Featured Post
FiberOpticsBasics
#FiberOpticsBasics (www.transition.com မှ ရှာဖွေဘာသာပြန်သည်) #BaJinn Introduction    Fiber optic technology ဆိုတာက data တွေကို transmi...
Wednesday, February 7, 2018
FiberOpticsBasics
#FiberOpticsBasics
(www.transition.com မှ ရှာဖွေဘာသာပြန်သည်)
#BaJinn
Introduction
   Fiber optic technology ဆိုတာက data တွေကို transmit လုပ်ဖို့အတွက် Light (အလင်း)ကို အသုံးပြုခြင်းပဲဖြစ်ပါတယ်။ Fiber optic ပုံမှန်အသုံးပြုမှုတွေကို ၁၉၇၀ခုနှစ်တွေအထိ မစတင်ခဲ့သေးပါဘူး။ Corning Glass Works ဌာနက Robert Maurer က fiber ကို စီးပွါးဖြစ်သုံးနိုင်အောင် အဆင့်မြှင့်ရင်း 20 dB/km loss နဲ့ရအောင် အဆင့်မြှင့်နိုင်ခဲ့တယ်။ အဲ့ဒီကတည်းက Fiber optic အသုံးပြုမှုက တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။ Fiber နည်းပညာ တိုးတက်မှု ၊ ထုတ်လုပ်မှု နဲ့ တပ်ဆင်မှု ကုန်ကျစရိတ်နည်းပါးမှုတွေကြောင့် Fiber ကို ကမ္ဘာအနှံ့အသုံးပြုမှုအထိ ဖြစ်လာခဲ့ပါတယ်။
 ဒီစာရွက်ရဲ့ ရည်ရွယ်ချက်က fiber အကြောင်းအကျဉ်းချုပ်နဲ့ ၄င်းရဲ့ တည်ဆောက်ပုံ နဲ့ လုပ်ဆောင်ပုံတွေကို တင်ပြပေးဖို့ပဲဖြစ်ပါတယ်။
Fiber Optic Overview
   Fiber ကိုအလွန်အမင်းသုံးတာက telecommunications industry တွေပဲဖြစ်ပါတယ်။ Telephone ကုမ္ပဏီတွေက fiber ကို central office တည်နေရာတွေကြား high volumes of voice traffic ကို transport လုပ်ဖို့အတွက် စတင်အသုံးပြုကြပါတယ်။ ၁၉၈၀ ခုနှစ်တွေအတွင်း telephone ကုမ္ပဏီတွေက သူတို့ရဲ့ network တစ်လျှောက် fiber ကိုစတင်ဖြန့်ကျက်ကြပါတယ်။ Fiber နည်းကညာက ကုမ္ပဏီတွေကို “future proof” network တွေဆီ လမ်းဖွင့်ပေးခဲ့တယ်။ “Future proof” ဆိုတဲ့စာလုံးကို အသုံးပြုရတာက fiber က သီအိုရီနည်းကျစွာ bandwidth အကန့်အသတ်မဲ့ ပါတယ်။ Bandwidth ဆိုတာက media (fiber ကိုရည်ညွှန်း) ရဲ့ data သယ်ဆောင်နိုင်စွမ်းကို တိုင်းတာတဲ့ အတိုင်းအတာပဲဖြစ်ပါတယ်။ Bandwidth များလေ data (သို့) information များများကို ပိုပြီးတော့ transmit လုပ်နိုင်လေပါပဲ။ Copper ကတော့ ၄င်းကိုလူကြိုက်နည်းစေတဲ့ bandwidth ရယ် distance ကန့်သတ်ချက်ရယ်ရှိပါတယ်။
Fiber ရဲ့ကောင်းကျိုးတွေက -
• Voice , video နဲ့ data အသုံးပြုမှုတွေအတွက် bandwidth ကများပါတယ်
• Optical fiber က copper ထက် information ကို အဆထောင်ပေါင်းများစွာ ပိုသယ်ဆောင်နိုင်ပါတယ်။ ဥပမာ။    ။ Fiber တစ်ချောင်းက United States က telephone စကားပြောဆိုမှုအားလုံးကို လိုင်းကျပ်ဆုံးအချိန်မှာတောင် သယ်ဆောင်နိုင်ပါတယ်။
• Fiber က copper ထက် ပေါ့ပါးပါတယ်။ Copper cable က ပေ ၁၀၀၀ မှာ ခန့်မှန်းချေ ပေါင်၈၀ လောက်ရှိပြီး fiber ကတော့ ပေ ၁၀၀၀ မှာ ၉ပေါင်လောက်ပဲရှိပါတယ်။
• Loss နည်းတယ်။Frequency များလေ copper cable မှာသုံးတဲ့ signal loss က များလေပါပဲ။ Fiber မှာဆို အလွန်မြင့်မားတဲ့ frequency ကလွဲ၍ frequency တိုင်းမှာ signal loss ကအတူတူပါပဲ။
• ယုံကြည်စိတ်ချရမှု ။ Fiber က copper ထက်ပိုယုံကြည်စိတ်ချရပြီး ပိုပြီးလည်း သက်တမ်းရှည် ပါတယ်။
• လုံခြုံမှု ။ Fiber က electromagnetic interference မထုတ်ဘူး ပြီးတော့ ကြားဖြတ်နားထောင်ဖို့လည်းခက်ခဲပါတယ်။
Optical Fiber Construction
    Optical fiber ကို element များစွာနဲ့ ဖွဲ့စည်းထားပါတယ်။ Fiber optic cable တည်ဆောက်ပုံမှာ core, cladding, coating buffer, strength member နဲ့ outer jacket တို့ပါဝင်ပါတယ်။ Optic core က center မှာရှိပြီး အလင်းသယ်ဆောင်တဲ့ အရာဖြစ်ပါတယ်။ Core ကို ပုံမှန်အားဖြင့် silica နဲ့ germania တို့ပေါင်းစပ်တည်ဆောက်ထားပါတယ်။ Core ကိုဝန်းရံထားတဲ့ cladding ကိုတော့ pure silica နဲ့ပြုလုပ်ထားပါတယ်။ Cladding က core ထက် index of refraction အနည်းငယ်ပိုနည်းပါတယ်။ Refractive index (ယိုင်ညွှန်းကိန်း) နည်းတာက core ထဲက အလင်းကို cladding မှာအလင်းယိုင်စေပြီး (အလင်းကို) core ထဲမှာပဲတည်ရှိစေပါတယ်။
    Index of refraction ဆိုတာက လေဟာနယ်ထဲမှာရှိတဲ့ အလင်းရဲ့အလျှင်နဲ့ ဒြပ်ထုတစ်ခုထဲ မှာရှိတဲ့ အလင်းရဲ့အလျှင်ကို အချိုးချထားခြင်းပဲဖြစ်ပါတယ်။ လေဟာနယ်ထဲမှာရှိတဲ့ အလင်းရဲ့အလျှင်
က 300, 000, 000 meters per second  ပဲဖြစ်ပါတယ်။ Index of refraction များလေလေ ဒြပ်ထုထဲမှာဖြတ်တဲ့  အလင်းရဲ့အလျင်က နှေးလေလေပါပဲ။
 Index of Refraction = Light velocity (vacuum) / Light velocity (material)
ဥပမာ။   ။
 Air = 300, 000, 000 meters/second
 IR=1
 Glass = 200, 000, 000 meters/second
 IR=1.5
   Fiber မှာ single mode နဲ့ multimode ဆိုပြီးရှိတယ်။ Fiber size တွေကို နံပါတ်နှစ်ခု သုံးပြီးဖော်ပြကြတယ်။ 8/125။ ပထမနံပါတ်က core size in microns ကိုရည်ညွှန်းပြီး ဒုတိယနံပါတ် က core size နဲ့ cladding size ကိုပေါင်းထားတာကို ရည်ညွှန်းပါတယ်။
Figure 1:
Fiber Connectors
   အသုံးအများဆုံး fiber connector ကတော့ SC conntctor ပဲဖြစ်ပါတယ်။ Network administrators တွေက fiber connector ရွေးချယ်တဲ့အခါ low loss, footprint size, နဲ့ locking capabilities တွေကိုထည့်စဉ်းစား သင့်ပါတယ်။
Figure 2:
Types of Fiber
    Single mode fiber မှာအလင်းကို မျဉ်းဖြောင့်တစ်ခုအဖြစ်နဲ့သွားစေတဲ့ အလွန်သေးငယ် သော core တစ်ခုရှိပြီး ပုံမှန်အားဖြင့် 8 or 10 microns အရွယ်အစားရှိပါတယ်။ ၄င်းမှာ transmitting equipment ပေါ်မူတည်ပြီး 80 kmကျော်ကို မထပ်ပဲသွားနိုင်တဲ့ အကန့်သတ်မဲ့ bandwidth ရှိပါတယ်။ Single mode fiber က multimode fiber ထက် အလွန်များပြားတဲ့ information capacity ရှိပါတယ်။
   Multimode fiber က အလင်းလမ်းကြောင်းများစွာ သွားလို့ရပြီး core size ပိုကြီးပါတယ်။ Core size က 50 or 62.5 microns ရှိပါတယ်။ Multimode fiber မှာ အလင်းက လမ်းကြောင်း (modes) များစွာနဲ့ဖြာဆင်းပါတယ်။
   Multimode fiber ကိုပုံစံနှစ်မျိုးနဲ့ ထုတ်လုပ်နိုင်ပါတယ် - step-index နဲ့ graded index ။ Step-index fiber မှာ core ရဲ့ index of refraction နဲ့ cladding ရဲ့ index of refraction ကြား ရုတ်ချည်းပြောင်းလဲမှုတစ်ခုရှိတယ်။ Multimode step-index fibers တွေက တခြား fiber design တွေထက် bandwidth ပိုနည်းပါတယ်။
   Graded index fiber ကို step index fiber ရဲ့ ရှိရင်းစွဲ modal dispersion ကိုလျှော့ချဖို့ အတွက် ဒီဇိုင်းဆွဲခဲ့ကြတယ်။ Modal dispersion က higher and lower order modes တလျှောက် core ကိုဖြတ်ပြီး light pulses သွားနေစဉ်မှာ ဖြစ်ပွါးပါတယ်။ Graded index fiber ကို core မှာ index of refraction အမြင့်ဆုံးရှိတဲ့ layers များစွာနဲ့ ဖွဲ့စည်းထားပါတယ်။ Layers တွေက center ကနေ တဖြည်းဖြည်းဝေးသွားတဲ့အတွက်ကြောင့် layer တစ်ခုချင်းစီမှာ index of refraction တဖြည်းဖြည်း နည်းသွားပါတယ်။ High order modes တွေက cladding ရဲ့ outer layer အထိဝင်ပြီး  core ဆီကို အလင်းပြန်သွားကြပါတယ်။ Multimode graded index fibers တွေက output pulse ရဲ့ attenuation (loss) ပိုနည်းပြီး multimode step-index fibers တွေထက် bandwidth ပိုများပါတယ်။
Table 1:
  Single mode step-index fibers တွေမှာ အလင်းက တစ်ကြောင်းတည်း သွားတဲ့ အတွက် ကြောင့်modal dispersion က မသက်ရောက်ပါဘူး။ Single mode step-index fibers တွေက chromatic dispersion မှတစ်ဆင့် light pulse က stretching and shrinking (ဆန့်ခြင်း နှင့် ကျုံ့ခြင်း) ကိုကြုံတွေ့ရပါတယ်။ Chromatic dispersion က light pulse တစ်ခုမှာ wavelength တစ်ခုထက်ပိုပါတဲ့အခါ ဖြစ်ပွါးပါတယ်။ Wavelengths တွေက မတူညီတဲ့ speed နဲ့သွားပြီး အလင်းတန်းကို ပျံ့နှံ့စေပါတယ်။ Dispersion က optical signal က core အပြင်ဘက် cladding ထဲရောက်တဲ့အခါမှာလည်း ဖြစ်ပွါးပြီး total pulse ကို ဆန့်စေပါတယ်။
   Single mode shifted fiber က dispersion ကိုလျှော့ချဖို့အတွက် core and cladding အလွှာများစွာကို အသုံးပြုထားပါတယ်။ Dispersion shifted fibers တွေမှာ attenuation (loss) နည်း ၊ transmission distance ပိုရှည်ပြီး bandwidth ပိုများပါတယ်။
 Fiber cable အကြောင်းဆွေးနွေးတဲ့အခါ ICF နဲ့ OSP ဆိုတာကို ကြားရလိမ့်မယ်။ IFC က intrafacility fiber cable ကိုရည်ညွှန်းပါတယ်။ ဒီလို fiber အမျိုးအစားတွေက အဆောက်အအုံတစ်ခု လိုမျိုး ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်တစ်ခုထဲမှာ သုံးဖို့အတွက် ဒီဇိုင်းဆွဲထားပါတယ်။ ဒီ Cable တွေက အဆောက်အအုံထဲမှာ သုံးတဲ့အတွက် physical protection သိပ်မလိုပဲ ပိုပြီးတော့ flexible ဖြစ်ပါတယ်။ Outside plant cable (OSP) ကို ပြင်းထန်တဲ့ အပူချိန် ၊ မိုး နဲ့ လေတို့တိုက်ရိုက်ထိတွေ့ နိုင်တဲ့ အန္တရာယ်များတဲ့ ပတ်ဝန်းကျင်မှာ အသုံးပြုကြပါတယ်။ ဒီ cable တွေက ပိုပြီးတော့ ဒူပေနာပေခံတယ် ပြီးတော့ fiber ကိုကာကွယ်ဖို့အတွက် buffering နဲ့ sheathing အပို layer တွေရှိပါတယ်။
   Fiberတွေကို standarded နဲ့ ribbon cableတစ်မျိုးမျိုးအဖြစ်တပ်ဆင်ကြပါတယ်။ Standard cables တွေက အတူတကွ စည်းနှောင်ထားတဲ့ individual fiber တွေပဲဖြစ်ပါတယ်။ Ribbon cables ကို fiber ၁၂ ချောင်းအထိ အုပ်စုဖွဲ့ တည်ဆောက်ထားပြီး multi fiber ribbon တစ်ခု တည်ဆောက်ဖို့ အတွက် plastic နဲ့ coating လုပ်ထားပါတယ်။ Standarded နဲ့ ribbon fiber အစည်းကို loose or tight buffering cable ထဲအတူတကွ ထုပ်ပိုးနိုင်ပါတယ်။
Table 2:
Optics
       Optical communications system တိုင်းမှာ companent သုံးခုနဲ့ဖွဲ့စည်းထားပါတယ်။
• Transmitter
• Medium (fiber cable)
• Receiver
    Transmitter က electrical signal ကနေ light အဖြစ်ကူးပြောင်းပေးပြီး ၄င်းကို fiber ထဲပို့လွှတ်ပေးပါတယ်။ Receiver က optical signal ကိုရရှိပြီး  ၄င်းကို electrical signal အဖြစ် ပြန်ပြောင်းပေးပါတယ်။ Transmitter နှစ်မျိုးရှိပါတယ်။
• Laser diode
• LED (Light Emitting Diode)
Table 3:
   Output power က specific drive current တစ်ခုမှာ ထုတ်လွှတ်တဲ့ power ပမာဏကို ရည်ညွှန်းပါတယ်။ Output power များလေ transmission distance များလေပါပဲ။ System ရဲ့ bandwidth လိုအပ်ချက်ကို ပြည့်မှီဖို့အတွက် transmitter က switch on and off လုပ်နိုင်တဲ့ speed ကို switching speed လို့ခေါ်ပါတယ်။ ပိုမြန်တဲ့ switching speed က bandwidth များများပါတဲ့ pusles တွေကို ပိုပြီးပို့လွှတ်နိုင်ပါတယ်။ Source ကထုတ်လွှတ်တဲ့ range of wavelength ဆိုတာ spectral width ပဲဖြစ်ပါတယ်။ ကျဉ်းမြောင်းတဲ့ spectral width က bandwidth ပိုများပါတယ်။
   Transceivers တွေကို optical source ရဲ့ ပတ်ဝန်းကျင်အခြေအနေကို အာရုံခံနိုင်စွမ်းအပေါ် တန်ဖိုးဖြတ်ကြပါတယ်။ Laser diode က တည်ငြိမ်တဲ့ voltage နဲ့ temperature ကိုလိုအပ်ပါတယ်။ LEDs တွေက ပတ်ဝန်းကျင် မငြိမ်သက်မှုကို အာရုံခံနိုင်စွမ်းပိုနည်းပါးပါတယ်။ Laser diodes တွေက မြင့်မားတဲ့ စွမ်းရည်လက္ခဏာတွေ ၊ temperature တည်ငြိမ်ဖို့အတွက် အပိုပစ္စည်းတွေနဲ့ သက်တမ်းတိုမှုတွေကြောင့် ကုန်ကျစရိတ်ပိုများပါတယ်။ LED optical source တွေရဲ့ စွမ်းဆောင်ရည် နိမ့်မှုနဲ့ သက်တမ်းရှည်မှုက တပ်ဆင်ဖိုပိုလွယ်ကူစေပြီး ကုန်ကျစရိတ်သက်သာပါတယ်။
