလည်း မပါဝင်(ထည့်မတွက်ထား)ပါဘူး။ သို့သော်လည်း reflection တစ်ခုပြီးနောက် recovery လုပ်တဲ့ကာလအတွင်းက trace display ဟာ incoming power level ရဲ့ အလွန်မြင့်မားရာ (reflection) မှ အလွန်နည်းပါးရာ (backscatter)သို့ ပြောင်းလဲမှုကြောင့် ရံဖန်ရံခါမှာ non-linearity လက္ခဏာ တွေကို ပြသပါတယ်။
No comments:
Post a Comment