   Transmitters တွေကို wavelength ၃ခု (850 nanometers, 1310 nanometers, and 1550 nanometers) ထဲက ၁ခုခုနဲ့ ထုတ်လွှတ်နိုင်အောင် ဒီဇိုင်းဆွဲထားပါတယ်။ ဒီ wavelength တွေက attenuation အလွန်နည်းတဲ့အတွက်ကြောင့် fiber optic communications အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုပဲဖြစ်ပါတယ်။ Attenuation က optical power ဆုံးရှုံးမှုပဲဖြစ်ပြီး decibels နဲ့တိုင်းပါတယ်။
 +dB = -10log10 = output power / input power
   Logarithmic measurement. Decibel number အနည်းငယ်ပြောင်းလဲခြင်းက power များစွာပြောင်းလဲမှုကို ကိုယ်စားပြုတယ်။
   Negative လက္ခဏာက signal power ဆုံးရှုံးမှုကို ပြတယ်။
   Positive လက္ခဏာက signal power ရရှိမှုကိုပြတယ်။
ဥပမာ။ ။ -30dB = 50 % power loss, power 50% ပဲကျန်
  -10dB = 90% power loss, power 10% ပဲကျန်
Attenuation ရဲ့အကြောင်းအရင်း
• Iron, copper or cobalt လိုမျိုး fiber ထဲက အလွန်သေးငယ်တဲ့ အညစ်အကြေးတွေကြောင့် optical energy ဆုံးရှုံးမှု
• Microscopic imperfections တွေနဲ့ထိတွေ့မှုကြောင့် အလင်းတန်း ပျံ့ကြဲမှု (Rayleigh scattering)
• Fiber ထဲက nick or dent (အပွန်းအပဲ့)တွေကြောင့်ဖြစ်တဲ့ microbending က အလင်းတန်းကိုနှောင့်ယှက်မှု
• Fiber က၄င်းရဲ့ minimum bend radius ထက်ကျော်လွန်ပြီး ကွေးတဲ့အခါ macrobending ဖြစ်မှု
Receiver မှာ components သုံးခုပါဝင်တယ်။
• Detector
• Amplifier
• Demodulator
  Detector က optical signal ကို electrical signal အဖြစ်ကူးပြောင်းပေးပါတယ်။ Amplifier က signal strength ကို တိုးမြှင့်ပေးပါတယ်။ Demodulator က original electrical signal ကို extract လုပ်ပါတယ်။
  Receiver ကိုရွေးချယ်တဲ့အခါ sensitivity နဲ့ dynamic range ကိုထည့်စဉ်းစားဖို့လို တယ်။ Sensitivity က receive လုပ်နိုင်တဲ့ signal strength ပမာဏအနည်းဆုံးကိုဆိုလိုပြီး data ကို detect and decode တိတိကျကျလုပ်ဖို့ အလင်းပမာဏဘယ်လောက်လိုအပ်လဲ ဆိုတာကို တိုင်းတာတဲ့အတိုင်းအတာတစ်ခုပဲဖြစ်ပါတယ်။ ၄င်းကို dBm (ယူနစ်) နဲ့ဖော်ပြပြီး များသောအားဖြင့် အနှုတ်လက္ခဏာရှိပါတယ်။ နံပါတ်ကသေးလေ receiver ကကောင်းလေ ပါပဲ။ ( -30 dBm က -20 dBm ထက်ပိုသေးပါတယ်။)
 Dynamic range က receiver ကလက်ခံနိုင်တဲ့ singal strength ရဲ့ range ပဲဖြစ် ပါတယ်။
ဥပမာ။   ။ Receiver က signal တစ်ခုကို -30dBm နဲ့ -10dBm ကြားကို လက်ခံနိုင်ရင် ၄င်းရဲ့ dynamic range က 20dB ဖြစ်ပါတယ်။ Receiver ကလက်ခံနိုင်တဲ့ ပမာဏထက်ကျော်ပြီး (သို့)နည်းပြီးရောက်လာတဲ့ signal တွေကို amplified or attenuated လုပ်ပြီးမှ လက်ခံပါတယ်။
Optical Power budgets
   Receive sensitivity နဲ့ transmitter power ကို cable အတွက်ရနိုင်တဲ့ optical power budget ကိုတွက်ဖို့ရာ အသုံးပြုပါတယ်။ Optical power budget ကိုတွက်ရာမှာ ပထမဆုံးအချက်က electronic devices တွေအတွက် အလင်းဘယ်လောက်ရနိုင်လဲဆိုတာကို ဆုံးဖြတ်ဖို့ပဲဖြစ်ပါတယ်။ ဒါကို minimum transmit power နဲ့ minimum receive sensibility ကိုရှာပြီး လုပ်လို့ရပါတယ်။ ဒီအတိုင်းအတာတွေကို ပစ္စည်းထုတ်လုပ်သူတွေဆီကနေရရှိနိုင်ပါတယ်။ Minimum transmit power ဆိုတာ ပစ္စည်းကသတ်မှတ်ထားတဲ့ transmit power ရဲ့အနည်းဆုံးပမာဏကိုဆိုလိုပါတယ်။ ပစ္စည်းရောင်းသူတွေက average transmit power ကိုထုတ်ပေးပါတယ်။ ဒီ average ကိုသုံးတဲ့အခါ သတိထားပါ။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းက အဲဒီ average level မှာ အလုပ်ကောင်းကောင်းလုပ် နိုင်မယ်လို့ အာမမခံလို့ပါပဲ။
   ရရှိနိုင်တဲ့ အလင်းကိုတွက်ချက်ဖို့ minimum transmit power ထဲကနေ minimum receive sensitivity ကိုနှုတ်ရပါတယ်။  Minimum receive sensitivity က များသောအားဖြင့် negative number ဖြစ်လေ့ရှိပါတယ် (ဥပမာ။  ။ -33 dBm)။ ဥပမာ။  ။ Device တစ်ခုက minimum transmit power က -10 dBm ရှိပြီး minimum receive sensitivity က -33 dBm ဆိုရင် ရရှိနိုင်တဲ့ power က 23 dBm ဖြစ်လိမ့်မယ်။
Available light = minimum transmit power – minimum receive sensitivity
   = -10 dBm – (-33 dBm)
   = 23 dBm
  Company (သို့) product model မတူတဲ့ devices တွေကို connect လုပ်တဲ့အခါ available power calculation ကို နှစ်ဖက်စလုံး (both direction) မှပြုလုပ်ဖို့လိုပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန်ဖို့အတွက် available light ပမာဏကို calculation နှစ်ခုထဲမှ ပိုငယ်တဲ့ကောင်ကို သုံးသင့်ပါတယ်။
  Available light တစ်ခါတွက်ပြီးတိုင်း loss factors အားလုံးကိုနှုတ်ဖို့လိုပါတယ်။ Loss တွေက cable attenuation, connector loss and cable splices တွေကနေ အစပြုနိုင်ပါတယ်။ Cable attenuation က အသိသာဆုံး loss ဖြစ်ပါတယ်။ ဒီနံပါတ်က .22 dB ကနေ .5 dB per kilometer အထိရှိပါတယ်။ ဒီနံပါတ်ကို number of kilometers နဲ့မြှောက်ပါ။ .4 dB per kilometer loss နဲ့ fiber က 40 kilometers ကျော်တဲ့အခါ 16 dB ဆုံးရှုံးပါလိမ့်မယ်။
 အကွာအဝေးတစ်ခုကိုကျော်တဲ့အခါ splicing လုပ်ဖို့လိုပါလိမ့်မယ်။ ဒါ့ကြောင့် splicing loss ပါထည့်တွက်ဖို့လိုပါလိမ့်မယ်။ ပုံမှန်အားဖြင့် splice တစ်ခုကို .1 dB ထားပါတယ်။ ဒီနံပါတ်ကို splice အရေအတွက်နဲ့မြှောက်ပါ။
  တွက်ချက်မှုမှာ connector loss ကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ချက်ပါပဲ။ Network အတွက်လိုအပ်မယ့် connector အရေအတွက် အတိအကျကိုလည်း ဆုံးဖြတ်ဖို့လိုပါမယ်။ Connector ထုတ်လုပ်သူတွေနဲ့ တပ်ဆင်သူတွေက connector loss တွေကိုပေးထားပါတယ်။ စုစုပေါင်း connector အရေအတွက်ကို connector တစ်ခုမှာရှိတဲ့ loss နဲ့မြှောက်ပါ။
   ဒီ factor တစ်ခုချင်းစီကို နဂို available light ထဲကနှုတ်ပါ။ တွက်ချက်မှုထဲမှာ safety factor ကို ပုံမှန်းဖြင့် ထည့်တွက်ကြပါတယ်။ ဒီနံပါတ်က organization တစ်ခုနဲ့တစ်ခု မတူပါဘူး။ ဒါပေမယ့် ပုံမှန်အားဖြင့် ခန့်မှန်းခြေ 3 dB ခန့်ကို အသုံးပြုပါတယ်။
ေေေေေ  အောက်က table မှာ optical link budget ခန့်မှန်းတွက်ချက်ရာမှာသုံးတဲ့ အသုံးများသော နံပါတ်များပဲဖြစ်ပါတယ်။ ရနိုင်ရင် ကိုယ့် network နဲ့ ပစ္စည်းထုတ်လုပ်သူတွေဆီက real number တွေကို့ အသုံးပြုသင့်ပါတယ်။
Table 4:
Basics of Fibre Optic (7)
Basics of Fibre Optic (7)
Cable types တွေကို ဖော်ပြပေးလိုက်ပါတယ်။ နောက်ရက်တွေမှာ အမျိုးအစားအလိုက် အသုံးပြု ပုံကိုလည်း ရေးသားပါ့မယ်။
1.OFC: Optical fiber, conductive
2.OFN: Optical fiber, nonconductive
3.OFCG: Optical fiber, conductive, general use
4.OFNG: Optical fiber, nonconductive, general use
5.OFCP: Optical fiber, conductive, plenum
6.OFNP: Optical fiber, nonconductive, plenum
7.OFCR: Optical fiber, conductive, riser
8.OFNR: Optical fiber, nonconductive, riser
9.OPGW: Optical fiber composite overhead ground wire
10.ADSS: All-Dielectric Self-Supporting
11.OSP: Fiber optic cable, outside plant
12.MDU: Fiber optics cable, multiple dwelling unit
လေးစားလျှက်
TunWai @ Electronics
Basics of Fibre Optic. အပိုင်း (၆)
Basics of Fibre Optic.       အပိုင်း (၆)
Single-mode နဲ့ Multi-mode ဘာတွေကွာခြားသလဲ
Fibre Material
        Optical Fibre တွေကိုထုတ်လုပ်တဲ့နေရာမှာ အဓိကအားဖြင့် Glass နဲ့ Plastic အမျိုးအစားတွေကို အသုံးပြု ကြပါတယ်။
Glass နဲ့ Plastic တို့မှာ မတူညီတဲ့ Characteristic တွေရှိသလို အသုံးပြု မှု နယ်ပယ်တွေလည်းမတူကြပါဘူး။ ယေဘုယအားဖြင့် Plastic Fibre တွေကို Very Short Range Communication တွေမှာ အသုံးပြု ပြီး Glass Fibre တွေကိုတော့ Short and Long နှစ်မျိုးစလုံးမှာအသုံးပြု ကြပါတယ်။ အဲ့ဒီလိုအသုံးပြု ကြတဲ့အခါ မှာ Modal Dispersion ဆိုတာတွေဖြစ်ပေါ်လာပါတယ်။
Modal Dispersion ဆိုတာ
      အရှင်းဆုံးပြောရရင်   Radio Electronic Device တွေမှာ Noise တွေဝင်တာ Frequency မသန့်တာတွေကို Distortion လို့ပြောဆိုလေ့ရှိပြီး Optical Fibre တွေမှာတော့ Dispersion လို့ ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။
         Long Range Transmission တွေမှာ အကွာအဝေးများလွန်းတာကြောင့် Dispersion ဖြစ်နိုင်ခြေ ပိုမိုများပြားပါတယ်။ နောက်တစ်ချက်က Plastic အမျိုးအစား နဲ့ပြု လုပ်ထားတဲ့ Fibre Cable တွေဟာ Glass အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Fibre Cable တွေထက် Dispersion ဖြစ်နိုင်မှု အခြေအနေပိုများပါတယ်။
          ဒါ့ကြောင့် Plastic Fibre Cable တွေကို Very Short Range အတွက်ပဲ အသုံးပြု ကြတာ များပြီး Glass Fibre Cable တွေကိုတော့ Multi-mode ပဲ ဖြစ်ဖြစ် Single-mode ပဲဖြစ်ဖြစ် Long-haul transmission တွေမှာ အသုံးပြု ကြပါတယ်။
          များသောအားဖြင့်တော့ နိုင်ငံတကာမှာ Long-haul အတွက် Single-mode ကိုပဲ အသုံးပြု ကြပါတယ်။
Multi-mode နဲ့ Dispersion
         Multi-mode မှာဆိုရင် Light mode တွေကို မတူညီတဲ့ Reflected Angle တွေ မတူညီတဲ့ Light wavelength တွေနဲ့  Tx ပြု လုပ်ပါတယ်။ အဲ့ဒီလို Tx လုပ်တဲ့အခါ မှာ Angle အကျဉ်းဆုံး Mode မှာ Dispersion အများဆုံးဖြစ်ပေါ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သူဟာ တစ်ခြား Light Mode တွေထက် Angle တွေများစွာ လိုအပ်လို့ပါပဲ။
 ဒါ့ကြောင့် ကန့်သတ် သတ်မှတ်ထားတဲ့ Bandwidth တွေပေါ်မူတည်ပြီးတော့ Light Mode တွေကို Tx ပြု လုပ်ရပါတယ်။
ဥပမာ- 50um Core အတွက်ဆိုရင် Bandwidth ကို 20Mhz/km အဖြစ်ကန့်သတ်ထားပါတယ်။
Modal Dispersion တွေ လျော့ကျအောင် ထိရောက်တဲ့ နည်းလမ်းမျိုးစုံကို ပညာရှင်တွေက ရှာဖွေ အသုံးချနေပေမယ့်လည်း ပြည့်စုံမှုတော့မရှိသေးပါဘူး။  ဒါဟာလည်း သဘာဝတရားတစ်ခုပါပဲ။ Theory တွေကို အခြေခံပြီး စာရွက်ပေါ်မှာ ချတွက်ထားတဲ့ Ideal state ဆိုတာ စာရွက်ထဲမှာပဲ ရှိနေပါတယ်။ ပြင်ပလက်တွေ့မှာတော့ လိုအပ်ချက်တွေ များစွာဟာနေရာတိုင်းမှာရှိနေသလို Fibre Cable Communication မှာလည်း ရှိနေပါတယ်။
        Fibre အကြောင်း လေ့လာသူတို့အဖို့ Modal Dispersion ကို Chromatic Dispersion နဲ့ မရောထွေးစေဖို့ သတိပြု ရမှာပဲ ဖြစ်ပါတယ်။
Chromatic dispersion ဆိုတာကတော့ အလင်းတန်းတွေရဲ့ မတူညီတဲ့ Wavelength တွေ အလင်းအလျင်ခြားနားမှုတွေကြောင့် ဖြစ်ပေါ်ပြီးတော့ အလင်းထုတ်လွှတ်မှုအခြေအနေတစ်ခုမှာ ရှိနေတဲ့ Modal Dispersion ဆိုတာကတော့ Monochromatic Light Source တွေကြောင့် အများဆုံးဖြစ်ပေါ်ပါတယ်။
Monochromatic ဆိုတာကတော့
ဂရိ စာလုံး ကနေ ယူထားတာပါ။  Mono ဆိုတာ single ကို ဆိုလိုပြီး Chroma ဆိုတာကတော့ Color ကို ဆိုလိုခြင်း ဖြစ်ပါတယ်။
         Modal dispersion ရဲ့ အထူး case တစ်ခုကတော့ Multi-mode တွေမှာ အတွေ့များတဲ့ Polarization Mode Dispersion (PMD) ပဲ ဖြစ်ပါတယ်။
ဥပမာ- Multi-mode မှာ Light Mode နှစ်ခုဟာ တစ်ပြိုင်နက်တည်းမှာ Speed တူညီစွာနဲ့ သွားတယ်ဆိုပါစို့။ အဲ့ဒီနေရာမှာ Light signal တွေရဲ့မတူညီတဲ့ Wavelength တွေ Fibre cable တွေသွယ်တန်းထားမှုအခြေအနေ ကွေးညွတ်မှုအခြေအနေတွေ ဆွဲဆန့်တဲ့အခါမှာ ခံနိုင်ရည်နဲ့ စသဖြင့်  နည်းစနစ်ကျနမှုရှိခဲ့မယ်ဆိုရင် Dispersion ဖြစ်နိုင်မှုအခြေအနေတွေဟာ နည်းပါးမှာပါ။
        အကယ်၍ ဆန့်ကျင်ဘက် အခြေအနေတွေ ပြုလုပ်ခဲ့မယ်ဆိုရင်တော့ Signal တွေဟာ ပုံပျက်ပန်းပျက်နဲ့ တစ်ဖက်ကို ရောက်ရှိသွားမှာပဲ ဖြစ်ပါတယ်။
Modal Dispersion တွေဟာ Single-mode တွေမှာလည်း တွေ့ရတတ်ပါတယ်။
လေးစားလျှက်
TunWai @ Electronics
ဆက်ရန်........
Basics of Fibre Optic အပိုင်း (၅)
Basics of Fibre Optic           အပိုင်း (၅)
 Optical Fiber  and Attenuation
          Fibre တစ်လျောက် Light Tx ပြုလုပ်တဲ့အခါမှာ အလင်းဟာ တစ်ဖြည်းဖြည်း လျော့ကျလာပါတယ်။ ဒါကို Attenuation လို့ ယေဘုယ ခေါ်ဆို နိုင်ပါတယ်။ Attenuation ဆိုတာ အလင်းရဲ့ Wavelength တွေထဲက Function တစ်ခုဖြစ်ပါတယ်။ ဖော်ပြပါပုံမှာ လေ့လာနိုင်ပါတယ်။
         Optical Fibre တွေနဲ့ပတ်သတ်လို့ Multi-mode မှာ Wavelength ဟာ 850nm သို့ 1300nm မှာ အသုံးပြု ပြီး Single-mode မှာ 1300nm နဲ့ 1550nm wavelength မှာ အသုံးပြု ပါတယ်။
          ဖော်ပြပါ Graph မှာဆိုရင် အလင်းသွားတဲ့အခါမှာ
1300 နဲ့ 1550nm တွေမှာ Peak တွေဟာ နိမ့်ကျနေတာ တွေ့ရပါမယ်။ peak တွေနိမ့်ကျတာဟာ Attenuation လျော့နည်းတာကို ကိုယ်စားပြု ပြီး Peak တွေမြင့်တက်နေရင်တော့ Attenuation များတာကိုဆိုလိုပါတယ်။
          Graph အရ 850nm မှာ peak တန်ဖိုးဟာ 3dB of Attenuation ဖြစ်ပြီး အဲ့ဒီ 3dB တန်ဖိုးဟာ အလင်း ၅၀ % လျော့ကျပျောက်ဆုံးသွားတာကို ဆိုလိုတာပါ။
Bandwidth
     Optical Fibre အတွင်း Information တွေကို သိုလှောင်သိမ်းဆည်းသယ်ဆောင်သွားတဲ့နေရာမှာ အကန့်အသတ်ဘောင်အဖြစ်သတ်မှတ်ထားတဲ့ Mhz တန်ဖိုးကို ဆိုလိုတာပါ။
        ဥပမာအားဖြင့် ၆ လမ်းသွား လမ်းမကြီးတွေမှာ ၂လမ်းသွားလမ်းမကြီးတွေနဲ့စာရင် ယာဉ်တွေသွားလာတဲ့အခါ မိမိသွားလိုတဲ့နေရာကို ချောင်ချောင်လည်လည်နဲ့ အထိအခိုက်နည်းစွာ သွားလာ နိုင်ကြပါတယ်။ အဲ့ဒီလမ်းရဲ့အကျယ်နဲ့ အမြန်ဆုံး မောင်းနှင်နိုင်တဲ့ Speed  ဟာ BW ပဲ ဖြစ်ပါတယ်။ BW ကျဉ်းရင်၊နည်းရင် နှောင့်နှေးကြန့်ကြာမယ် ကျယ်ရင် ကျယ်သလောက် မြန်ဆန်ပါတယ် (Data သယ်ဆောင်နိုင်တဲ့ Speed နဲ့တော့ဆိုင်မှာပေါ့)
         Fibre မှာ 500Mhz-km ဆိုရင် ဒါဟာ 1km ကို တစ်စက္ကန့်လျှင် 500Mhz နှုန်းနဲ့ Data တွေ Information တွေကို သယ်ဆောင်သွားနိုင်တာကို ဆိုလိုတာပါ။
         Single-mode Fibre Cable တွေရဲ့ BW တန်ဖိုးဟာ Multi-mode Fibre Cable တွေရဲ့ BW တန်ဖိုးထက် များစွာ သာလွန်ပါတယ်။
          ဒါ့ကြောင့် များသောအားဖြင့် Fibre Cable သုံး Long-haul Transmission (Very long distance Tx) တွေမှာ Single-mode Fibre တွေကိုသာ အသုံးပြု ကြပါတယ်။
လေးစားစွာဖြင့်
TunWai @ Electronics
ဆက်ရန်.....
Basics of Fibre Optics အပိုင်း (၄)
Basics of Fibre Optics             အပိုင်း (၄)
Optical Fibre Cable
         Optical Fibre တွေကို အဓိကအားဖြင့် Centre တူ အလွှာ ၃ ခုနဲ့ ပြုလုပ်ထားပါတယ်။
1. Core
         Silica သို့ Doped Silica နဲ့ ပြုလုပ်ထားပါတယ်။ အတွင်းပိုင်းမှာ အလင်းနဲ့အတူ Data တွေ သယ်ဆောင်သွားလာနိုင်တဲ့ Optical Fibre ရှိပါတယ်။
2. Cladding
        ၎င်းဟာ Optical Fibre ကို ဖုံးအုပ်ထားတဲ့ ဒုတိယအလွှာဖြစ်ပါတယ်။ ၎င်းကိုလည်း Silica နဲ့ပပြုလုပ်ထားပါတယ်။ ဒါပေမယ့် Optical Fibre နဲ့ ပြုလုပ်ထားပုံခြင်းတော့ မတူပါဘူး။ ၎င်းဟာ Optical waveguide အဖြစ်အလုပ်လုပ်ပြီး အလင်းတန်းသွားလာရာမှာ ရိုက်ထောင့်တွေဖြစ်ပေါ်စေပြီး Total Internal Reflection (TIR) ကိုဖြစ်ပေါ်စေပါတယ်။
3. Coating
        Cladding  ကို ဖုံးအုပ်ထားတဲ့ non-optical layer ပဲ ဖြစ်ပါတယ်။ စံသတ်မှတ်ချက်တွေအရ Polymer နဲ့ ပြုလုပ်ထားပါတယ်။ ၎င်းဟာ အတွင်းပိုင်းက core နဲ့ cladding ကို ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။
Buffer
       ၎င်းဟာ အဓိကအလွှာ ၃ ခုရဲ့ အပြင်ဘက်ပိုင်းအလွှာ တစ်ခုဖြစ်ပါတယ်။ Fibre Optic Cable အတွက်  အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အထူးခိုင်ခံပြီး ပျော့ပြောင်းတဲ့ material နဲ့ ပြုလုပ်ထားပါတယ်။ cable installation ပြုလုပ်တဲ့အခါတွေမှာ အတွင်းပိုင်းကို ထိခိုက်မှုမှ ကာကွယ်ပေးပါတယ်။
လေးစားလျှက်
TunWai @ Electronics
Basics of Fibre Optic အပိုင်း (၃)
Basics of Fibre Optic     အပိုင်း (၃)
Multi-mode နဲ့ Single-mode application ဆိုတာ
Multi-mode Application
         Multi-mode Fibre Cable ဆိုတာ ကြိုးတစ်ချောင်းတည်းမှာ အလင်းတန်းများစွာရဲ့ မတူညီတဲ့ အလင်းရိုက်ထောင့်တွေနဲ့ Data တွေကို သယ်ဆောင်တဲ့စနစ်ပဲဖြစ်ပါတယ်။
         စံသတ်မှတ်ချက်တွေအရ Multi-mode အသုံးပြုမယ့် Fibre တွေမှာ Core/Cladding diameter အချိုးဟာ 50 microns / 125 microns ၊ 62.5/125 microns တစ်ခါတစ်ရံ မှာတော့ အသုံးပြုမယ့်​ Mode အ​ရေအတွက်​အပေါ်မူတည်ပြီး 100/140 microns အထိရှိတတ်ပါတယ်။ (10^-6m)
Single-mode Application
        Single-mode ဟာဆိုရင်တော့ Fibre လမ်းကြောင်းတစ်လျှောက် အလင်းဟာ အဖြောင့်အတိုင်းသာ Data တွေကို သယ်ဆောင်သွားခြင်းဖြစ်ပါတယ်။
Core/Cladding ratio ကတော့ 9/125 ရှိပါတယ်။
(1micron = ၁ မီတာ၏ တစ်သန်းပုံတစ်ပုံ)
#ဥပမာ- ဖွင့်​ဖွင့်​ပိတ်​ဖွင့်​(1101) ဆိုရင်​ ​"နေ​ကောင်းရဲ့လား" ဆိုတဲ့အဓိပ္ပါယ်​​ပေါ့ဗျာ။
ကြိုးစားလျက်
TunWai @ Electronics
ဆက်ရန်
Basics of Fibre Optics အပိုင်း (၂)
Basics of Fibre Optics          အပိုင်း (၂)
Fibre Optic link တွေမှာ ဘာတွေပါသလဲ
အဓိကအားဖြင့်တော့ အစိတ်အပိုင်း (၄) ပိုင်းပါဝင်ပါတယ်။
1. Optical Transmitter
2. Optical Fibre Cable
3. Connectors
4. Optical Receiver
Figure.1 မှာ လေ့လာနိုင်ပါတယ်။
Transmitter
          Transmitter မှာဆိုရင် Electrical signal ကနေ Optical ကို ပြောင်းလဲပေးတဲ့ စနစ်ပါဝင်ပါတယ်။ Light source အနေနဲ့ကတော့ ....
    1.Light Emitting Diode (LED) ,
    2.Light Amplification by Stimulated  
       Emission of Radiation (Laser) diode, နဲ့
    3.VCSEL လို့ခေါ်တဲ့ Vertical Cavity Surface
       Emitting Laser
အဲ့ဒီ ၃ မျိုးထဲက တစ်မျိုးမျိုး ပါဝင်ပါတယ်။
    #LED ကိုတော့ Multimode Application တွေမှာ အသုံးပြုပါတယ်။ ၎င်းမှာ ကြီးမားတဲ့ Spectral width ရှိပြီး bandwidth ကတော့ ကျဉ်းမြောင်းပါတယ်။
   #VCSEL ကိုလည်း Multimode တွေမှာပဲ အသုံးပြုပါတယ်။ ၎င်းကတော့ LED မှာထက် လျော့နည်းတဲ့ Spectral Width ရှိပြီး Bandwidth အနေနဲ့ကတော့ ပိုမို ကျယ်ပြန့်ပါတယ်။
   #LASER မှာတော့ အသေးငယ်ဆုံး Spectral Width ရှိပြီး အကြီးမားဆုံး Bandwidth ရှိပါတယ်။ ဒါ့ကြောင့် ၎င်းကို Single-mode Application တွေမှာ အသုံးပြု ကြပါတယ်။
အဲ့ဒီ source တွေမှာ တိကျတဲ့ Wavelength တွေရှိပြီး ဘယ် Material အမျိုးအစားနဲ့ ထုတ်လုပ်ထားသလဲ အပေါ်မှာလည်း များစွာမူတည်ပါတယ်။
         များသောအားဖြင့် Fibre Optic Source တွေဟာ Infrared Band အတွင်းမှာ ရှိတဲ့ Wavelength တွေကိုပဲ အသုံးပြု ကြပါတယ်။
သတ်သတ်မှတ်မှတ်ပြောရရင် .....
850nm, 1300nm နဲ့ 1550nm တွေမှာ အသုံးပြု ကြပါတယ်။ ( 1nm= 10^-9 )
Figure.2 မှာ ဆိုရင်တော့ Electromagnetic Spectrum ကို ဖော်ပြပေးထားပါတယ်။
ဆက်ရန်....
ကြိုးစားလျက်
TunWai @ Electronics
Basics of Fibre Optics အပိုင်း (၁)
Basics of Fibre Optics     အပိုင်း (၁)
Fibre Optics System
           Fibre Optics ဆိုတာ အလွန်ကောင်းမွန်သော ဆံချည်မျှင် ဖိုက်ဘာကြိုး (သို့) ပလက်စတစ် ကြိုးများကို အသုံးပြု ပြီး အနီအောက်ရောင်ခြည် နဲ့ သတင်းအချက်အလက်များကို ပေးပို့တဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်။
Optical Fibre
           သတင်းအချက်အလက်များကို သယ်ဆောင်သောအလင်းတန်း ဖြတ်သန်းသွားလာနိုင်သည့် ဖန်နန်းမျှင် ကို ခေါ်ပါတယ် ။
ဆက်သွယ်ရေးလုပ်ငန်းတွေမှာ ၎င်းနည်းစနစ်ကို အသုံးပြု ပြီး အဆက်အသွယ်ပြု လုပ်ခြင်း Data များ transfer ပြု လုပ်ခြင်း သည် Copper cable များကို အသုံးပြု ခြင်းထက် များစွာသာလွန် ကောင်းမွန်သောနည်းစနစ်တစ်ခုဖြစ်ပါတယ်။
Advantages
1.Bandwidth
        Optical fibre တွေရဲ့ High Signal Bandwidth ဟာ Copper Conductor တွေနဲ့ယှဉ်ရင် အများကြီး ကြီးမားကျယ်ပြန့်ပါတယ်။ ဒါ့ကြောင့် သတင်းအချက်အလက်များ သယ်ယူပို့ဆောင်ဆက်သွယ်မှု ပြု လုပ်တဲ့အခါ Copper conductor တွေထက် ပိုမိုတိကျမြန်ဆန်မှုကိုရစေပါတယ်။
           စံသတ်မှတ်ချက်တွေအရ Multimode (MM) Fibre Cable တွေရဲ့ BW ဟာ 200 နဲ့ 600 MHz-km ကြားမှာ ရှိပြီးတော့ Singlemode (SM) တွေရဲ့ BW ဟာ ဆိုရင် 10G-km အထိ ရှိပါတယ်။
Copper Conductor တွေရဲ့ BW ကတော့ 10 to 25MHz ထိပဲ ရှိပါတယ်။
Copper Conductor တွေထက် Bandwidth ဟာ အဆမတန်ပိုမိုကြီးမားတာကြောင့်တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ Data တွေကို ပိုမိုတိကျမြန်စွာ သယ်ဆောင်ဖမ်းယူပို့လွှတ်န်ုင်မှာပဲ ဖြစ်ပါတယ်။
2.Electromagnetic/Radio Frequency Interference Immunity
           Optical Fibre တွေဟာ အလင်းနဲ့သွားတာ ဖြစ်တဲ့အတွက်ကြောင့် EMF Interference တွေ မဖြစ်စေပါ၊ Radiation တွေလည်း မရှိပါ။ ထို့ကြောင့် ပတ်ဝန်းကျင်ကို နှောက်ယှက်မှုတွေ ထိခိုက်စေမှုတွေလည်း မရှိသလောက်နည်းပါးပါတယ်။
3.Cost, size and weight
          ဖော်ပြပါဇယားမှာလေ့လာနိုင်ပါတယ်။
4. Loss
          Optical fibre တွေဟာ loss of signal intensity ( attenuation) အင်မတန်နည်းပါးပါတယ်။
5. Spark or Short
         ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ ပေါက်ကွဲမှုမျိုးကို ဖြစ်ပေါ်စေတဲ့ Spark ရိုက်မှု Short Circuit ဖြစ်မှုတွေဟာ Fibre Optic System မှာ လုံးဝမရှိပါဘူး။
6. Security
         Fibre Optic cable မှာ RF signal နဲ့ဆက်သွယ်ခြင်း မဟုတ်တဲ့အတွက် လုံခြုံမှုအပိုင်းမှာလည်း ၉၀ ရာနှုန်းခန့် စိတ်ချရပါတယ်။
7. Electrical Isolation
         Point တစ်ခုကနေတစ်ခုကို electrical potential  difference မလိုအပ်ပဲ Tx/Rx ပြုလုပ်နိုင်ပါတယ်။
ယေဘုယ အားဖြင့်ဖော်ပြထားတဲ့ အချက်အလက်များကို အောက်ဖော်ပြပါဇယားမှာ အလွယ်တကူ လေ့လာနိုင်ပါတယ်။
ဆက်ရန်
ကြိုးစားလျှက်
TunWai @ Electronics
Fiber Cable ကို dB loss ဖြစ်စေတဲ့ အဓိကအချက် ၅ ချက်
Fiber Cable ကို dB loss ဖြစ်စေတဲ့ အဓိကအချက် ၅ ချက်
 Fiber optic cabling infrastructures မှာ dB loss မြင့်မားခြင်းက လိုင်းကျခြင်းကိုဖြစ်စေပြီး ဘယ်သူမှ ဖြစ်ချင်မှာ မဟုတ်ပါဘူး။
 အောက်ပါအချက် ၅ ချက်က dB loss ကိုဖြစ်စေတဲ့ အဓိကအချက် ၅ ချက်ပဲဖြစ်ပါတယ်။
1. A contaminated end face (မသန့်ရှင်းသော အဆုံးမျက်နှာပြင်)
Fiber က glass (ဖန်သား)ပါ။ ၄င်းဖန်သားက မသန့်ရှင်းတဲ့အခါ Fiber နဲ့ data transmission ပြုလုပ်ခြင်းကို အလွန်အမင်း လျော့ကျစေပါတယ်။ မသန့်မရှင်းဖြစ်ပွါးမှု မဖြစ်စေရန် Fiber optic glass အများစုကို အကာအကွယ်ပြုလုပ်ထားပါတယ်။ အဆုံးမျက်နှာပြင် (end faces) တွေက မသန့်မရှင်းဖြစ်ပွါးနိုင်တဲ့ နေရာတစ်ခုပါပဲ။ သေချာစစ်ပါ သန့်ရှင်းရေးလုပ်ပါ ပြီးတော့ ထပ်စစ်ပါ (လိုအပ်ရင် ထပ်လုပ်ပါ)။
2. Exceeding bend radius (bend radius ကိုကျော်လွန်ခြင်း)
Fiber optic glass အရမ်းကြီးကွေးခြင်းက optical loss ကိုဖြစ်စေပါလိမ့်မယ်။ ၄င်းက ပုံမှန်အားဖြင့် တပ်ဆင်ခြင်း (installation) ပြုလုပ်စဉ်အတွင်း ဖြစ်ပွားပါတယ်။ ကောင်းမွန်တဲ့ အတိုင်းအတာကတော့ outer jacket ရဲ့ diameter ထက် ၁၀ဆကျော်လို့မရပါဘူး။ သံသယ ရှိတဲ့အခါ တိကျတဲ့အတိုင်းအတာအတွက် ထုတ်လုပ်သူတွေကို ဆက်သွယ်ပါ။
3. A pinched jumper (ဖိညှပ်ထားတဲ့ jumper)
Installer အများစုက cable တွေကိုသပ်သပ်ရပ်ရပ်ထားဖို့အတွက် (zip tie/cable tie)ကို အသုံးပြုကြတယ်။ Cabling အမျိုးအစားများစွာအတွက်တော့ ဒါဟာ အလွန်ကောင်းမွန်ပါတယ် ဒါပေမယ့် fiber အတွက်တော့ မကောင်းပါဘူး။ ဒီလို cable tie တွေက glass (ဖန်သား)ကို ဖိပြီး မြင့်မားတဲ့ dB loss ပမာဏကိုဖြစ်စေပါတယ်။
4. Cracked fiber (ကွဲနေတဲ့ fiber)
အချို့ ကုန်ပစ္စည်းထုတ်လုပ်တဲ့ ဌာနတွေက end face polishing process တွေမှာ ညီညွတ်မှု ရှိမရှိကို အာရုံသိပ်မစိုက်ကြပါဘူး။ ဒါဟာ အရမ်းအရေးပါတဲ့ ကဏ္ဍပဲ။ Fiber တစ်မျှင်က အရမ်းကြီးငေါထွက်နေရင် အခြား fiber တစ်မျှင်နဲ့တွဲတဲ့အခါ သို့မဟုတ် transceiver မှာတပ်တဲ့အခါ ၄င်းက ကွဲသွားနိုင်ပါတယ် သို့မဟုတ် ပဲ့ထွက်သွားနိုင်ပါတယ်။ ၄င်းက အကြိမ် များစွာ မကြာခဏဖြစ်တဲ့အတွက် အလွန် ဒုက္ခပေးတဲ့ ပြဿနာပါပဲ။
5. Misalignment (မဖြောင့်တန်းမှု)
Fiber optic cores တွေက data တွေဖြတ်သန်းသွားတဲ့နေရာပါပဲ။ Fiber optic cables တွေကို patch panel ထဲမှာ ဆက်တဲ့အခါ data အားလုံး ဖြတ်သန်းနိုင်ဖို့အတွက် cores တွေက ဖြောင့်ဖြောင့်တန်းတန်း ဖြစ်နေဖို့လိုပါတယ်။ ဈေးပေါတဲ့ ပစ္စည်းတွေက mismatched cores တွေကိုဖြစ်စေပြီး dB loss ကိုဖြစ်စေပါလိမ့်မယ်။
မူရင်း Link :
http://www.cablexpress.com/blog/fiber-cable-db-loss-5-causes/
#UnderstandingOTDRs အပိုင်း (၃)
#UnderstandingOTDRs
အပိုင်း (၃)
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
OTDR Block Diagram
Laser Light Source
Coupler/Splitter
Optical Sensor Section
Controller Section
Display Section
OTDR Block Diagram
OTDR မှာ Laser light source, optical sensor, coupler/splitter, display section နဲ့ controller section တို့ပါဝင်ပါတယ်။
 Figure - 4
Laser Light Source
Laser diode ကို controller ကနေအမိန့်ပေးပြီး အလင်လှိုင်း(light pulse) ကိုထုတ်လွှတ်ပေးတယ်။ တိုင်းတာမယ့်အခြေအနေပေါ်မူတည်ပြီးတော့ လှိုင်းရဲ့ကြာချိန် (duration of pulse or Pulse Width)ကို ရွေးချယ်နိုင်သည်။ အလင်းက coupler/splitter ကို ဖြတ်သန်းပြီးတော့ တိုင်းတာမယ့် fiber ထဲကိုဝင်ရောက်သွားပါတယ်။ အချို့ OTDR တွေက fiber တိုင်းဖို့ရာ မတူညီတဲ့ wavelength နှစ်ခုနဲ့ laser နှစ်ခုပါဝင်ပါတယ်။ တစ်ကြိမ်ကို laser တစ်ခုပဲ သုံးနိုင်ပါတယ်။(ပြိုင်တူသုံး၍ မရပါ။) ၄င်းနှစ်ခုကို ခလုတ်တစ်ခုနှိပ်ရုံနဲ့ ပြောင်းနိုင်ပါတယ်။
Coupler/Splitter
Coupler/splitter မှာ laser source အတွက်၊ တိုင်းမယ့် fiber အတွက်နဲ့ sensorအတွက် အပေါက်(port) သုံးခုပါဝင်ပါတယ်။ ၄င်းက အလင်းကို သတ်မှတ်ထားတဲ့ လားရာဆီသို့သာ သွားစေပါတယ်။ (laser source မှ တိုင်းမယ့် fiber ၊ တိုင်းမယ့် fiber မှ sensor) ။ အလင်းကို laser source မှ sensor သို့တိုက်ရိုက်သွားခွင့်မပြုပါဘူး။ ထို့ကြောင့် အလင်းလှိုင်းက laser source မှ fiber ထဲသို့သွားပြီး backscatter နဲ့ Fresnel reflections (အလင်းပြန်) တွေကိုသာ sensor ဆီသို့သွားစေပါတယ်။
Optical Sensor section
 Sensor က photodetector တစ်ခုပါပဲ။ ၄င်းက fiber ထဲကနေ ပြန်ဝင်လာတဲ့ အလင်းပမာဏ(power level of light)ကို တိုင်းတာပေးပါတယ်။ ၄င်းက အလင်းရဲ့ optical power ကို သက်ဆိုင်ရာ electrical power အဖြစ် ပြောင်းလဲပေးပါတယ်။ အလင်းများလေ လျှပ်စစ်ပမာဏများများထုတ်လေပါပဲ။ OTDR sensor ကို အလွန်နည်းပါးတဲ့ backscatter light တွေကိုပါ တိုင်းတာနိုင်အောင် ထုတ်လုပ်ထားပါတယ်။ Sensor ပိုင်းမှာ electrical signal level ကိုပိုပြီးများများထုတ်နိုင်ဖို့ electrical amplifier လည်းပါဝင်ပါတယ်။
Fresnel reflection ရဲ့ ပမာဏကို backscatter ထက် အဆ ၄၀၀၀၀ လောက်အထိ မြှင့်နိုင်ပြီး sensor ကတိုင်းတာနိုင်တဲ့ ပမာဏထက်တောင် ပိုနိုင်ပါသေးတယ်။ Sensor ကိုဝန်ပိုခိုင်းတာက saturation ကို ဖြစ်စေပါတယ်။ Sensor ရဲ့ maximum output level မှာ electrical output level ကို clipped(တုံးတိပြတ်) စေပါတယ်။ ထို့ကြောင့် တိုင်းတာနေတဲ့လှိုင်းက  fiber ရဲ့အဆုံး(သို့)mechanical splice နေရာ ကိုရောက်တဲ့အခါတိုင်း sensor ကို အာရုံခံမရ ဖြစ်စေပါတယ်။ ထိုအာရုံခံလို့မရတဲ့ အချိန်အပိုင်းအခြားကို dead zone လို့ခေါ်ပါတယ်။ (Dead zone ကိုနောက်ပိုင်းဆက်ရှင်းပြပါမည်။)
Controller section
 Controller က OTDR ရဲ့ ဦးနှောက်ပါပဲ။ ၄င်းက laser ကိုဘယ်အချိန် အလင်းလွှတ်ရမယ်ဆိုတာကို စေခိုင်းတယ်၊ sensor မှ power level တွေကို ရယူတယ်၊ fiber ထဲမှ scattering နဲ့  reflection point တွေရဲ့ distance ကို တွက်ချက်ပေးတယ်၊ point တစ်ခုချင်းစီရဲ့ data တွေကို သိုလှောင်ပေးတယ်၊ ပြီးတော့ အချက်အလက်တွေကို display section ကို ပေးပို့ပေးပါတယ်။
Controller section ရဲ့ အဓိကပါဝင်ပစ္စည်းကတော့ အလွန်တိကျတဲ့ clock circuit တစ်ခုပဲဖြစ်ပါတယ်။ ၄င်းကို laser အလင်းလွှတ်တဲ့အချိန် နဲ့ ပြန်လာတဲ့အလင်းကို sensor ကအာရုံခံတဲ့အချိန်ကြား time difference (ကွာခြားချိန်) ကိုတိုင်းတာရန် အသုံးပြုသည်။အသွားအပြန် အလင်းဖြတ်သန်းတဲ့ ကြာချိန် (round-trip pulse travel time) နဲ့ fiber ထဲသွားတဲ့အလင်းရဲ့ အလျင် (speed)ကို မြှောက်ခြင်းအားဖြင့် အသွားအပြန်အကွာအဝေး(round-trip distance) ကိုတွက်ချက်နိုင်သည်။ OTDR မှ point တစ်ခုကြားအကွာအဝေးက round-trip distance ရဲ့တစ်ဝက်ပဲပေါ့။
Backscattering က fiber တစ်လျှောက်မှာဖြစ်ပျက်နေတဲ့အတွက် OTDR ထဲကို အလင်းလှိုင်းတွေက စဉ်ဆက်မပြတ် စီးဝင်နေပါတယ်။ Controller က data points တွေသိရဖို့အတွက် ပုံမှန် time interval မှာ sensor  ကတိုင်းတာတဲ့ level ကို နမူနာပြုလုပ်ပေးပါတယ်။ Data point တစ်ခုချင်းစီကို ၄င်းရဲ့sequence time (OTDR မှ ၄င်း point ထိအကွာအဝေးနဲ့ သက်ဆိုင်) နဲ့ power level အရဖော်ပြတယ်။ Original pulse က fiber ထဲကိုဖြတ်သန်းသွားစဉ်တွင် တဖြည်းဖြည်း အားနည်းသွားတဲ့အတွက် အလင်းပြန်လာတဲ့ သက်ဆိုင်ရာ backscattering level ကလည်း တဖြည်းဖြည်းအားနည်းလာပါတယ်။ ထို့ကြောင့် data point တွေရဲ့ power level တွေက အစမှအဆုံးထိ တဖြည်းဖြည်းလျော့ကျလာပါတယ်။ ဒါပေမယ့် Fresnel reflection ဖြစ်တဲ့အခါ အဲဒီအမှတ်မှာ သက်ဆိုင်ရာ data point တွေရဲ့ power level က ရုတ်တရက် maximum level အထိမြင့်တက်သွားပါတယ်။
Controller က data point အားလုံးကိုစုစည်းပြီးသွားတဲ့အခါ အချက်အလက်တွေကို display screen ပေါ်မှာ ဖော်ပြပါတယ်။ ပထမဆုံး data point ကို graph ရဲ့ ဘယ်ဘက်အစွန်ဘက်မှာ fiber ရဲ့စမှတ်အနေနဲ့ ဖော်ပြပါတယ်။ ဒေါင်လိုက် position က returned signal power level အပေါ်အခြေခံပြီး power မြင့်လေ graph မှာမြင့်လေပါပဲ။ နောက်ထပ် အစဉ်လိုက်လာတဲ့ data point တွေကို ညာဘက်သို့ အစဉ်လိုက် နေရာချသွားပါတယ်။ ရလာတဲ့ trace က ဘယ်ဘက်အမြင့်ပိုင်းမှ ညာဘက်အနိမ့် ပိုင်းသို့ လျှောစောက် (slope) ဆင်းသွားပါတယ်။ ၄င်း slope line က loss per unit distance (dB/km) တန်ဖိုးများကို ဖော်ပြပါတယ်။ Slope ကမတ်စောက်လေ dB/km တန်ဖိုးကများလေပါပဲ။ Backscattering level နှင့်ဆိုင်တဲ့ data point တွေက ၄င်း slope line ကိုဖြစ်စေပါတယ်။ Fresnel Reflection က backscatter level ကနေမြင့်တက်လာတဲ့ spike (အချွန်အတက်)နဲ့ တူပါတယ်။  Backscatter level ရုတ်တရက်မြင့်တက်လာမှုက Point loss ကိုဖော်ပြပြီး ၄င်းက fusion splice ဒါမှမဟုတ် fiber ထဲမှာအလင်းတွေ အပြင်ကိုပေါက်ထွက်နေတဲ့ stress point ကိုဖော်ပြပါတယ်။
Figure - 5
DISPLAY SECTION
    Display Section ဆိုတာက CRT or LCD screen တစ်ခုပဲဖြစ်ပြီး ၄င်းက fiber trace တွေကိုဖန်တီးပေးတဲ့ data point တွေကို ဖော်ပြပေးပြီး OTDR set-up အခြေအနေနဲ့ တိုင်းတာမှုတွေကိုပါ ပြသပေးပါတယ်။ OTDR display အများစုက  data point တွေကို မျဉ်းတစ်ကြောင်းနဲ့ဆက်သွယ်ပေးပြီး trace တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန် ထောက်ပံ့ပေးထားပါတယ်။ Fiber trace ပေါ်က နှစ်သက်ရာ အမှတ်ကို ရွေးချယ်ဖို့ screen ပေါ်မှာရှိတဲ့ cursor လေးကို လက်နဲ့ရွေ့လျားနိုင်ပါတယ်။ Cursor အထိအကွာအဝေးကို screen ပေါ်မှာဖော်ပြပေးပါတယ်။ Cursor နှစ်ခုနဲ့ OTDR တွေကတော့ Cursor နှစ်ခုကြား အကွာအဝေးနဲ့ backscatter level မတူညီမှုတို့ကို  ဖော်ပြပေးပါတယ်။ 2-Point loss, dB/Km, Splice loss နဲ့ Reflectance ကဲ့သို့သော cursor နဲ့ပြုလုပ်ရသောတိုင်းတာမှုပုံစံတွေကို ရွေးချယ်နိုင်ပါတယ်။ တိုင်းတာတဲ့ရလဒ်တွေကို display ပေါ်မှာ ဖော်ပြပေးပါတယ်။
#UnderstandingOTDRs အပိုင်း (၂)
#UnderstandingOTDRs
အပိုင်း (၂)
(www.anritsu.com မှ Understanding OTDRs စာအုပ်​ကို ဘာသာပြန်​သည်​။)
How an OTDR Works
Rayleigh Scattering
Fresnel Reflection
Backscatter Level vs. Transmission Loss
OTDR တစ်လုံးအလုပ်လုပ်ပုံ
Optical Time Domain Reflectometer (OTDR) က optical fiber ရဲ့ဝိသေသလက္ခဏာတွေကို တိုင်းတာဖို့ရာ Rayleigh scattering နဲ့ Fresnel reflection သဘောတရားများကို အသုံးပြုပါတယ်။ အလင်းတန်းကို fiber ထဲသို့လွှတ်ခြင်း ၊ ၄င်းအလင်းတန်းဖြတ်သန်းတဲ့ ကြာချိန်ကိုတိုင်းတာခြင်း ၊ fiber ထဲက point တစ်ခုမှ အလင်းပြန်လာတဲ့ reflection ကို တိုင်းတာခြင်း စသည်တို့အားဖြင့် OTDR က အချက်အလက်တွေကို length နဲ့ returned signal loss ပါတဲ့ trace တစ်ခုနဲ့ ၄င်းရဲ့မျက်နှာပြင်တွင် ဖော်ပြပါတယ်။
၎င်း trace ကို OTDR မှာပဲကြည့်နိုင်သလို print လည်းထုတ်နိုင်ပြီး computer မှာလည်း သိမ်းထားနိုင်ပါတယ်။ လေ့ကျင့်ထားတဲ့ စက်ကိုင် (operator) တစ်ယောက်က fiber ရဲ့ အဆုံး ၊ splice တွေရဲ့ loss နဲ့ တည်နေရာ နဲ့ fiber ရဲ့ overall loss ကို တိတိကျကျသိရှိနိုင်ပါတယ်။ ခုနောက်ပိုင်း OTDR တွေက trace ရဲ့ data တွေကို အလိုအလျောက် ခွဲခြားပေးကြတယ်။
Rayleigh Scattering
အလင်းတန်းတစ်ခုကို fiber ထဲသို့လွှတ်လိုက်တဲ့အခါ ၄င်းအလင်းတန်းက ဖန်သားထဲမှာ microscopic particles (dopants) (အလွန်သေးငယ်တဲ့အလင်းမှုန်) အဖြစ်နဲ့ ဖြတ်သန်းသွားပြီး ဦးတည်ချက်မျိုးစုံ ပျံ့နှံ့သွားကြပါတယ်။ ၄င်းဖြစ်စဉ်ကို Rayleigh Scattering ဟုခေါ်ပါတယ်။ အလင်းအချို့ (၀.၀၀၀၁% ခန့်) ကအလင်းတန်းရဲ့ ဆန့်ကျင်ဘက်အရပ်ကို နောက်ပြန်ပျံ့နှံ့တာကို backscatter လို့ခေါ်ပါတယ်။ အလင်းမှုန်တွေ(dopants)တွေက fiber ထဲမှာ တူညီစွာပျံ့နှံ့နေတဲ့အတွက် scattering ဖြစ်စဉ်က fiber တစ်လျှောက်လုံးမှာ ဖြစ်ပျက်ပါတယ်။
Figure-2
Fiber မှာ Rayleigh scattering က loss ဖြစ်စေတဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ ပိုပြီးရှည်လျားတဲ့ wavelength တွေက ပိုတိုတဲ့ wavelength တွေထက် scattering ဖြစ်မှုကိုပိုနည်းစေပါတယ်။ ဥပမာ။    ။ Rayleigh scattering ကြောင့် အလင်းက 1550nm မှာ fiber length 1 kilometer ကို 0.2 to 0.3 dB  ဆုံးရှုံးပြီး 850nm မှာတော့ fiber length 1 kilometer ကို 4.0 to 6.0 dB အထိ ဆုံးရှုံးပါတယ်။ Fiber ထဲ အလင်းမှုန်သိပ်သည်းဆ ပိုများတာက scattering ကို ပိုဖြစ်စေပြီး attenuation per kilometer ကို ပိုများစေပါတယ်။ OTDR ကအလင်း ပြန်လာတဲ့ levels တွေကို တိတိကျကျတိုင်းတာနိုင်ပြီး ထိုသို့တိုင်းတာပြီးတော့ fiber လမ်းကြောင်းတစ်လျှောက်ရှိ point တိုင်းတွင် fiber ရဲ့ဝိသေသလက္ခဏာများ အနည်းငယ်စီ ပြောင်းလဲသွားမှုကို တွက်ချက်ပေးပါတယ်။
Rayleigh scattering ဖြစ်စဉ်က ညဘက် မြူနှင်းထဲဓါတ်မီးထိုးသလိုပါပဲ။ အလင်းက ရေငွေ့တွေကြောင့် ပျံ့နှံ့သွားပါတယ်။ ထူထပ်တဲ့မြူနှင်းတွေက တားဆီးနေတဲ့ အမှုန်များစွာကြောင့် အလင်းကိုပိုပြီးပျံ့နှံ့စေပါတယ်။ အလင်းအချို့က မြူမှုန်တွေကြောင့် သင့်ဆီပြန်လာပြီး ဒါ့ကြောင့်ပဲ မြူနှင်းတွေကို သင်မြင်နေရတာပါ။ မြူမှုန်တွေ မထူထပ်ရင်တော့ အလင်းကပိုပြီးဝေးဝေးကိုရောက်ရှိနိုင်ပါတယ် ဒါပေမယ့် မြူမှုန်တွေထူထပ်ရင်တော့ အလင်းက scattering ဖြစ်စဉ်ကြောင့် တဖြည်းဖြည်း အားပျော့သွားပါတယ်။ Fiber ထဲကအလင်းမှုန်(dopants) တွေက မြူမှုန်တွေလိုပါပဲ။ အလင်းအချို့ကို မူလလာရာအရပ်ဆီသို့ အလင်းပြန်စေပါတယ်။
Fresnel Reflection
ဒြပ်ထုတစ်ခု(ဥပမာ-optical fiber) ထဲဖြတ်သန်းတဲ့ အလင်းက တခြားသိပ်သည်းမှု မတူတဲ့ဒြပ်ထု(ဥပမာ-air)ထဲဖြတ်သန်းတဲ့အလင်းနဲ့ဆုံတိုင်း အလင်းအချို့ (၄%ထိ)က ၄င်းလာရာဆီသို့ အလင်းပြန်သွားကြပြီး ကျန်တာတွေကတော့ ဒြပ်ထုအပြင်ဘက်သို့ ထွက်သွားကြပါတယ်။ ဒီလိုသိပ်သည်းဆရုတ်တရက် ပြောင်းလဲမှုတွေက fiber ဆုံးတဲ့နေရာ ၊ fiber ပြတ်တဲ့နေရာ နဲ့ တခါတရံ splice point တွေမှာပါ ဖြစ်ပွါးတတ်ပါတယ်။ အလင်းပြန်မှု (reflection)ပမာဏက ဒြပ်ထုသိပ်သည်းဆ (density) (Index Of Refraction IOR နဲ့ဖော်ပြ) (IOR များလေ သိပ်သည်းဆ density များလေပါပဲ) ပြောင်းလဲမှုနဲ့ ဒြပ်ထုနှစ်ခုကြားမျက်နှာပြင်ကို ရိုက်ခတ်တဲ့အလင်းရဲ့ထောင့် (angle) အပေါ်မှာ မူတည်ပါတယ်။ ဒီလိုပုံစံနဲ့ အလင်းပြန်တာကို Fresnel Reflection လို့ခေါ်ပါတယ်။ OTDR က fiber ပြတ်တဲ့နေရာကို အတိအကျဆုံးဖြတ်ဖို့အတွက် ၄င်းနည်းလမ်းကိုအသုံးပြုသည်။
Figure-3
Fresnel reflection က ပြတင်းတံခါးကို ဓါတ်မီးနဲ့ထိုးသလိုပါပဲ။ အလင်းအများစုက ပြတင်းတံခါးကိုဖြတ်သွားပေမယ့် အလင်းအချို့က ကိုယ့်ဆီကိုအလင်းပြန်လာပါတယ်။ အလင်းတန်းက ပြတင်းတံခါးကိုရိုက်ခတ်တဲ့ ရိုက်ထောင့် (angle)ပေါ်မူတည်ပြီး reflection (အလင်းပြန်မှု)က ဓါတ်မီး ၊ သင့်မျက်လုံး (ဒါမှမဟုတ်) မျက်နှာကြပ်ဆီကို အလင်းပြန်သွားနိုင်ပါတယ်။
Backscatter level နဲ့ Transmission loss
OTDR က အလင်းပြန်တဲ့ ပမာဏ (backscatter level)ကိုပဲတိုင်းပြီး ထုတ်လွှတ်တဲ့အလင်း ပမာဏ (transmitted light level)ကိုမတိုင်းသော်လည်း အလင်းပြန်လာတဲ့ ပမာဏ (backscatter level) နဲ့ ထုတ်လွှတ်တဲ့အလင်း ပမာဏ (transmitted light level) ကြားမှာ အလွန်နီးစပ်တဲ့ ဆက်နွယ်မှုရှိနေပါတယ်။ အကြောင်းကတော့ အလင်းပြန်တဲ့ ပမာဏက ထုတ်လွှတ်တဲ့အလင်း ပမာဏ ရဲ့ တိကျတဲ့ရာခိုင်နှုန်း တစ်ခုပဲဖြစ်ပါတယ်။ အလင်းပြန်လာတဲ့ ပမာဏ နဲ့ ထုတ်လွှတ်တဲ့အလင်း ပမာဏရဲ့ အချိုးကို backscatter coefficient လို့သတ်မှတ်ပါတယ်။ ထုတ်လွှတ်လိုက်တဲ့အလင်းပမာဏက point A မှ point B သို့ တဖြည်းဖြည်းလျော့ကျသွားရင် (bend , splice နဲ့ fiber အညစ်အကြေး တွေကြောင့်ဖြစ်ပွါးသည်။) အလင်းပြန်တဲ့ ပမာဏလည်း ထပ်တူလျော့ကျသွားပါမယ်။ ထုတ်လွှတ်လိုက်တဲ့ pulse level ကိုလျော့ကျစေတဲ့ loss factor က ၄င်း pulse ရဲ့လျော့ကျသွားတဲ့  backscatter level ကိုဖော်ပြပေးလိမ့်မယ်။
#UnderstandingOTDRs အပိုင်း (၁)
#UnderstandingOTDRs
အပိုင်း (၁)
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
Introduction
Fiber Optic Communications
Testing Optical Fiber For Loss
Other Fiber Tests
OTDR Applications
Introduction
Fiber Optic Communications
Fiber Optic ဆက်သွယ်ရေးက ရိုးရှင်းပါတယ်။ Electrical signal မှ Light signal သို့ ပြောင်းပြီး Optical Fiber မှတစ်ဆင့် အဝေးတွင်ရှိသော Receiver ဆီသို့ အလင်းတန်းထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ Receiver အရောက်တွင် Light signal မှ Electrical signal သို့ပြန်ပြောင်းပေးပါတယ်။ Fiber Optic ဆက်သွယ်ရေးက အခြား transmission နည်းလမ်းတွေထက် ကောင်းကျိုး ပိုများတယ်။ အလွန်ဝေးကွာသော အကွာအဝေးအထိ signal ကို ပို့ဆောင်နိုင်ပြီး အနီအနားရှိလျှပ်စစ်စက်ကွင်း တွေမှလည်း မနှောက်ယှက်နိုင်ပါဘူး။ ၄င်းရဲ့စွမ်းဆောင်ရည်က copper or coax cable systems တွေထက် များစွာပိုသာပါတယ် ပြီးတော့ fiber က copper system ထက်ပိုပြီးတော့ ပေါ့တယ် ပိုသေးပါတယ်။
Figure (1)
Fiber Optic ဆက်သွယ်ရေးရဲ့ အဓိကကန့်သတ်နေတဲ့အချက်ကတော့ Fiber ထဲကိုဖြတ်သန်းသွားတဲ့ အလင်းတန်းရဲ့ Attenuation (ဆုံးရှုံးမှု)ပဲဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်ကတော့ Fiber ထဲကို လွှတ်လိုက်တဲ့ အလင်းတန်းမှာပါဝင်တဲ့ အချက်အလက် (information ) တွေကို လက်ခံရယူပြီး နဂိုပုံစံသို့ ပြန်ပြောင်းခြင်းပဲဖြစ်ပါတယ်။ အလင်းတန်းက Fiber ထဲမှာ Rayleigh scattering (နောက်ပိုင်းရှင်းပြပါမည်) သဘောတရားနဲ့ ဖြတ်သန်းစဉ်မှာ အလင်းဆုံးရှုံးမှု (attenuation) ကိုဖြစ်ပေါ်စေပါတယ်။ အချို့အလင်းတန်းတွေကို ဖန်သားထဲသို့ စုပ်ယူခြင်း ခံရသလို ဖန်သားရဲ့အညစ်အကြေးနဲ့ Bends (ကွေးကောက်ခြင်း) တွေကြောင့်လည်း ဖန်သားအပြင်သို့ ပေါက်ထွက်မှုတွေ ဖြစ်ပေါ်စေတယ်။ အလင်းများစွာ ဆုံးရှုံးရင် (သို့) attenuation ဖြစ်ရင်တော့ Receiver မှာ အလင်းတန်းထဲက pulses တွေကို ခွဲခြားဖို့ရာ အလင်းတန်းက အားနည်းနေမှာဖြစ်ပါတယ်။ အလင်းတန်းက အားအရမ်းနည်းနေရင်တော့ Transmitter ရဲ့ output power ကို မြှင့်ပေးခြင်း ၊ Receiver ရဲ့ sensitivity ကို မြှင့်ပေးခြင်း (သို့) Transmitter နဲ့ Receiver ကြားအကွာအဝေးကို လျှော့ချပေးခြင်းဖြင့် Attenuation (ဆုံးရှုံးမှု) များနေခြင်းကို လျှော့ချနိုင်သည်။ ဆက်သွယ်ရေးစနစ်မှာ အသုံးမပြုရသေးခင် Fiber အနေနဲ့ အကွာအဝေးတစ်ခုမှာ အလင်းဘယ်လောက်ဆုံးရှုံးနေကြောင်းသိဖို့ရာ အလွန်အရေးကြီးပါတယ်။ Attenuation (ဆုံးရှုံးမှု) ပမာဏများလွန်းနေရင် မှန်ကန်တဲ့လုပ်ရပ်တစ်ခု လုပ်ဖို့လိုပါတယ်။
Testing Optical Fiber For Loss
Fiber တစ်ခုရဲ့ overall attenuation တိုင်းဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ အဆုံးတစ်ဖက်မှ သိရှိထားတဲ့အလင်း level တစ်ခုကို လွှတ်ပြီး အခြားအဆုံးတစ်ဖက်မှ ထွက်လာတဲ့ အလင်း level  ကို တိုင်းခြင်းပဲဖြစ်ပါတယ်။ Level နှစ်ခုကြားခြားနားချက် (decibels or dB နဲ့တိုင်း) က end to end attenuation (insertion loss လို့လဲခေါ်) ပဲဖြစ်ပါတယ်။ အတိအကျဆုံး နည်းလမ်းကတော့ calibrated light source နဲ့ optical power meter ကိုအသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Light source နဲ့ optical power meter ကိုအသုံးပြုခြင်းက Fiber လမ်းကြောင်းတစ်လျှောက် attenuation များနေရင် (သို့) ပြဿနာဖြစ်နေတဲ့ နေရာတစ်ခုကို မဖော်ပြပါဘူး။ ၄င်းက fiber ထဲမှာပြဿနာဖြစ်နေနိုင်တဲ့  နေရာကိုလည်း မညွှန်ပြနိုင်ပါဘူး။
အခြားတစ်ဖက်မှာတော့ OTDR  က distance နဲ့ signal level ကို မျဉ်းပြမြေပုံ (plot) တစ်ခု နဲ့ဖော်ပြပြီး ၄င်း information က fiber ထဲကပြဿနာတစ်ခုကို ဘယ်နေရာမှာရှာရမလဲဆိုတာကို သိနိုင်ဖို့ အများကြီးအသုံးဝင်ပါတယ်။
Other Fiber Tests
Fiber အများစုအတွက် အရေးအကြီးဆုံးတိုင်းတာမှုကတော့ attenuation လက္ခဏာတွေကို တိတိကျကျသိဖို့ပါပဲ။ ဒါပေမယ့် High-speed or အလွန်ရှည်လျားတဲ့ fiber စနစ်အတွက် အခြားတိုင်းတာမှုတွေကိုလည်း လိုကောင်းလိုနိုင်ပါတယ်။ Dispersion test က fiber ထဲက မတူညီတဲ့အလင်းအလျင်ကြောင့် fiber ရဲ့ အချက်အလက်သယ်ဆောင်နိုင်စွမ်းကို ဘယ်လိုသက်ရောက်လည်းဆိုတာကို တိုင်းတာခြင်းပဲဖြစ်ပါတယ်။ ဒါက ဘာလဲဆိုတော့ ထုတ်လွှတ်လိုက်တဲ့ အချက်အလက်တွေကို ကိုယ်စားပြုတဲ့ အလင်းရဲ့ တချို့အစိတ်အပိုင်းတွေက အခြားအစိတ်အပိုင်းတွေထက် ပိုပြီှးလျင်မြန်စွာ ဖြတ်သန်းနိုင်ကြတယ်။ Multimode fiber မှာတော့ အဲဒါကို bandwidth measurement လို့ခေါ်ပါတယ်။ Dispersion နဲ့ bandwidth test က OTDR နဲ့တိုင်းလို့မရပါဘူး။
The OTDR
Optical Time Domain Reflectometer (OTDR) ဆိုတာက optical fiber ရဲ့ လက္ခဏာတွေကို ဖော်ပြဖို့ရာ အသုံးပြုတဲ့ electronic-optical instrument ပဲဖြစ်ပါတယ်။ ၄င်းက Fault ဖြစ်တဲ့တည်နေရာကို ဖော်ပြပေးပြီး fiber ထဲက အမှတ်တစ်ခုမှာ signal ပမာဏဘယ်လောက်ဆုံးရှုံးတယ်ဆိုတာကိုပါ ဖော်ပြပေးပါတယ်။ OTDR က fiber ရဲ့ အဆုံးတစ်ဖက်တည်းကနေပြီးတော့ တိုင်းတာနိုင်ပါတယ်။ OTDR က fiber တလျှောက် ထောင်ပေါင်းများစွာသော တိုင်းတာမှုတွေကို ပြုလုပ်နိုင်ပါတယ်။ တိုင်းတာတဲ့ data point တစ်ခုနဲ့တစ်ခုကြား အကွာအဝေးက 5cm (၂ လက်မ) လောက်ပဲရှိပါတယ်။ Data point တွေကို OTDR မျက်နှာပြင်တွင် ဘယ်မှညာသို့ လျှောစောက်ဆင်းသွားသော မျဉ်းကြောင်းတစ်ခုနဲ့ဖော်ပြပြီး အကွာအဝေး (distance) ကို ရေပြင်ညီစကေး (horizontal scale) ၊ အလင်းတန်းပမာဏ (signal level) ကို ဒေါင်လိုက်စကေး (vertical scale) ဖြင့်ဖော်ပြသည်။ Cursor (မြှား) နဲ့ data point နှစ်ခုကိုရွေးပေးခြင်းအားဖြင့် ၄င်းနှစ်ခုကြားရှိ distance နဲ့ signal level ကိုဖတ်နိုင်သည်။
OTDR Applications
OTDR ကို optical fiber စနစ်မှာ ပုံစံမျိုးစုံနဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသည်။
   • End-to-end loss တိုင်းရန် ၊ Fiber Drum ရဲ့ အရည်အသွေး စစ်ဆေးရန်
   • Splicing (Fusion and mechanical splice) loss တိုင်းရန်
   • Connector တွေရဲ့ Reflectance or Optical Return Loss (ORL) တိုင်းရန်
   • Fiber ပြတ်တဲ့နေရာကို ရှာဖွေရန်
Negative Splice Loss Values (Gainers)
Negative Splice Loss Values (Gainers)
Mode Field Diameters (MFD) အနည်းငယ်သာကွဲပြားတဲ့ fiber optic cable တွေကို splicing ပြုလုပ်တဲ့အခါ splice loss တွေအတွက် OTDR က negative value တွေနဲ့ဖော်ပြကောင်းဖော်ပြနိုင်ပါတယ်။ ၄င်းကို gainer လို့ခေါ်ပါတယ်။ ဆက်ရာ (joint) အလွန်က fiber ရဲ့ MFD က ဆက်ရာမတိုင်ခင်က fiber ရဲ့ MFD ထက် သေးငယ်တဲ့အခါ OTDR က negative တန်ဖိုးကိုဖော်ပြပါတယ်။ အဲ့ဒါက ရိုးရှင်းပါတယ် ဘာလို့လဲဆိုတော့ OTDR က loss ကို တိုင်းတာ (measure) တာ မဟုတ်လို့ပါပဲ။ OTDR က loss ကို တွက် (calculate) ရုံပဲတွက် ပါတယ်။ OTDR က fiber ရဲ့ backscattering နဲ့ Fresnel reflection ကိုတိုင်းတာပါတယ်။ Backscattering နဲ့ Fresnel reflection ရဲ့တန်ဖိုးကို အသုံးပြုပြီးတော့ OTDR က fiber ထဲက event တစ်ခုချင်းစီ (connector, splice…etc) ရဲ့ loss ကိုတွက်ချက်ပါတယ်။
ဒါ့ကြောင့် OTDR က high backscattering တန်ဖိုးကို တိုင်းတာမိလို့ရှိရင် အဲ့မှာ (fiber section အတွက်) high attenuation ရှိပါတယ်။ ပြောင်းပြန်အားဖြင့် OTDR က low backscattering တန်ဖိုးကို တိုင်းတာမိလို့ရှိရင် (ဆိုလိုတာက) အဲ့မှာ (fiber section အတွက်) low attenuation ရှိပါတယ်။ ဒါကြောင့် 1550 nm မှာ 0.25 dB/km နဲ့ 0.19 dB/km attenuation အသီးသီးရှိကြတဲ့ fiber link နှစ်ခုရှိမယ်ဆိုလို့ရှိရင် OTDR ရဲ့ receiver ဆီကိုပြန်လာတဲ့ backscattered power မှာ ပထမ link က ဒုတိယ link ထက်  ပိုများနေပါလိမ့်မယ်။
သို့သော်လည်းပဲ အထက်မှာဖော်ပြခဲ့တဲ့ information အားလုံးဟာ fiber link တစ်လျှောက်လုံးမှာ steady (တည်ငြိမ်တဲ့) MFD တစ်ခုအနေနဲ့ ယူဆထားပါတယ်။ Fiber ထဲကိုလွှတ်လိုက်တဲ့ တူညီတဲ့ launched pulse အတွက် backscattering level ပမာဏက MFD နဲ့ပြောင်းပြန်အချိုးကျတယ်ဆိုတာကို ကျေးဇူးပြု၍ မှတ်ထားပေးပါ။ အဲ့ဒါက ရိုးရှင်းပါတယ် ဘာလို့လည်းဆိုတော့ MFD ကသေးငယ်တဲ့အခါ လွှတ်လိုက်တဲ့ signal (spot) က core ထဲမှာပဲ စုဝေး (concentrate) နေပါလိမ့်မယ်။ အဲဒါကြောင့်ပဲ backscattered power ပိုများများကို OTDR ရဲ့ receiver က အာရုံခံမိပါလိမ့်မယ်။
ဒါ့ကြောင့် Mode Field Diameters (MFD) အနည်းငယ်သာကွဲပြားတဲ့ fiber နှစ်ခုကို splicing ပြုလုပ်တဲ့အခါ OTDR က splice အလွန်က fiber section ရဲ့ attenuation ဟာ splice မတိုင်ခင်က section ရဲ့ attenuation ထက်ပိုကြီးတယ်လို့ OTDR ကထင်မြင်သွားပါတယ် (အကြောင်းက splice အလွန်က fiber ရဲ့ MFD ဟာ splice မတိုင်ခင်က fiber ရဲ့ MFD ထက်ပိုသေးငယ်လို့ပါ အပြန်အလှန်အနေနဲ့ splice အလွန်က backscattering level က splice မတိုင်ခင်က backscattering level ထက် ပိုမိုများပြားပါတယ်။) ဒါ့ကြောင်ပဲ OTDR က negative splice value အနေနဲ့ ဖတ်လိုက်တာပါ။
Figure - 1
Fiber optic link က passive element တစ်ခုဖြစ်တယ်ဆိုတာကို မှတ်သားပေးပါ။ ဒါ့ကြောင့် negative splice value (gainer) ဆိုတာ မရှိနိုင်ပါဘူး။ OTDR က fiber link တစ်လျှောက်က MFD ပြောင်းလဲမှုကို သိရှိနိုင်စွမ်း မရှိသော အဆုံးတစ်ဖက်ကပဲ တိုင်းတာတဲ့ ပစ္စည်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် splice loss ကိုတိုင်းတာတဲ့အခါ negative splice value ကိုပြပြီး အလွယ်တကူလှည့်စားနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ အဆုံးနှစ်ဖက်စလုံးက တိုင်းတာထားတဲ့ splice loss ကို average ယူခြင်းပါပဲ။ ဒါ့ကြောင့် direction တစ်ခုမှာ MFD ဟာ ပိုမိုသေးငယ်တဲ့ တန်ဖိုးကနေ ပိုမိုများပြားတဲ့ တန်ဖိုးတစ်ခုသို့ ရုတ်တရက် ပြောင်းလဲမှုကို အလေးထားကြသလို ပိုမိုများပြားတဲ့ တန်ဖိုးကနေ ပိုမိုသေးငယ်တဲ့ တန်ဖိုးတစ်ခုသို့ ပြောင်းလဲမှု ကိုလည်း အလေးထားကြပါတယ်။
Figure - 2
#UnderstandingOTDRs အပိုင်း (၄-၅)
#UnderstandingOTDRs
အပိုင်း (၄-၅)
OTDR Specifications
   Wavelength
   Connector Type
   External Interfaces
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
WAVELENGTH        
Optical fiber ကို ပုံမှန်အားဖြင့် wavelength bands သုံးမျိုးနဲ့ပဲ အသုံးပြုစမ်းသပ်ကြပါတယ် ၊ 850 nm, 1300 nm နဲ့ 1550 nm တွေပေါ့။ Multimode fiber က 850 nm နဲ့ 1300 nm bands  တွေမှာ အလုပ်လုပ်ပါတယ်။ Singlemode fiber တွေက 1300 nm နဲ့ 1550 nm bands တွေမှာပဲ အလုပ်လုပ်ပါတယ်။
OTDR ရဲ့ measuring wavelength ကို ၄င်းရဲ့ သတ်မှတ်လိုင်းအကျယ် (linewidth) ရှိတဲ့ central wavelength အဖြစ်သတ်မှတ်ကြပါတယ်။ Linewidth ဆိုတာက laser source ရဲ့ central wavelength ပတ်လည်မှာ wavelength ပျံ့နှံ့ခြင်းပဲဖြစ်ပါတယ်။ ဥပမာ။  ။ 1300 nm central wavelength နဲ့ 20 nm linewidth ရှိတဲ့ laser တစ်ခုမှာ 1290 nm (1300-10) ကနေ 1310 nm (1300+10) အထိ wavelengths များပါဝင်ပါလိမ့်မယ်။ Linewidth ကျဉ်းတဲ့ laser တွေက linewidth ကျယ်တဲ့ laser တွေထက် ဈေးပိုကြီးပါတယ်။ Central wavelength တွေကို ပုံမှန်အားဖြင့် သတ်မှတ်အလျော့အတင်း တစ်ခုအတွင်းရှိတယ်လို့လည်း သတ်မှတ်ပါတယ် (ဥပမာ။ ။+/- 30 nm)။ “1310 nm +/- 30nm, linewidth 20nm” specification တစ်ခုအတွက် central wavelength က 1280nm နဲ့ 1340nm အတွင်းနေရာတိုင်းမှာရှိနိုင်ပါတယ် ပြီးတော့ wavelength ပျံ့နှံ့မှုတွေက 1270nm ကနေ 1350nm အတွင်းနေရာတိုင်းမှာရှိနိုင်ပါတယ်။
Fiber ထဲက loss က wavelength နဲ့သက်ဆိုင်တယ်။ Fiber ကို operate လုပ်မယ့် wavelength နဲ့ test လုပ်ဖို့က အရေးကြီးပါတယ်။ Optical transmitter (laser and LED) တွေကို ပုံမှန်အားဖြင့် ၄င်းတို့ရဲ့ wavelength band အလိုက်သတ်မှတ်ကြပါတယ် ဆိုလိုတာက 850, 1300 or 1550 ပေါ့။ ၄င်းတို့ရဲ့ သတ်မှတ် central wavelength နဲ့ linewidth ကိုရှင်းရှင်းလင်းလင်း list လုပ်လေ့မရှိကြပါဘူး။ အချို့ကိစ္စရပ်တွေမှာ wavelength band တစ်ခုရဲ့ end တစ်ဖက် (ဥပမာ 1320 nm) မှာ attenuation test တစ်ခုလုပ်မယ် ပြီးတော့ system ကို၎င်း band ရဲ့ အခြား end တစ်ဖက် (ဥပမာ 1280 nm) မှာ operate လုပ်မယ်ဆိုရင် test signal ကို operating signal ထက် အနည်းငယ်မတူညီတဲ့ ပမာဏနဲ့ attenuate လုပ်ပါလိမ့်မယ်။ Fiber လမ်းကြောင်းအရှည်တွေ (မိုင် ၅၀ကျော်) မှာဆိုရင် ၄င်းက system ရဲ့ receive end ဘက်မှာ မမျှော်လင့်တဲ့ ပြဿနာတွေဆီကို ဦးတည်သွားနိုင်ပါတယ်။
အရှင်းဆုံး wavelength-dependent loss ကို fiber တစ်ခုကို မတူညီတဲ့ wavelength နှစ်ခုနဲ့ တိုင်းထားတဲ့ trace နှစ်ခုကို နှိုင်းယှဉ်တဲ့အခါမှာ မြင်နိုင်ပါတယ်။ Wavelength နှစ်ခုထဲက ပိုရှည်တဲ့ကောင်က တိုတဲ့ကောင်ထက် overall loss ကိုပိုနည်းပြီး ညွှန်ပြပါလိမ့်မယ် ဘာလို့လဲဆိုတော့ ၄င်းက (wavelength ရှည်တာက) lower scattering loss ကိုဖြစ်စေလို့ပါ။ ၄င်းက trace ကို တိမ်တဲ့/နိမ့်တဲ့ slope တစ်ခုအဖြစ်ဖော်ပြပါတယ် (lower loss per unit of length _ dB/Km)။ သို့သော်လည်း ရှည်သော wavelength က bending ကြောင့် fiber ရဲ့ အပြင်ဘက်သို့ (အလင်းကို) ပိုပြီးလွယ်ကူစွာ ပေါက်ထွက်နိုင်ချေရှိပါတယ်။ Wavelength နှစ်ခုနဲ့တိုင်းထားတဲ့ trace နှစ်ခုကို ယှဉ်ခြင်းအားဖြင့် fiber တစ်ချောင်းဟာ bending ကြောင့် ဒဏ်ဖြစ်နေသလားဆိုတာကို လွယ်ကူစွာ ဆုံးဖြတ်နိုင်ပါတယ်။ ကြီးမားတဲ့ bending က splice storage tray တွေထဲမှာ၊ splice closure တွေထဲမှာ၊ cable route တစ်လျှောက်က bend တွေမှာနဲ့ end connector တွေမှာ ဖြစ်ပွါးလေ့ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ ပုံကတော့ wavelength နှစ်ခုမှာ မြင်နိုင်တဲ့ မတူညီမှုတွေကို ဖော်ပြထားပါတယ်။
Figure - 10
Connector Type
 Fiber ကို source or sensor တစ်ခုနဲ့ ချိတ်ဆက်ဖို့အတွက် conncector တစ်ခုကို fiber မှာ တွဲဆက်ရပါမယ်။ ဈေးကွက်မှာ ရရှိနိုင်တဲ့ connector အမျိုးအစားများစွာရှိပါတယ် ဒါပေမယ့် အသုံးအများဆုံး အမျိုးအစားများကတော့ BiconicTM , SMA နဲ့ D4 with LC တို့ပဲဖြစ်ပါတယ်။ Fiber တွေမှာ ၄င်းနဲ့ချိတ်ဆက် ထားတဲ့ male connector တွေအမြဲတမ်းရှိကြပါတယ်။ Test equipment နဲ့ transmission equipment တွေမှာတော့ female connector (ဒါမှမဟုတ် male connector နှစ်ခုကိုတွဲဆက်နိုင်တဲ့ female-female “bulkhead” connector) တွေ အမြဲရှိကြပါတယ်။
 ထည့်သွင်းစဉ်းစားရမယ့် connector လက္ခဏာတွေထဲက အချို့ကတော့ connector ရဲ့ reflectance (အလင်းပြန်မှု) ၊ ထပ်တလဲလဲသုံးနိုင်မှု၊ connection ရဲ့တည်မြဲမှု၊ physical size (အလျားက အရေးပါလေ့ရှိတယ်) နဲ့ material composition တို့ပဲဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့အတွက် design ဆွဲထားတဲ့ connector တွေဟာ reflectance value နည်းပါးပါလိမ့်မယ်။ Keyed connector (tab & slot ဖွဲ့စည်းပုံနဲ့) တွေကို လမ်းကြောင်းတစ်ခုတည်းပဲ ချိတ်ဆက်နိုင်မယ် ဒါ့ကြောင့်လည်း nonkeyed connector တွေထက် ပိုပြီးတော့ ထပ်တလဲလဲသုံးနိုင်ပါတယ်။ Connector တစ်ခုကို သင့်တင့်အောင် ချိတ်ဆက်တဲ့အခါ ၄င်းထဲကိုဖြတ်သန်းတဲ့ အလင်းပမာဏကို ပြောင်းလဲသွားနိုင်လောက်အောင် ၄င်းအနေနဲ့ အလွယ်တကူ မလည်နိုင်အောင် သို့မဟုတ် မရွေ့နိုင်အောင်  ဖြစ်သင့်ပါတယ်။ Connector တစ်ခုရဲ့ အရှည်က ၄င်းအနေနဲ့ patch panel နဲ့ transmission equipment မှ ဘယ်လောက် ပြူထွတ်နေမလဲဆိုတာကို ဆုံးဖြတ်ပါလိမ့်မယ်။ Metallic connector တွေက plastic connector တွေထက် ပိုပြီးတော့ ရှည်ကြာနိုင်မယ် ပြီးတော့ ပိုပြီး stable ဖြစ်မယ်။ FC/PC style connector တစ်စုက အလွန်ကောင်းမွန်တဲ့ လက္ခဏာတွေရှိတယ် ပြီးတော့ singlemode နဲ့ multimode အသုံးပြုမှုအတွက် အကောင်းဆုံးတွေထဲက တစ်ခုပဲဖြစ်ပါတယ်။ ST-style connector ကလည်း အလွန်ကောင်းပါတယ် ပြီးတော့  အခုချိန်မှာ system များစွာက standard connector တွေထဲက တစ်ခုဖြစ်လာပါတယ်။ SC style ကတော့ push-pull type (တွန်း-ဆွဲ ပုံစံ) ဖြစ်ပြီး high fiber density application တွေမှာအသုံးများပါတယ်။
Fiber ပေါ်က connector တွေက အမျိုးအစား မတူရင်တောင်မှ OTDR ပေါ်က actual connector ကတော့ ကောင်းမွန်တဲ့တစ်ခုဖြစ်သင့်ပါတယ်။ သင့်အနေနဲ့ OTDR နဲ့ သင့်ရဲ့ fiber ကို patchcord or “jumper” (အဆုံးနှစ်ဖက်မှာ connector တစ်ခုစီရှိတဲ့ single-fiber cable အတိုတစ်ချောင်း)နဲ့ အမြဲနီးပါး ဆက်သွယ်ရပါလိမ့်မယ်။ (နောက်လာမယ့် Configuring an OTDR အပိုင်းမှာကြည့်ပါ)
External Interfaces
OTDR အများစုက test setup file နဲ့ result data တွေကို transfer လုပ်ဖို့အတွက် USB thumb drives နဲ့ personal computer လိုမျိုး external device တွေနဲ့ ချိတ်ဆက်နိုင်အောင် ပြုလုပ်ထားပါတယ်။
#UnderstandingOTDRs အပိုင်း (၄-၄)
#UnderstandingOTDRs
အပိုင်း (၄-၄)
OTDR Specifications
   Distance Accuracy
   Index Of Refraction (IOR)
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
DISTANCE ACCURACY
********************
OTDR မှာ distance accuracy အတွက် component ၃ သုံးခုရှိပါတယ်။
1) Clock stability
2) Data point spacing
3) Index of Refraction (IOR) uncertainty
Distance measurement accuracy က sensor က ဖတ်ထားတာတွေကို sampling လုပ်ခြင်းကြားက interval နဲ့ ထွက်သွားတဲ့ pulses တွေကို အချိန်ကိုက်ပေးတဲ့ clock circuit ရဲ့ stability (တည်ငြိမ်မှု) နဲ့ accuracy (တိကျမှု) အပေါ်မူတည်ပါတယ်။ Clock accuracy ကို တိုင်းတာထားတဲ့ distance ရဲ့ percentage နဲ့ဆက်နွယ်နေတဲ့ percentage တစ်ခုအအနေနဲ့ ဖော်ပြပါတယ်။ ဥပမာ။။ distance 0.01% accuracy ဆိုတာက distance to fiber end ကို တိုင်းတဲ့အခါ 20 000 feet အနေနဲ့ရလာတဲ့အခါ ဒီတိုင်းတာမှုရဲ့ accuracy က +/-2 feet (20000*0.0001) ဖြစ်တယ်လို့ဆိုလိုတာပါ။ Clock က အရမ်းမြန်နေရင် (သို့) အရမ်းနှေးနေရင် time measurement (ပြီးတော့ distance measurement နဲ့သက်ဆိုင်) က ပုံမှန်တန်ဖိုးထက် ပိုတိုတာ (သို့) ပိုရှည်တာ ဖြစ်သွားပါလိမ့်မယ်။
Spatial resolution ကလည်း accuracy ကိုသက်ရောက်မှုရှိပါတယ်။ OTDR က ၄င်းယူထားတဲ့ actual data point အပေါ်ကိုအခြေခံပြီးပဲ accurate distance measurement ကိုပြုလုပ်နိုင်ပါတယ်။ နေရာချထားတဲ့ data point တွေက နီးကပ်လေလေ ၄င်းတို့ထဲက ဖြစ်နိုင်ခြေများတဲ့ (data point) တစ်ခုက fiber ရဲ့ fault နား (သို့) fault ပေါ်မှာ ကျရောက်သွားဖို့ပိုများလေလေပါပဲ။
OTDR တစ်ခုမှာ distance ကို fiber ထဲက အလင်းရဲ့အလျင် (speed of light) ကနေတွက်ပါတယ် ပြီးတော့ fiber ထဲက အလင်းရဲ့အလျင်ကိုတွက်တဲ့အခါ လေဟာနယ်ထဲက အလင်းရဲ့အလျင် (ကိန်းသေတန်ဖိုး) ကို index of refraction (IOR) နဲ့စားပြီး တွက်ပါတယ်။ ဒါဟာ user-settable IOR (အသုံးပြုသူကသတ်မှတ်နိုင်သော IOR)  ဟာ distance ရဲ့ accurate measurement ပြုလုပ်ရာမှာ အလွန်အရေးပါတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ IOR မှားရင် distance မှားပါလိမ့်မယ်။ သို့သော်လည်း fiber တစ်ခုရဲ့အကွာအဝေး တလျှောက်မှာ IOR အနည်းငယ် ပြောင်းလဲမှု ဖြစ်ပေါ်စေရင်း ၄င်း fiber ရဲ့ဝိသေသလက္ခဏာတွေက ပြောင်းလဲနိုင်ပြီး ဒါ့ကြောင့်လည်း additional distance inaccuracy တွေကို ဖြစ်ပေါ်စေပါတယ်။ ဒီ fiber uncertainty က တူညီတဲ့ fiber ထဲက IOR ပြောင်းလဲမှု နဲ့ splice လုပ်ထားတဲ့ နှစ်ခု (သို့) နှစ်ခုထက်ပိုတဲ့ fiber တွေကြားထဲက IOR ပြောင်းလဲမှုတွေကြောင့် ဖြစ်ကြရပါတယ်။ IOR ပြောင်းလဲမှုအတွက် အဆိုးဆုံး ကိစ္စကတော့ မတူညီတဲ့ manufacturer နှစ်ခုရဲ့ fiber တွေကို အတူတူ splice လုပ်တဲ့အခါမှာပဲ ဖြစ်ပါတယ်။
INDEX OF REFRACTION (IOR)
***************************
 Index of refraction ဆိုတာ လေဟာနယ်ထဲက အလင်းရဲ့အလျင် နဲ့ (သက်ဆိုင်ရာ) fiber တစ်ချောင်းထဲက အလင်းရဲ့အလျင် အချိုး (ratio) ပဲဖြစ်ပါတယ်။ အလင်းက (အာကာသကဲ့သို့) လေဟာနယ်ထဲမှာ အမြန်ဆုံးဖြစ်ခြင်းနဲ့ ပြီးတော့ သိပ်သည်းမှုပိုများတဲ့ ရုပ်ဝတ္ထုတွေ (atmosphere (သို့) glass လိုမျိုး) ထဲမှာ ပိုနှေးနှေးသွားခြင်းကြောင့် IOR ratio က အမြဲတမ်း (တစ်) ထက်ကြီးပါတယ်။ ဖန် (glass) ထဲမှာဆို ၄င်းက ခန့်မှန်းခြေ 1.5 လောက်ရှိပါတယ်။ အလင်းက ၄င်းဖြတ်သန်းသွားတဲ့ material ရဲ့သိပ်သည်းဆအပေါ်မူတည်ပြီးတော့ အလျင် (speed) ပြောင်းလဲနိုင်ပါတယ်။ Fiber ထဲက သိပ်သည်းဆ (density) ကို manufacturing process မှာအသုံးပြုတဲ့ dopants ပမာဏနဲ့အမျိုးအစားအရ ဆုံးဖြတ်ပါတယ် ပြီးတော့ dopants တွေကိုဖြန့်ဝေခြင်းက fiber တစ်လျှောက်လုံးမှာရော ပြီးတော့ fiber နှစ်ခုကြားမှာပါ တိတိကျကျ တူချင်မှတူမှာပါ။ ဒါ့ကြောင် fiber တွေကြားထဲမှာရော fiber တစ်ခုချင်းစီထဲမှာပါ index of refraction ပြောင်းလဲမှုကရှိပါတယ်။ Index of refraction က calibration (စံချိန်ညှိ) factor ဖြစ်ပြီး OTDR ဟာ တိကျတဲ့ distance measurement ကိုပြုလုပ်နိုင်ဖို့ရာ အလင်းဟာ ဘယ်လောက်မြန်မြန် သွားနေလဲဆိုတာ OTDR ကိုပြောပြပါတယ်။
အခြေအနေတော်တော်များများမှာ fiber အမျိုးအစားနဲ့ စမ်းသပ်မယ့် wavelength အတွက် fiber ထုတ်လုပ်သူက ထောက်ခံချက်ပေးထားတဲ့ IOR setting ကိုအသုံးပြုသင့်ပါတယ်။ Table 1 က fiber အမျိုးအစားများစွာအတွက် IOR တန်ဖိုးတွေရဲ့ စာရင်းပဲဖြစ်ပါတယ်။ IOR နဲ့ပတ်သက်ပြီး မေးစရာရှိ ရင် fiber ထုတ်လုပ်သူကိုမေးပါ။ Fiber manufacturing process တွေကိုပြောင်းလဲခြင်းက IOR တန်ဖိုးကို ပြောင်းလဲစေပါတယ်။Table - 1
#UnderstandingOTDRs အပိုင်း (၄-၃)
#UnderstandingOTDRs
အပိုင်း (၄-၃)
OTDR Specifications
 Loss Accuracy
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
Loss Accuracy
*************
OTDR sensor  ရဲ့ loss accuracy ကို optical power meters နဲ့ photodetectors တွေမှာလိုမျိုး တူညီတဲ့နည်းလမ်းနဲ့ တိုင်းတာပါတယ်။ Optical sensor ရဲ့ accuracy က electrical current output က input optical power နဲ့ ဘယ်လောက်နီးနီးကပ်ကပ်သက်ဆိုင်လည်း (ကွာခြားလည်း) ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ Optical sensor အများစုက ၀င်လာတဲ့ optical power ကို သက်ဆိုင်ရာ electrical current level သို့ ၄င်းရဲ့ operating range ကို (အညီအညာ)ဖြတ်ပြီး ပြောင်းလဲပေးပါတယ်။ ဒါပေမယ့် electrical output က အလွန်အမင်းနည်းပါးပါတယ်။ Sensor အားလုံးက အလွန်နည်းတဲ့ electrical output level ကို boost လုပ်ဖို့အတွက် electrical amplifier တွေကိုအသုံးပြုပါတယ် ပြီးတော့ amplifier အားလုံးက distortion ပမာဏအချို့ကို signal မှာဖြစ်ပေါ်စေပါတယ်။ High quality amplifier တွေက high and low level နှစ်ခုလုံးကို တူညီတဲ့ပမာဏနဲ့ boost လုပ်ပေးနိုင်ပါတယ်။ နောက်တစ်မျိုးပြောရရင် သူတို့တွေမှာ operating range အများစုကိုကျော်လွန်ပြီး input တစ်ခုကို တုန့်ပြန်တဲ့ linear response (အစဉ်လိုက်တုန့်ပြန်မှု) တစ်ခုရှိတယ်။ Input level အနိမ့် အမြင့် နှစ်ခုစလုံးမှာ low quality amplifier တွေက amplified signal တွေကို significant distortion (သိသာတဲ့ ဖျက်စီးမှု) တွေဖြစ်ပေါ်စေပါတယ်။ Optical sensor ရဲ့ linearity inherent နဲ့ ၄င်းရဲ့ amplifier က incoming optical power ကို amplified electrical level သို့ပြောင်းလဲရာမှာ ဘယ်လောက်တိကျလဲဆိုတာ ဆုံးဖြတ်ပေးပါလိမ့်မယ်။
 Optical sensor များစွာအတွက် loss accuracy ကို (၄င်းရဲ့ measurement range ငယ်ရင်) (+/-) dB ပမာဏနဲ့ပြပါတယ် (ဥပမာ။  ။ +/- 0.10 dB) ဒါမှမဟုတ် power level ရဲ့ percentage တစ်ခုအနေနဲ့ ဖော်ပြပါတယ် ( ဥပမာ။  ။ 2%)။ OTDR တွေအတွက် accuracy ရဲ့ ပိုမိုကောင်းမွန်တဲ့ ကိုယ်စားပြုမှုတစ်ခုက  linearity ဖြစ်ပြီး +/- dB amount per dB of power (သတ်မှတ်ထားတဲ့ measurement range နဲ့တိုင်းတာထားသော) ဥပမာ။   ။ “+/- 0.10 dB/dB in the 10 to 20 dB range”။ OTDR တွေကို အလွန်ကျယ်ပြန့်တဲ့ measurement range (တချို့က backscatter level 40dB ပမာဏခန့်ရှိ)တွေမှာ ဆီလျော်တဲ့ accuracy တစ်ခုရရှိဖို့ မျှော်လင့်ထားကြတယ် ပြီးတော့ အဲဒါကြောင့်ပဲ sensor ရဲ့  optical input range တစ်ခုလုံးအတွက် ကောင်းမွန်တဲ့ linearity လိုအပ်ပါတယ်။ OTDR မှာ linearity problems တွေက displayed fiber trace မှာ အတက် အဆင်းနဲ့ မညီမညာပုံရိပ်တွေကို ရံဖန်ရံခါမှာ ဖော်ပြပါတယ်။ Linearity specification တွေကို ပုံမှန်အားဖြင့် ဈေးကွက်လက်ကမ်းကြော်ငြာတွေမှာ OTDR တွေအတွက် ဖော်ပြလေ့မရှိ ပါဘူး။
 Fresnel reflection တွေက ပုံမှန်အားဖြင့် sensor ရဲ့ measurement range ကိုကျော်လွန်ပါတယ် ပြီးတော့ linearity specification မှာလည်း မပါဝင်(ထည့်မတွက်ထား)ပါဘူး။ သို့သော်လည်း  reflection တစ်ခုပြီးနောက် recovery လုပ်တဲ့ကာလအတွင်းက trace display ဟာ incoming power level ရဲ့ အလွန်မြင့်မားရာ (reflection) မှ အလွန်နည်းပါးရာ (backscatter)သို့ ပြောင်းလဲမှုကြောင့် ရံဖန်ရံခါမှာ non-linearity လက္ခဏာ တွေကို ပြသပါတယ်။
#UnderstandingOTDRs အပိုင်း (၄-၂)
#UnderstandingOTDRs
အပိုင်း (၄-၂)
OTDR Specifications
   Resolution
 (www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
Resolution
**********
Resolution သတ်မှတ်ချက် နှစ်မျိုးရှိပါတယ်။
• Loss (level)
• Spatial (distance)
Loss resolution က လက်ခံရရှိတဲ့ power level တွေကြား ခွဲခြားသတ်မှတ်တဲ့ sensor ရဲ့ စွမ်းရည်ပဲ ဖြစ်ပါတယ်။ OTDR sensor အများစုက backscatter level ရဲ့ decibel difference 1/100th (0.01) ဒါမှမဟုတ် 1/1000th (0.001) အထိဖော်ပြနိုင်ပါတယ်။ ဒီသတ်မှတ်ချက်က နောက်ပိုင်းမှာ ဆွေးနွေး မယ့် level accuracy နဲ့ရှုပ်ထွေးလို့မရပါဘူး။ Fiber ထဲကို laser pulse အတော်ဝေးဝေးရောက်တဲ့ အခါ သက်ဆိုင်ရာ backscatter signal က တဖြည်းဖြည်းအားနည်းလာပြီး ကပ်လျှက် (သို့) တစ်နေရာထဲရှိတဲ့ measurement point နှစ်ခုကြား backscatter level ကွာခြားမှုက များများလာပါတယ်။ ထို့ကြောင့် trace တစ်ခုကို ဖန်တီးထားတဲ့ data point တွေက fiber တစ်လျှောက် ကွာဝေးသွားလေလေ vertical separation (loss ကိုဆိုလို) က OTDR အနီးအနား မှာထက် ပိုပြီးတော့ များလာလေလေပါပဲ။ ၄င်းက fiber အဆုံးမှာ noisy trace ကိုဖြစ်စေပြီးတော့  ၄င်းကို smooth (ပြေပျစ်ချောမွေ့)စေဖို့ measurement pulse များစွာအတွက် averaing အချို့ကိုလိုအပ်ပါတယ်။ Trace မှာရှိတဲ့ noise တွေက low-loss splice နဲ့ low-loss defect တွေကို အာရုံခံခြင်း ဒါမှမဟုတ် တိုင်းတာခြင်း မပြုနိုင်အောင် ကာကွယ်/တားဆီးပါတယ်။
Spatial resolution က trace တစ်ခုကိုဖန်တီးပေးတဲ့ individual data points တွေကို အချိန် (ပြီးတော့ သက်ဆိုင်ရာအကွာအဝေး) အားဖြင့် ဘယ်လောက်နီးနီးကပ်ကပ် ထားသလဲဆိုတာပဲ ဖြစ်ပါတယ်။ ၄င်းကို အကွာအဝေးသဘောနဲ့ပဲ တိုင်းပါတယ် (high resolution က 0.5cm / 2inch ထက်နည်း)။ OTDR controller က data points တွေကိုယူဖို့ regular time intervals မှာ sensor ကို samples (နမူနာပြု) ပါတယ်။ ၄င်းက sensor ဖတ်ထားတာတွေကို ခပ်စိပ်စိပ်ယူပြီး data point တွေကို နီးနီးကပ်ကပ် နေရာချထားပေးရင် OTDR က နီးနီးကပ်ကပ်ရှိနေတဲ့ event တွေကို အာရုံခံနိုင်ပါတယ်။ Spatial resolution က fiber အဆုံးကိုနေရာသတ်မှတ်ပေးတဲ့ OTDR စွမ်းရည်ကို သက်ရောက်မှုရှိပါတယ် ( 8 meters တိုင်းမှာ data points ကောက်နေရင် fiber အဆုံးကို +/- 8 meter အတွင်းမှာပဲ နေရာသတ်မှတ်နိုင်လိမ့်မယ်။) Distance accuracy အပိုင်း တွင် ဆက်ကြည့်ပါ။
 Figure - 9
မင်းအနေနဲ့ fiber trace တစ်ခုပေါ်က နှစ်သက်ရာ data points နှစ်ခုကြားမှာ distance (and loss) ကို select and measure ပြုလုပ်နိုင်ပါတယ်။ နီးနီးကပ်ကပ် (select) ထားတဲ့ points တွေက fiber နဲ့ပတ်သက်ပြီး ပိုပြီးအသေးစိတ်ကျကျ ဖော်ပြပေးပါလိမ့်မယ်။ OTDR က fiber trace ကို data points တွေဆက်ထားတဲ့ မျဉ်းကြောင်း (line) တစ်ကြောင်းအနေနဲ့ဖော်ပြပြီး cursor ကို points တွေကြားနဲ့ points တွေပေါ်မှာ ထားခွင့်ပြုထားပါတယ်။ ဒီ information တွေကို ပေါင်းစပ်ဖန်တီးခြင်းက actual spatial (or data point) resolution ထက် ပိုကောင်းတဲ့ display resolution ကိုဖြစ်စေပါတယ်။ Cursor ကို အကွာအဝေးနည်းနည်းချင်းရွှေ့နိုင်ဖို့ တိုင်းထားတဲ့ point နှစ်ခုကြားက အကွာအဝေးကို screen ပေါ်မှာ ဖြန့်ထားခြင်း (ဆွဲကြည့်ခြင်း) ဖြင့် centimeter resolution ကို အလွယ်တကူ ရရှိနိုင်ပါတယ်။ ဒါဟာ OTDR က high resolution measurement လုပ်နေတာမဟုတ်ပါဘူး။ High resolution display တစ်ခုသက်သက်သာပါ။
 သတ်မှတ်နေရာတွေမှာ Dead zone ကြောင့် spatial resolution ကို လျော့ကျစေပါတယ်။ Fiber attenuation ရဲ့ မှန်ကန်တဲ့တိုင်းတာမှုတွေကို backscatter level မှ backscatter level ကိုပဲ ပြုလုပ်ပါတယ်။ Fresnel reflection တစ်ခုကြောင့် sensor က saturation ဖြစ်နေချိန်မှာ ရယူထားတဲ့ data point တွေကို  loss measurement ပြုလုပ်ဖို့အတွက် အသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုအချိန်မှာ sensor က accurate level measurement ကို မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် Fresnel reflection တစ်ဝိုက်က spatial resolution က ပို၍ဆိုးဝါး (lower resolution ဖြစ်) ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုံးလို့ရတဲ့ point တွေက splice တစ်ဝိုက်က dead zone မတိုင်ခင်နဲ့ dead zone ပြီးမှပဲ ဖြစ်ပွါးလို့ပါပဲ။
#UnderstandingOTDRs အပိုင်း (၄-၁)
#UnderstandingOTDRs
အပိုင်း (၄-၁)
(www.anritsu.com မှ Understanding OTDRs စာအုပ်ကို ဘာသာပြန်သည်။)
OTDR Specifications
    Dynamic Range
    Dead Zone
    Resolution
    Loss Accuracy
    Distance Accuracy
    Index of Refraction
   Wavelength
   Connector Type
   External Interfaces
(မှတ်ချက်။  ။ Resolution မှစ၍ ကျန်အကြောင်းအရာများကို နောက်အပိုင်းမှ ထပ်မံဖော်ပြပါမည်။)
OTDR Specifications
DYANMIC RANGE
 OTDR တစ်ခုရဲ့ dynamic range က fiber ဘယ်လောက်အရှည်ကိုတိုင်းတာနိုင်လဲဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ dB တန်ဖိုးနဲ့ဖော်ပြပေးပြီး တန်ဖိုးကြီးလေ အကွာအဝေးများများကို တိုင်းတာနိုင်လေပါပဲ။ တိုင်းတာမယ့် pulse တစ်ခုက တိုင်းတာမယ့် fiber အဆုံးထိရောင်အောင် အားပြင်းဖို့လိုပြီး sensor ကလည်း ရှည်လျားတဲ့ fiber ရဲ့အဆုံးကနေ ပြန်လာတဲ့ အားအနည်းဆုံး backscatter signal တွေကိုလည်း တိုင်းတာနိုင်လောက်အောင် ကောင်းနေဖို့လိုပါတယ်။ Laser source ရဲ့ total pulse power နဲ့ sensor ရဲ့ sensitivity (အာရုံခံနိုင်စွမ်း) တို့ရဲ့ ပေါင်းစပ်မှုက  dynamic range ကိုအဆုံးအဖြတ်ပေးပါတယ်။ အလွန်အားပြင်းတဲ့ source တစ်ခုနဲ့ အာရုံခံအားကောင်းတဲ့ sensor တို့က ကြီးမားတဲ့ dynamic range ကိုပေးပါတယ်။ အားနည်းတဲ့ source တစ်ခုနဲ့ ပုံမှန် sensor တစ်ခုက သေးငယ်တဲ့ dynamic range ကိုပေးပါတယ်။ OTDR တစ်ခုအတွက် fiber ရဲ့ အနီးဆုံးအဆုံးက backscatter level နဲ့ fiber ရဲ့ အဆုံး (သို့) အဆုံးကျော်ကျော်က noise floor ရဲ့ upper level ကြား ခြားနားမှုကို dynamic range လို့သတ်မှတ်ပါတယ်။ လုံလောက်တဲ့ dynamic range တစ်ခုက fiber ရဲ့ အဝေးဆုံးအဆုံးက backscatter level ကို ကြည်လင်ပြတ်သားစွာဖော်ပြပေးပါတယ်။ မလုံလောက်တဲ့ dynamic range က အဆုံးတစ်ဖက်မှာ trace ကိုပါ noise ဖြစ်စေပါတယ်။ (Trace backscatter level ကိုဖော်ပြတဲ့ data points တွေက ချောမွေ့(smooth) တဲ့ မျဉ်းကြောင်းတစ်ခုအဖြစ် မဖွဲ့စည်းတဲ့အပြင် တစ်ခုနဲ့တစ်ခုက အတက်အဆင်း (up and down) တွေဖြစ်နေလိမ့်မယ်။) Noisy trace တစ်ခုကို အသေးစိတ်အချက်အလက်တွေ ခွဲခြားဖို့ အလွန်ခက်ခဲပါတယ်။(Data points ပြောင်းလဲမှုတွေက splice loss တန်ဖိုးထက်တောင်ပိုများနိုင်ပါတယ်။)
 Figure - 6
Laser source တစ်ခုရဲ့ total pulse output power တိုးမြှင့်ခြင်းကို နည်းလမ်း နှစ်မျိုးနဲ့ပြီးမြောက်အောင်လုပ်နိုင်ပါတယ်။
• ထုတ်လွှတ်တဲ့အလင်းရဲ့ပမာဏကို တိုးမြှင့်ခြင်း
• Pulse duration (Pulse width) ကိုတိုးမြှင့်ခြင်း              
ဒီနည်းလမ်းနှစ်ခုလုံးက ကန့်သတ်ချက်တွေရှိကြတယ်။
 Laser diode တစ်ခုက ပင်ကိုယ်မြင့်မားတဲ့ output level တစ်ခုရှိပြီး ၄င်းထက်ကျော်လွန်လို့မရပါဘူး။ Output level များလေ ပစ္စည်းရဲ့သက်တမ်းတိုလေပါပဲ။ (Laser မြန်မြန်လောင်ကျွမ်းသွားနိုင်ပါတယ်။)
 Pulse width ကိုတိုးလိုက်တဲ့အခါ dead zone ကဲ့သို့သောအခြားလုပ်ဆောင်ချက်တွေကိုပါ သက်ရောက်စေပါတယ်။ Pulse width ရှည်လေ dead zone ကျယ်လေပါပဲ။
 Sensor တွေက low light level ကိုတိုင်းဖို့အတွက် သူတို့စွမ်းဆောင်ရည်မှာ ပင်ကိုယ်ကန့်သတ်ချက်တွေရှိတယ်။ အချို့ point တွေမှာ sensor ကထုတ်လွှတ်တဲ့ electrical level (sensor က တွေ့ရှိထားတဲ့ optical power level နဲ့သက်ဆိုင်) တွေက circuit ပတ်လမ်းထဲမှာ electrical noise အဖြစ်ဆုံးရှုံးမှုတွေဖြစ်စေပြီး controller က noise နဲ့ sensor တိုင်းတာမှုကြား ခွဲခြားမမြင်နိုင်ဘူး။ OTDR ထဲက လျှပ်စစ်အကာအကွယ်တွေက ၄င်းကိရိယာထဲရှိ electrical noise  တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လျှော့ချဖို့အတွက် အရမ်းအရေးပါတယ်။ ဒါ့အပြင် sensor က ၄င်းရဲ့ အမြင့်ဆုံးအာရုံခံမှုနဲ့ လည်ပတ်နေတဲ့အခါ level တိကျမှုတွေက လျော့နည်းလာပါတယ်။ Lower light level မှာ ပိုပြီးတိကျစေရန် ထောင်ပေါင်းများစွာသော pulse တွေရဲ့တိုင်းတာမှုတွေကို ပေါင်းစပ်ဖို့ OTDR က averaging နည်းပညာကို အသုံးပြုရပါတယ်။ Averaging ကိုအသုံးပြုမှုက sensor ရဲ့အာရုံခံမှု(sensitivity) ကိုတိုးတက်စေတဲ့အတွက် OTDR ရဲ့ dynamic range ကိုလည်းတိုးစေပါတယ်။
 Dynamic range ကိုတွက်ချက်ဖို့အတွက်နည်းလမ်းများစွာရှိပါတယ်။ အထက်မှာ ဖော်ပြ ထားတဲ့ “ 98% Noise Level” နည်းလမ်းကို စံပြအဖွဲ့အစည်းများစွာက ထောက်ခံအသိ အမှတ်ပြုထားပါတယ်။ ၄င်းက ကိရိယာထဲက noise level နဲ့ backscatter level တို့ စတင်ရောနှောတဲ့ အမှတ်နေရာကိုဖော်ပြပါတယ်။ အခြားအသုံးများတဲ့နည်းလမ်းတစ်ခုကတော့ “SNR=1” (Signal-To-Noise-Ratio) ဖြစ်ပြီး 98% နည်းလမ်းနဲ့ အသွင်တူပါတယ်။ ဒါပေမယ့် Dynamic Range value ကို 2dB ပမာဏလောက်ပိုထုတ်ပေးပါတယ်။ SNR=1 နည်းလမ်းက trace ရဲ့ backscatter level က ကိရိယာ ရဲ့ internal noise level ထက်ပိုနိမ့်ကျသွားတဲ့အမှတ်ကို ညွှန်ပြပေးပါတယ်။ ဆိုလိုတာက fiber ရဲ့အဆုံး traceမှာ အသေးစိတ်အချက်အလက်တွေကို ပြတ်ပြတ်သားသား မခွဲခြားနိုင်ပါဘူး။ တတိယနည်းလမ်းကတော့ “Fresnel Detection” ဖြစ်ပြီး ၄င်းက dynamic range တန်ဖိုး 10dB နဲ့အထက်ကိုပိုတိုးနိုင်ပါတယ်။ Fiber ရဲ့အဆုံးက Fresnel reflection  ရဲ့အမြင့်ဆုံးအမှတ်ကို noise level ရဲ့အထက်နားမှာတွေ့နိုင်တဲ့ အမှတ်ကို Fresnel Detection က တိုင်းတာပါတယ်။ ဒီနည်းလမ်းက အမြင့်ဆုံးတန်ဖိုးတွေကို ထုတ်လုပ်ပေးသော်လည်းပဲ OTDR ကိုပုံမှန်အသုံးပြုပုံနဲ့မသက်ဆိုင်တဲ့အတွက် အမြင်မှားစေနိုင်ပါတယ်။
DEAD ZONE
 Fresnel reflection နောက်ကလိုက်တဲ့ fiber trace ပေါ်ကနေရာလေးကို Dead zone လို့ခေါ်ပါတယ် အဲ့နေရာမှာ Reflection level များတဲ့ Fresnel Reflection က backscatter level နည်းနည်းကို ဖုံးအုပ်သွားပါတယ်။
 OTDR ရဲ့ sensor ကို fiber မှပြန်လာတဲ့အလွန်နည်းပါးတဲ့ backscatter level ကိုပါ တိုင်းတာနိုင်အောင် ထုတ်လုပ်ထားပြီး များပြားလှတဲ့ Fresnel reflection က ၄င်းကိုရိုက်ခတ်တဲ့အခါ ၄င်းက blind (အာရုံခံမရ) ဖြစ်သွားပါတယ်။ အနည်းဆုံး အဲဒီ blind ဖြစ်တဲ့ကာလက pulse duration နဲ့ထပ်တူကြာပါတယ်။ Sensor က high level reflection ကိုရရှိတဲ့အခါ ၄င်းက saturated ဖြစ်သွားပြီး reflective enent တစ်ခုနောက်က ကပ်လိုက်လာနိုင်တဲ့ lower backscatter level ကို မတိုင်းတာနိုင်ပါဘူး။ Dead Zone မှာ sensor ရဲ့ အကောင်းဆုံးအခြေအနေ (maximum sensitivity) ကိုပြန်ချိန်ညှိဖို့အတွက် duration of reflection နဲ့ recovery time ပါပါဝင်သည်။ အရည်အသွေးမြင့်မားတဲ့ sensor တွေက ဈေးပေါတဲ့ sensor တွေထက် recover လုပ်ချိန်ပိုမြန်ပြီးတော့ ၄င်းက dead zone ကိုပိုတိုစေပါတယ်။
 Dead zone သက်ရောက်မှုကို ကြယ်ရောင်တောက်တဲ့ညကို ကြည့်နေရသလို ယူဆပြီး ဖော်ပြ နိုင်ပါတယ် (အနားမှာ တခြားအလင်းရောင်တွေမရှိတဲ့အခြေအနေ) ။ မင်းမျက်လုံးက အာရုံခံနိုင်လာပြီး တော့ ကြယ်ကနေလွှတ်တဲ့ အလင်းရောင်ဖျော့ဖျော့လေး (backscatter ဖြစ်စဉ်လိုမျိုး) ကို မြင်နိုင်ပါ တယ် ။ တစ်စုံတစ်ယောက်က မင်းမျက်လုံးကို ဓါတ်မီးနဲ့ထိုးလိုက်ရင် စူးရှတဲ့အလင်းရောင် (Fresnel reflection လိုမျိုး) က မင်းမျက်လုံးကို (blindness) ကွယ်စေပြီး ကြယ်တွေကိုမမြင်နိုင်ဖြစ်စေပါတယ်။ အလင်းရောင်စူးစူးက မင်းမျက်လုံးထဲရှိနေသ၍ မင်းဘာကိုမှမြင်နိုင်မှာမဟုတ်ပါဘူး (Pulse duration) ။ အလင်းကိုဖယ်လိုက်တဲ့အခါ မင်းမျက်လုံးက အမှောင်ကိုတဖြည်းဖြည်း ပြန်လည်ချိန်ညှိပြီး  ပိုပြီးတော့ အာရုံခံနိုင်လာကာ အလင်းအားနည်းတဲ့ ကြယ်တွေကိုပြန်ပြီးတော့ မြင်နိုင်လာပါတယ်။ OTDR က ဒီဥပမာထဲက ကျွန်တော်တို့မျက်လုံးလို အလွန်ဆင်တူုစွာ လုပ်ဆောင်ပါတယ်။ Blindness နဲ့ backscatter sensitivity ကိုအာရုံခံတဲ့ကာလကို dead zone လို့ခေါ်ပါတယ်။
 Dead zone က pulse width နဲ့တိုက်ရိုက်သက်ဆိုင်တဲ့အတွက် pulse width ကိုနည်းလိုက်ခြင်းဖြင့် ၄င်းကိုလျှော့ချနိုင်သည်။ ဒါပေမယ့် pulse width ကိုနည်းလိုက်တာက dynamic range ကိုလည်းလျော့ကျစေပါတယ်။ OTDR design တစ်ခုက ဒီအချက်နှစ်ခုကြား ညှိနှိုင်းမှုတစ်ခုလုပ်ရပါမယ်။ အဲလိုမှမဟုတ်ရင် OTDR အသုံးပြုသူက နီးနီးကပ်ကပ်ရှိနေတဲ့ events တွေကိုမြင်ရဖို့ ပိုအရေးကြီးလား ဒါမှမဟုတ် fiber ကိုအဆုံးထိမြင်ရဖို့ကပိုအရေးကြီးသလား ဆိုတာပေါ်မူတည်ပြီးတော့ pulse width ကိုရွေးချယ်ပေးရပါမယ်။ အကောင်းဆုံး design က dynamic range များများနဲ့ pulse width တိုတိုကို ပေးပါတယ်။ Dynamic range per pulse width က ဘယ်လောက်အကွာအဝေးမှာ နီးနီးကပ်ကပ်ရှိနေတဲ့ events နှစ်ခုကို ကိုယ်ခွဲခြားနိုင်လည်းဆိုတာ ကိုဆုံးဖြတ်ပေးပါတယ်။ Pulse width နဲ့ averaing time (real time နဲ့ဖြစ်ဖြစ်) အတူတူထားပြီး တိုင်းလိုက်တဲ့ trace နှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ OTDR နှစ်ခုကြား ရွေးခြယ်မှုကောင်းကောင်းပြုလုပ် နိုင်ပါတယ်။ Trace ကြည့်ရာမှာ cleaner ဖြစ်တဲ့  (noise မများတဲ့) ပစ္စည်းက desing ပိုကောင်းပါတယ်။
Importance of Dead Zone
Dead zone က fiber connector နဲ့ အချို့ပြစ်ချက် (အက်ကြောင်း ကဲ့သို့သော) ရှိတဲ့နေရာတိုင်းမှာ ဖြစ်ပါတယ်။ Fiber တိုင်းမှာ အနည်းဆုံး dead zone တစ်ခုရှိပါတယ် (OTDR နဲ့ဆက်သွယ်ထား သောနေရာ)။ အဲ့ဒါ ဘာကိုဆိုလိုတာလဲဆိုတော့ တိုင်းတာမယ့် fiber ရဲ့အစကနေပြီးတော့ တိုင်းတာ လို့မရနိုင်တဲ့ နေရာလွတ်တစ်ခုရှိတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အဲဒီနေရာလွတ်က Laser source ရဲ့ pulse width နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ OTDR မှာ ပုံမှန် pulse width က 3ns (nanoseconds) ကနေ 20 000 ns အထိရှိပါတယ်။ အကွာအဝေးအနေနဲ့ဆို 2 feet (0.6 meters) ကနေ 1 mile ကျော်လောက်အထိ ရှည်ပါတယ်။ တကယ်လို့ မင်းအနေနဲ့ fiber တိုတိုလေး ကို တိုင်းရမယ် ဒါမှမဟုတ် နီးနီးကပ်ကပ်ရှိနေတဲ့ splice နှစ်ခု (ပေ ၁၀၀ အောက်) ကို တိုင်းဖို့လိုလာပြီဆို  မင်းတိုင်းတာချင်တဲ့ point အထိရောက်အောင် ရနိုင်သမျှအတိုဆုံး pulse width ကို ရွေးချယ်ဖို့လို ပါတယ်။
Dead zone တွေကို event dead zone နဲ့ attenuation dead zone ဆိုပြီး ခွဲခြားထားပါတယ်။ Event dead zone ဆိုတာက Fresnel reflection တစ်ခုအပြီး နောက်ထပ် Fresnel reflection တစ်ခုကို အာရုံမခံနိုင်ခင် အကွာအဝေးကို ခေါ်ပါတယ်။ အဲဒါက reflection တစ်ခုပြီးနောက် (များသောအားဖြင့် OTDR ကိုတပ်တဲ့ conntector မှ) ဘယ်လောက်ကြာကြာမှာ ပြတ်နေတဲ့ ဒါမှမဟုတ် splice တစ်ခုမှ နောက်ထပ် reflection တစ်ခုကို အာရုံခံနိုင်တယ် ဆိုတာကို ပြောပါတယ်။ နီးနီးကပ်ကပ် ရှိနေတဲ့ မတူညီသော splice နှစ်ခု (ကြိုးပြတ်လို့ ပြန်ဆက်ထားတဲ့ အခြေအနေမျိုး) ကို ခွဲခြားဖို့ရာ မင်းကြိုးစားနေရင် အဲ့ဒါက အလွန်အရေးကြီးပါတယ်။ တိုတောင်းတဲ့ event dead zone ဆိုတာက ပထမ splice တစ်ခုအပြီး ဒုတိယ splice တစ်ခုကို မြင်နိုင်တာကို ဆိုလိုပါတယ်။
Figure - 7
Attenuation dead zone ဆိုတာက Fresnel reflection တစ်ခုအပြီး backscatter level ကို အာရုံခံနိုင်တဲ့အထိ အကွာအဝေးကို ခေါ်တာဖြစ်ပါတယ်။ ဒါက reflection တစ်ခုအပြီး ဘယ်လောက်အကြာမှာ ဒုတိယ event တစ်ခု (splice ဒါမှမဟုတ် fiber ပြစ်ချက်) ကို တိုင်းနိုင် မလဲဆိုတာကို ပြောပါတယ်။ Fiber ကို loss တိုင်းတာမှု ပြုလုပ်ဖို့အတွက် splice တစ်ခုရဲ့ နှစ်ဖက်စလုံးက backscatter ကို မြင်နိုင်ရပါမယ်။ ဆိုလိုတာက trace က reflection ရဲ့ ထိပ်ဆုံးအမှတ်ကနေ backscatter level အထိ ဆင်းကျလာရပါမယ်။ Detector (အာရုံခံပစ္စည်း) က backscatter level အထိ full recovery ပြန်လုပ်ရမယ့်အတွက် attenuation dead zone က event dead zone ထက် အမြဲတမ်း ပိုရှည်ပါတယ်။
Figure - 8
Link losses တွက်ချက်ခြင်း
Link losses တွက်ချက်ခြင်း
Total link loss = (n*C)+(c*J)+(L*a)+M
n= no; of connectors
C= attenuation of a connector (dB)
      (connector တစ်ခုကို 0.5 dB)
c= no; of splice
J= attenuation for one splice (dB)
    (splice တစ်ခုကို 0.05 dB)
L= length of fiber cable
a=attenuation per km (dB/km)
   (singlemode 1550nm ဆို 0.25dB/km
    singlemode 1310nm ဆို 0.35dB/km
    multimode 1300nmဆို 0.8dB/km
   multimode 850nm ဆို 2.5dB/km)ု
M=safety(system) margin (dB)
      (Cable လမ်းကြောင်း ကောင်းမကောင်းပေါ်မူတည်ပြီး
3dBမှ 10dBအထိ ထည့်ပေါင်းလေ့ရှိသည်။တချို့ ထည့်မပေါင်းကြပါ။)
ဥပမာ။      ။ 40 km ရှည်ပြီး joint 9 ခုရှိတဲ့ link တစ်ခုကို
တွက်ချက်ကြည့်ကြစို့ ။(Singlemode 1550nm)
Total link loss=(2×0.5)+(9×0.05)+(40×0.25)+3
                         = 1+0.45+10+3
                         = 14.45 dB
မှတ်ချက်။      ။တန်ဖိုးသတ်မှတ်ချက်အမျိုးမျိုးရှိသော်လည်း သဘောတရားမှာ အတူတူဖြစ်ပါကြောင်း